အဖ်ား ရွိေနတဲ့ တီမို၀ါနာ တူရကီနဲ႕ ပြဲ လြဲေခ်ာ္ကာ ေစာင့္ၾကည့္ရဖြယ္ ရွိ

ခ်ယ္ဆီးတိုက္စစ္မႉး တီမို ဝါနာဟာ အေအးမိေနတဲ့ လကၡဏာေတြ ျပသခဲ့တာေၾကာင့္ တူရကီနဲ႔ ေျခစမ္းပြဲစဥ္ကို လြဲေခ်ာ္သြားမယ္လို႔ သိရပါတယ္။ သာမန္ အေအးမိတယ္လို႔ ဂ်ာမနီအသင္းဘက္က ဆိုထားျပီး ကိုဗစ္ကာလ ျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ ၾကပ္မတ္ခံရဖို႔ ရွိေနပါတယ္။

ဂ်ာမနီ လက္ေရြးစင္ အသင္း နည္းျပ ဂ်ိဳအာခ်င္လိုရဲ႕ လက္ေထာက္နည္းျပ မားကပ္စ္ ေဆာ့ခ်္က “တီမိုဝါနာဟာ သာမန္ အေအးမိေဝဒနာ ခံစားခဲ့ရၿပီး ဒီေန႔ အသင္းနဲ႔ ပူးေပါင္းသြားမွာ မဟုတ္ပါဘူး”လို႔ ေျပာခဲ့ပါတယ္။

ဝါနာဟာ ခရစၥတယ္ပဲေလ့စ္ကို ၄ဂိုးျပတ္ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ မိနစ္၉၀ျပည့္ ပါဝင္ကစားေပးသြားခဲ့ပါတယ္။ ဒါေပမဲ့ တူရကီနဲ႔ ေျခစမ္းပြဲ၊ ယူကရိန္း၊ ဆြစ္ဇာလန္တို႔နဲ႔ ေနးရွင္းလိဂ္ ပြဲစဥ္ေတြအတြက္ ဂ်ာမနီလူစာရင္းမွာ ပူးေပါင္းျခင္း မရွိေသးတာပါ။

ေဆာ့ခ်္ကေတာ့ အသင္းဟာ ဝါနာနဲ႔ အဆက္အသြယ္ ရွိေနၿပီး လက္က်န္ ပြဲစဥ္ေတြမွာ ပူးေပါင္းဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။ ေနာက္ခံလူ ႐ူဒီဂါဟာ အျခား ကစားသမားေတြထက္ ၁ရက္ေနာက္က်ၿပီး အသင္းဟိုတယ္ကို ေရာက္လာခဲ့ပါတယ္။

႐ူဒီဂါဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္ ေကာလာဟလေတြေၾကာင့္ ေနာက္က်ခဲ့တယ္ ထင္ရေပမဲ့ ဘယ္အသင္းကိုမွေတာ့ မေျပာင္းျဖစ္ခဲ့ပါဘူး။ လိုကေတာ့ တူရကီနဲ႔ ပြဲစဥ္ အတြက္ ကိုင္ဟာဗက္ဇ္နဲ႔ ႐ူဒီဂါတို႔ကို ထည့္သြင္းကစားမယ္လို႔ အတည္ျပဳထားခဲ့ပါတယ္။

Unicode

ချယ်ဆီးတိုက်စစ်မှူး တီမို ဝါနာဟာ အအေးမိနေတဲ့ လက္ခဏာတွေ ပြသခဲ့တာကြောင့် တူရကီနဲ့ ခြေစမ်းပွဲစဉ်ကို လွဲချော်သွားမယ်လို့ သိရပါတယ်။ သာမန် အအေးမိတယ်လို့ ဂျာမနီအသင်းဘက်က ဆိုထားပြီး ကိုဗစ်ကာလ ဖြစ်တာကြောင့် စောင့်ကြည့် ကြပ်မတ်ခံရဖို့ ရှိနေပါတယ်။

ဂျာမနီ လက်ရွေးစင် အသင်း နည်းပြ ဂျိုအာချင်လိုရဲ့ လက်ထောက်နည်းပြ မားကပ်စ် ဆော့ချ်က “တီမိုဝါနာဟာ သာမန် အအေးမိဝေဒနာ ခံစားခဲ့ရပြီး ဒီနေ့ အသင်းနဲ့ ပူးပေါင်းသွားမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဝါနာဟာ ခရစ္စတယ်ပဲလေ့စ်ကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မိနစ်၉၀ပြည့် ပါဝင်ကစားပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ တူရကီနဲ့ ခြေစမ်းပွဲ၊ ယူကရိန်း၊ ဆွစ်ဇာလန်တို့နဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေအတွက် ဂျာမနီလူစာရင်းမှာ ပူးပေါင်းခြင်း မရှိသေးတာပါ။

ဆော့ချ်ကတော့ အသင်းဟာ ဝါနာနဲ့ အဆက်အသွယ် ရှိနေပြီး လက်ကျန် ပွဲစဉ်တွေမှာ ပူးပေါင်းဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ နောက်ခံလူ ရူဒီဂါဟာ အခြား ကစားသမားတွေထက် ၁ရက်နောက်ကျပြီး အသင်းဟိုတယ်ကို ရောက်လာခဲ့ပါတယ်။

ရူဒီဂါဟာ အပြောင်းအရွှေ့ နောက်ဆုံးရက် ကောလာဟလတွေကြောင့် နောက်ကျခဲ့တယ် ထင်ရပေမဲ့ ဘယ်အသင်းကိုမှတော့ မပြောင်းဖြစ်ခဲ့ပါဘူး။ လိုကတော့ တူရကီနဲ့ ပွဲစဉ် အတွက် ကိုင်ဟာဗက်ဇ်နဲ့ ရူဒီဂါတို့ကို ထည့်သွင်းကစားမယ်လို့ အတည်ပြုထားခဲ့ပါတယ်။