ဘီလီ ေဂးလ္မား ျပန္ကစားနုိင္မယ့္ အခ်ိန္ အသိေပးခဲ့တဲ့ ခ်ယ္ဆီးနည္းျပ လမ္းပတ္

ခ်ယ္ဆီး နည္းျပ လမ္းပတ္က ဘီလီ ေဂးလ္မားဟာ လာမယ့္ ၄ ပတ္ေလာက္မွာ အသင္းနဲ႔ ျပန္လည္ ပူးေပါင္းႏိုင္မယ္လို႔ ထုတ္ေဖာ္ေျပာၾကား လိုက္ပါတယ္။ အသက္ ၁၉ ႏွစ္သားဟာ ဇူလိုင္လကတည္းက ဒူးဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမဲ့ ဘီလီ ေဂးလ္မား တစ္ေယာက္ ႀကံ့ခိုင္မႈ အျမန္ ျပန္လည္ျပည့္ဝဖို႔ ၿပီးခဲ့တဲ့အပတ္ေတြက တံခါးပိတ္ ေလ့က်င့္ေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာလည္း လမ္းပတ္က စေကာ့တလန္သားေလးဟာ လာမယ့္ ၄ ပတ္အတြင္း အသင္းနဲ႔ ျပန္လည္ ပူးေပါင္းႏိုင္မယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ပဲေလ့စ္နဲ႔ ပြဲမတိုင္ခင္ ရွင္းလင္းပြဲမွာ လမ္းပတ္က “သူ(ေဂးလ္မား) အေျခအေနက တိုးတက္မႈရွိလာေနပါတယ္။ ဒူးဒဏ္ရာ ခြဲစိတ္ကုသမႈ ခံယူထားခဲ့ရတာေၾကာင့္ အနားယူေနခဲ့ရတာပါ။ ေနာက္ ၄ ပတ္ ေလာက္ဆို သူ ျပန္လာႏိုင္ပါၿပီ။ အဲ့အတြက္လည္း သူ ၾကိဳးစား ေလ့က်င့္ေနပါတယ္။ သူဟာအသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးပါ” လို႔ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ေဂးလ္မား ဟာ ခ်ယ္ဆီး အသင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ က စီနီယာအသင္းမွာ ပါဝင္ခြင့္ရရွိခဲ့ပါတယ္။ ဒူးဒဏ္ရာမရခင္ ေဂးလ္မား တစ္ေယာက္ ၿပီးခဲ့တဲ့ ရာသီက ခ်ယ္ဆီး အတြက္ ၁၁ ပြဲအထိ ပါဝင္ကစားေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ မေန႔ကပြဲမွာ ပဲေလ့စ္ကို ေလးဂိုးျပတ္ အနိုင္ရရွိခဲ့ျပီးေနာက္ ေအာက္တိုဘာလ ၁၇ ရက္ေန႔မွာ ေဆာက္သမ္တန္ အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အဲ့ေနာက္ ၃ ရက္ အၾကာမွာ ဆီဗီလာ အသင္းနဲ႔ ခ်န္ပီယံလိဂ္ ပြဲစဥ္ ကစားရမွာ ျဖစ္ပါတယ္။

Unicode

ချယ်ဆီး နည်းပြ လမ်းပတ်က ဘီလီ ဂေးလ်မားဟာ လာမယ့် ၄ ပတ်လောက်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မယ်လို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ အသက် ၁၉ နှစ်သားဟာ ဇူလိုင်လကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဘီလီ ဂေးလ်မား တစ်ယောက် ကြံ့ခိုင်မှု အမြန် ပြန်လည်ပြည့်ဝဖို့ ပြီးခဲ့တဲ့အပတ်တွေက တံခါးပိတ် လေ့ကျင့်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာလည်း လမ်းပတ်က စကော့တလန်သားလေးဟာ လာမယ့် ၄ ပတ်အတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် ရှင်းလင်းပွဲမှာ လမ်းပတ်က “သူ(ဂေးလ်မား) အခြေအနေက တိုးတက်မှုရှိလာနေပါတယ်။ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူထားခဲ့ရတာကြောင့် အနားယူနေခဲ့ရတာပါ။ နောက် ၄ ပတ် လောက်ဆို သူ ပြန်လာနိုင်ပါပြီ။ အဲ့အတွက်လည်း သူ ကြိုးစား လေ့ကျင့်နေပါတယ်။ သူဟာအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဂေးလ်မား ဟာ ချယ်ဆီး အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ က စီနီယာအသင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒူးဒဏ်ရာမရခင် ဂေးလ်မား တစ်ယောက် ပြီးခဲ့တဲ့ ရာသီက ချယ်ဆီး အတွက် ၁၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ မနေ့ကပွဲမှာ ပဲလေ့စ်ကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဆောက်သမ်တန် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် ၃ ရက် အကြာမှာ ဆီဗီလာ အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။