ပြဲကစားဖို႔ ျငင္းဆန္ျပီး အသင္းကေန ထြက္ခြာခြင့္ ျပဳရန္ ေတာင္းဆိုထားတဲ့ ခ်ယ္ဆီးခံစစ္မွဴး

ခ်ယ္ဆီးအသင္းမွ ဂ်ာမန္သား ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါဟာ ၿပီးခဲ့တဲ့ စပါးအသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ရဲ႕ ကာရာေဘာင္း ဖလားပြဲစဥ္မွာ အသင္းအတြက္ ပါဝင္ ကစားေပးဖို႔ ျငင္းဆန္ခဲ့သလို အသင္းကေန ထြက္ခြာခြင့္ ေပးဖို႔လည္း ခ်ယ္ဆီးအသင္းထံ ဖိအားေပး ေတာင္းဆိုထားေၾကာင္း ခိုင္လုံတဲ့ သတင္းရင္းျမစ္ေတြရဲ႕ ေဖာ္ျပခ်က္ အရ သိရပါတယ္။

အသက္ ၂၇ ႏွစ္ အ႐ြယ္ ဂ်ာမန္ ခံစစ္မႉး ႐ူဒီဂါဟာ ခ်ယ္ဆီး အသင္းထံကို ၂၀၁၇ ခုႏွစ္မွာ ႐ိုးမားအသင္း ကေန ေျပာင္းေ႐ႊ႕ခဲ့သူ ျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္အထိ က်န္ရွိေနသူ ျဖစ္ေပမယ့္ အသင္းမွာ ဆက္ေနဖို႔ ဆႏၵ မရွိေတာ့ဘူး လို႔ သိရပါတယ္။

႐ူဒီဂါဟာ တီမိုဝါနာ ၊ ကိုင္ဟားဗက္ တို႔ရဲ႕ အေျပာင္းအေ႐ႊ႕ မွာ အေရးပါခဲ့သူ တစ္ဦး ျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းက သူ႔ကို အငွားခ်ဖို႔ အတြက္ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို အေတာ္ေလး စိတ္ပ်က္ခဲ့ၿပီး လက္ရွိမွာေတာ့ ခ်ယ္ဆီးအသင္း ကေန တစ္ခါတည္း ထြက္ခြာခြင့္ ေတာင္းခံခဲ့ေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ျပသြားခဲ့ပါတယ္။

ဒါ့အျပင္ ယမန္ေန႔ မနက္ အေစာပိုင္းမွာ ကစားခဲ့တဲ့ စပါးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ကာရာေဘာင္းဖလား ပြဲစဥ္မွာ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ႐ူဒီဂါကို အသင္းရဲ႕ ပြဲထြက္ လူစာရင္းမွာ ထည့္သြင္းခဲ့ေပမယ့္ ႐ူဒီဂါဟာ အသင္း အတြက္ ကစားေပးဖို႔ ျငင္းဆန္ခဲ့ၿပီး သူ႔ကို အသင္းေျပာင္းခြင့္​ ေပးဖို႔သာ ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးအသင္း ကေတာ့ ကနဦးမွာ ႐ူဒီဂါကို အငွားခ်ဖို႔ စဥ္းစားခဲ့ေပမယ့္ ကစားသမားကို စာခ်ဳပ္သက္တမ္း တိုးၿပီးမွသာ အငွားေစလႊတ္ဖို႔ ဆုံးျဖတ္ ထားတာ ျဖစ္ၿပီး ႐ူဒီဂါဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးဖို႔ စိတ္ဆႏၵ မရွိေတာ့တာေၾကာင့္ ႐ူဒီဂါကို အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းမႈေတြကို ေခတၱ ရပ္ဆိုင္း ခိုင္းထားေၾကာင္း နီးစပ္သူေတြက ဖြင့္ဟ ထားၾကပါတယ္။

လက္ရွိမွာေတာ့ ႐ူဒီဂါကို ေခၚယူဖို႔အတြက္ ပီအက္စ္ဂ်ီ ၊ ဘာစီလိုနာ ၊ စပါး စတဲ့ ထိပ္တန္း အသင္းေတြက စိတ္ဝင္စား ေနၾကၿပီး ကမ္းလွမ္းမႈေတြ ျပဳလုပ္ ထားေပမယ့္ ကမ္းလွမ္းမႈေတြ အားလုံးဟာ အငွားနဲ႔ ေခၚယူဖို႔ ကမ္းလွမ္းမႈေတြသာ ျဖစ္တာေၾကာင့္ ခ်ယ္ဆီး အသင္းအေနနဲ႔ ဆုံးျဖတ္ရ ခက္ခဲေနေၾကာင္း သိရပါတယ္။

ဒါေပမယ့္ ႐ူဒီဂါဟာ အသင္းမွာ ဆက္ေနဖို႔ ဆႏၵမရွိေတာ့တာေၾကာင့္ ခ်ယ္ဆီးအသင္းဟာ ႐ူဒီဂါကို ေရာင္းခ် သြားဖို႔ စဥ္းစားေနၿပီး တစ္ရာသီ အငွား + ရာသီကုန္မွာ မျဖစ္မေန အၿပီးသတ္ ေခၚယူရမယ္ ဆိုတဲ့ အခ်က္နဲ႔ ႐ူဒီဂါကို ေရာင္းခ်ဖြယ္ ရွိေၾကာင္း သံုးသပ္ထားၾကပါတယ္။

Unicode

ချယ်ဆီးအသင်းမှ ဂျာမန်သား နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ချယ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့သလို အသင်းကနေ ထွက်ခွာခွင့် ပေးဖို့လည်း ချယ်ဆီးအသင်းထံ ဖိအားပေး တောင်းဆိုထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အသက် ၂၇ နှစ် အရွယ် ဂျာမန် ခံစစ်မှူး ရူဒီဂါဟာ ချယ်ဆီး အသင်းထံကို ၂၀၁၇ ခုနှစ်မှာ ရိုးမားအသင်း ကနေ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်အထိ ကျန်ရှိနေသူ ဖြစ်ပေမယ့် အသင်းမှာ ဆက်နေဖို့ ဆန္ဒ မရှိတော့ဘူး လို့ သိရပါတယ်။

ရူဒီဂါဟာ တီမိုဝါနာ ၊ ကိုင်ဟားဗက် တို့ရဲ့ အပြောင်းအရွှေ့ မှာ အရေးပါခဲ့သူ တစ်ဦး ဖြစ်ပေမယ့် ချယ်ဆီးအသင်းက သူ့ကို အငှားချဖို့ အတွက် ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အတော်လေး စိတ်ပျက်ခဲ့ပြီး လက်ရှိမှာတော့ ချယ်ဆီးအသင်း ကနေ တစ်ခါတည်း ထွက်ခွာခွင့် တောင်းခံခဲ့ကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် ယမန်နေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ရူဒီဂါကို အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့် ရူဒီဂါဟာ အသင်း အတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီး သူ့ကို အသင်းပြောင်းခွင့် ပေးဖို့သာ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ချယ်ဆီးအသင်း ကတော့ ကနဦးမှာ ရူဒီဂါကို အငှားချဖို့ စဉ်းစားခဲ့ပေမယ့် ကစားသမားကို စာချုပ်သက်တမ်း တိုးပြီးမှသာ အငှားစေလွှတ်ဖို့ ဆုံးဖြတ် ထားတာ ဖြစ်ပြီး ရူဒီဂါဟာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ စိတ်ဆန္ဒ မရှိတော့တာကြောင့် ရူဒီဂါကို အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေကို ခေတ္တ ရပ်ဆိုင်း ခိုင်းထားကြောင်း နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။

လက်ရှိမှာတော့ ရူဒီဂါကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ စပါး စတဲ့ ထိပ်တန်း အသင်းတွေက စိတ်ဝင်စား နေကြပြီး ကမ်းလှမ်းမှုတွေ ပြုလုပ် ထားပေမယ့် ကမ်းလှမ်းမှုတွေ အားလုံးဟာ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေသာ ဖြစ်တာကြောင့် ချယ်ဆီး အသင်းအနေနဲ့ ဆုံးဖြတ်ရ ခက်ခဲနေကြောင်း သိရပါတယ်။

ဒါပေမယ့် ရူဒီဂါဟာ အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိတော့တာကြောင့် ချယ်ဆီးအသင်းဟာ ရူဒီဂါကို ရောင်းချ သွားဖို့ စဉ်းစားနေပြီး တစ်ရာသီ အငှား + ရာသီကုန်မှာ မဖြစ်မနေ အပြီးသတ် ခေါ်ယူရမယ် ဆိုတဲ့ အချက်နဲ့ ရူဒီဂါကို ရောင်းချဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။