ပြဲထြက္ခြင့္ ျပန္ယူဖို႔ ၾကိဳးစားသြားမယ္လို႔ ၾကံဳး၀ါးလိုက္တဲ့ ခ်ယ္ဆီး နံပါတ္ တစ္ ဂိုးသမား ကီပါ

ခ်ယ္ဆီး နံပါတ္ တစ္ ဂိုးသမား ကီပါဟာ လက္စြမ္းက်ဆင္းမႈေၾကာင့္ ေဝဖန္ခံေနရၿပီး အသင္းကေနေရာင္းခ်ဖို႔အထိ စီစဥ္ခံခဲ့ရျပီး ကီပါဟာ အသင္းကို ဂိုးသမားသစ္ မန္ဒီေရာက္လာခ်ိန္မွာေတာ့ ပြဲထြက္ခြင့္ကို လက္လႊတ္ခဲ့ရပါတယ္။

လက္္ရွိ ကမၻာ့ေစ်းအၾကီးဆံုး ဂိုး သမားျဖစ္တဲ့ ကီပါက လက္ရွိအေနအထားကို လက္မခံႏိုုင္သလို သူအေနနဲ႔ ပြဲထြက္ခြင့္ေနရာကို ျပန္လည္ရယူႏိုင္ဖို႔ အတြက္ လုပ္ေဆာင္သြားမယ္လို႔ ၾကံဳးဝါးသြားခဲ့ပါတယ္။
ကီပါ ဟာ လီဗာပူးကို ႏွစ္ဂိုးျပတ္နဲ႔ ရႈံးတဲ့ပြဲမွာ အမွားေတြ က်ဳးလြန္ခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းရဲ႕ ၿပိဳင္ပြဲစံု ေနာက္ဆံုး ၄ ပြဲမွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးခဲ့ရတာ ျဖစ္ပါတယ္။

ေနးရွင္းလိဂ္ ပြဲစဥ္ေတြ ကစားဖို႔ စပိန္ႏိုင္ငံကို ေရာက္ရွိေနတဲ့ ကီပါကို သတင္းေထာက္ေတြက ေမးျမန္းခဲ့ရာမွာေတာ့ ၄င္း က “ သူအေနနဲ႔ ကိုယ္ကိုယ္ကို ယံုၾကည္မႈရွိၿပီး အေျခအေနေတြကို ေျပာင္းလဲႏိုင္မယ္” လို႔ ေျပာခဲ့ပါတယ္။

ကီပါက “ ေဘာလံုးကစားသမား တစ္ေယာက္အေနနဲ႔ အေကာင္းဆံုးအခ်ိန္ရွိသလို ပံုမွန္ပဲ ကစားႏိုင္တဲ့အခ်ိန္၊ ပံုမွန္စြမ္းေဆာင္ရည္ထက္ နိမ့္က်တဲ့ အေျခအေနေတြနဲ႔ ၾကံဳရတတ္ပါတယ္။ ႏိုင္ငံအသင္း အတြက္ေရာ ကလပ္အသင္း အတြက္ပါ အေကာင္းဆံုး ျပန္ ကစားႏိုင္မယ္လို႔ ခံစားမိပါတယ္။ ခ်ယ္ဆီးလိုအသင္းမ်ိဳးမွာ ကစားခြင့္ရေနတာက ကြ်န္ေတာ္ အတြက္ ကံေကာင္းျခင္းပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။

ကီပါဟာ စပိန္လက္ေရြးစင္အသင္းမွာလည္း ယူႏိုက္တက္ဂိုးသမား ဒီဂီယာရဲ႕ေနာက္မွာ ဒုတိယဂိုးသမားအျဖစ္သာ ပါဝင္ ကစားခြင့္ရေနသူျဖစ္ပါတယ္။ ဒီတစ္ပတ္ ကစားမယ့္ ေနးရွင္းလိဂ္ ပြဲစဥ္ေတြမွာေတာ့ စပိန္အသင္းဟာ ဆြစ္ဇာလန္၊ ယူကရိန္ အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ စပိန္အသင္းဟာ ဂ်ာမနီ၊ ယူကရိန္းနဲ႔ ဆြစ္ဇာလန္တို႔ပါဝင္တဲ့ အုပ္စုမွာေတာ့ ရ မွတ္ ၄ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ ထားတာ ေတြ႕ရပါတယ္။

Unicode

ချယ်ဆီး နံပါတ် တစ် ဂိုးသမား ကီပါဟာ လက်စွမ်းကျဆင်းမှုကြောင့် ဝေဖန်ခံနေရပြီး အသင်းကနေရောင်းချဖို့အထိ စီစဉ်ခံခဲ့ရပြီး ကီပါဟာ အသင်းကို ဂိုးသမားသစ် မန်ဒီရောက်လာချိန်မှာတော့ ပွဲထွက်ခွင့်ကို လက်လွှတ်ခဲ့ရပါတယ်။

လက်ရှိ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုး သမားဖြစ်တဲ့ ကီပါက လက်ရှိအနေအထားကို လက်မခံနိုင်သလို သူအနေနဲ့ ပွဲထွက်ခွင့်နေရာကို ပြန်လည်ရယူနိုင်ဖို့ အတွက် လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။
ကီပါ ဟာ လီဗာပူးကို နှစ်ဂိုးပြတ်နဲ့ ရှုံးတဲ့ပွဲမှာ အမှားတွေ ကျုးလွန်ခဲ့တာကြောင့် ချယ်ဆီးအသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

နေးရှင်းလိဂ် ပွဲစဉ်တွေ ကစားဖို့ စပိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကီပါကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာတော့ ၎င်း က “ သူအနေနဲ့ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိပြီး အခြေအနေတွေကို ပြောင်းလဲနိုင်မယ်” လို့ ပြောခဲ့ပါတယ်။

ကီပါက “ ဘောလုံးကစားသမား တစ်ယောက်အနေနဲ့ အကောင်းဆုံးအချိန်ရှိသလို ပုံမှန်ပဲ ကစားနိုင်တဲ့အချိန်၊ ပုံမှန်စွမ်းဆောင်ရည်ထက် နိမ့်ကျတဲ့ အခြေအနေတွေနဲ့ ကြုံရတတ်ပါတယ်။ နိုင်ငံအသင်း အတွက်ရော ကလပ်အသင်း အတွက်ပါ အကောင်းဆုံး ပြန် ကစားနိုင်မယ်လို့ ခံစားမိပါတယ်။ ချယ်ဆီးလိုအသင်းမျိုးမှာ ကစားခွင့်ရနေတာက ကျွန်တော် အတွက် ကံကောင်းခြင်းပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ကီပါဟာ စပိန်လက်ရွေးစင်အသင်းမှာလည်း ယူနိုက်တက်ဂိုးသမား ဒီဂီယာရဲ့နောက်မှာ ဒုတိယဂိုးသမားအဖြစ်သာ ပါဝင် ကစားခွင့်ရနေသူဖြစ်ပါတယ်။ ဒီတစ်ပတ် ကစားမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေမှာတော့ စပိန်အသင်းဟာ ဆွစ်ဇာလန်၊ ယူကရိန် အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ စပိန်အသင်းဟာ ဂျာမနီ၊ ယူကရိန်းနဲ့ ဆွစ်ဇာလန်တို့ပါဝင်တဲ့ အုပ်စုမှာတော့ ရ မှတ် ၄ မှတ်နဲ့ အုပ်စုကို ဦးဆောင် ထားတာ တွေ့ရပါတယ်။