ခ်ယ္ဆီးမွာ နည္းျပ လမ္းပတ္နဲ႕ ကြင္းလယ္ ကန္ေတၾကား ဆက္ဆံေရး အက္ေၾကာင္း ရွိေနတယ္ သတင္းထြက္ေပၚ

ခ်ယ္ဆီးအသင္းမွာ နည္းျပလမ္းပတ္ နဲ႔ ကြင္းလယ္လူ အန္ဂိုလိုကန္ေတတို႔ၾကားမွာ ဆက္ဆံေရး အဆင္မေျပမႈဘဲ အက္ေၾကာင္းေတြ ရွိေနတယ္လို႔ သတင္းေတြထြက္လာခဲ့ၿပီး ျပင္သစ္ကြင္းလယ္လူဟာ ရီးရဲလ္မက္ဒရစ္ကိုေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီလို႔ ျပင္သစ္သတင္းဌာန Le Parisien က ေဖာ္ျပသြားခဲ့ပါတယ္။

ကန္ေတဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ရွိေနပါေသးတယ္။ ဒီတေလာ ျပသနာကေတာ့ ကန္ေတဟာ သူငယ္ခ်င္းျဖစ္သူရဲ႕ မဂၤလာပြဲကိုသြားေရာက္ဖို႔အတြက္ လမ္းပတ္ကို ခြင့္ေတာင္း ခဲ့ေပမယ့္ လည္း ခြင့္မျပဳေပးခဲ့ဘူးလို႔ သိရပါတယ္။ ဒီဆုံးျဖတ္ခ်က္အေပၚမွာ ကန္ေတက လက္မခံႏိုင္ျဖစ္ေနၿပီး သူ႔အေပၚကို လမ္းပတ္က ခြဲျခားဆက္ဆံေနတယ္လို႔ ခံစားေနရၿပီး အသင္းကေန ထြက္ခြာဖို႔အတြက္ စဥ္းစားခဲ့တာလို႔ ျပင္သစ္သတင္းဌာနက အခိုင္အမာေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ခ်င္ေနၿပီလို႔ သိရၿပီး ရီးရဲလ္မက္ဒရစ္ကေတာ့ သူ႔ကို စိတ္ဝင္စားတဲ့ အရိပ္အေယာင္ျပသျခင္းမရွိေသးပါဘူး။ ရီးရဲလ္ နည္းျပဇီဒန္းက ကန္ေတထက္ ယူႏုိက္တက္ ကြင္းလယ္လူေပါ့ဂ္ဘာကို ပိုမိုအလိုရွိေနၿပီး ေပါ့ဘာကလည္း ၿပီးခဲ့တဲ့တစ္ပတ္အတြင္းက ရီးရဲလ္မွာ ကစားဖို႔ အိပ္မက္ရွိတယ္လို႔ ဖြင့္ဟထားခဲ့ပါတယ္။

ျပင္သစ္သား ကြင္းလယ္သမား ကန္ေတဟာ ခ်ယ္ဆီးနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ အသင္းကေန အလြယ္တကူ ထြက္ခြာႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးက သူတို႔ရဲ႕ ကြင္းလယ္လူကို ေစ်းေပါေပါနဲ႔ လက္လႊတ္ခံမွာမဟုတ္ဘဲ စာခ်ဳပ္သက္တမ္းက်န္ရွိတဲ့ အခ်ိန္ေပၚမူတည္ကာ ေျပာင္းေ႐ႊ႕ေၾကးကို ျမင့္ျမင့္မားမား သတ္မွတ္သြားဖို႔ ရွိေနတယ္လို႔လည္း ျပင္သစ္ သတင္းဌာနက သံုးသပ္ ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္သတင္းေတြ ဘက္ကေတာ့ ကန္ေတနဲ႕ လမ္းပတ္တို႔ အဆင္မေျပတဲ့ သတင္းက မမွန္ေၾကာင္း ျပန္လည္ ျငင္းဆိုထားတာလည္း ထြက္ေပၚေနပါတယ္။ ျပီးခဲ့တဲ့ေႏြ ေစ်းကြက္မွာေတာ့ လမ္းပတ္နဲ႕ ခ်ယ္ဆီး တာ၀န္ရွိသူေတြဟာ ကန္ေတကို ေရာင္းခ်ဖို႔ ၾကိဳးစားျပီး ၀က္စ္ဟမ္းမွ ဒီကလန္ရိုက္စ္ကို ေခၚယူဖို႔ ၾကံရြယ္ခဲ့ပါတယ္။ ဒါေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ျပင္သစ္သားက စတန္းဖို႔ဘရစ္ခ်္မွာ ဆက္ရွိေနခဲ့တာ ျဖစ္ပါတယ္။

Unicode

ချယ်ဆီးအသင်းမှာ နည်းပြလမ်းပတ် နဲ့ ကွင်းလယ်လူ အန်ဂိုလိုကန်တေတို့ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုဘဲ အက်ကြောင်းတွေ ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပြီး ပြင်သစ်ကွင်းလယ်လူဟာ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ ပြင်သစ်သတင်းဌာန Le Parisien က ဖော်ပြသွားခဲ့ပါတယ်။

ကန်တေဟာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေပါသေးတယ်။ ဒီတလော ပြသနာကတော့ ကန်တေဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲကိုသွားရောက်ဖို့အတွက် လမ်းပတ်ကို ခွင့်တောင်း ခဲ့ပေမယ့် လည်း ခွင့်မပြုပေးခဲ့ဘူးလို့ သိရပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ်မှာ ကန်တေက လက်မခံနိုင်ဖြစ်နေပြီး သူ့အပေါ်ကို လမ်းပတ်က ခွဲခြားဆက်ဆံနေတယ်လို့ ခံစားနေရပြီး အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားခဲ့တာလို့ ပြင်သစ်သတင်းဌာနက အခိုင်အမာဖော်ပြခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဘာနေဗျူးကို ပြောင်းရွှေ့ချင်နေပြီလို့ သိရပြီး ရီးရဲလ်မက်ဒရစ်ကတော့ သူ့ကို စိတ်ဝင်စားတဲ့ အရိပ်အယောင်ပြသခြင်းမရှိသေးပါဘူး။ ရီးရဲလ် နည်းပြဇီဒန်းက ကန်တေထက် ယူနိုက်တက် ကွင်းလယ်လူပေါ့ဂ်ဘာကို ပိုမိုအလိုရှိနေပြီး ပေါ့ဘာကလည်း ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ရီးရဲလ်မှာ ကစားဖို့ အိပ်မက်ရှိတယ်လို့ ဖွင့်ဟထားခဲ့ပါတယ်။

ပြင်သစ်သား ကွင်းလယ်သမား ကန်တေဟာ ချယ်ဆီးနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ အလွယ်တကူ ထွက်ခွာနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် ချယ်ဆီးက သူတို့ရဲ့ကွင်းလယ်လူကို ဈေးပေါပေါနဲ့ လက်လွှတ်ခံမှာမဟုတ်ဘဲ စာချုပ်သက်တမ်းကျန်ရှိတဲ့ အချိန်ပေါ်မူတည်ကာ ပြောင်းရွှေ့ကြေးကိုမြင့်မြင့်မားမားသတ်မှတ်သွားဖို့ ရှိနေတယ်လို့လည်း ပြင်သစ် သတင်းဌာနက သုံးသပ် ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်သတင်းတွေ ဘက်ကတော့ ကန်တေနဲ့ လမ်းပတ်တို့ အဆင်မပြေတဲ့ သတင်းက မမှန်ကြောင်း ပြန်လည် ငြင်းဆိုထားတာလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့နွေ ဈေးကွက်မှာတော့ လမ်းပတ်နဲ့ ချယ်ဆီး တာဝန်ရှိသူတွေဟာ ကန်တေကို ရောင်းချဖို့ ကြိုးစားပြီး ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြံရွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘဲ ပြင်သစ်သားက စတန်းဖို့ဘရစ်ချ်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။