ပင္နယ္တီ အဆံုးအျဖတ္မွာ လမ္းပတ္ရဲ႕ ခ်ယ္ဆီးကို အသာရျပီး ကာရာေဘာင္း ေနာက္တစ္ဆင့္ ေရာက္ခဲ့တဲ့ စပါး

ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ စပါးနဲ႔ ခ်ယ္ဆီးတို႔ ညက ရင္ဆိုင္ကစားခဲ့ၾကရာမွာ မိနစ္ (၉၀) အၿပီးမွာ တစ္ဖက္ တစ္ဂိုးစီ သေရ ျဖစ္ခဲ့တာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ ကန္သြင္းခဲ့ၾကၿပီး စပါးက (၅-၄) နဲ႔ အႏိုင္ယူကာ ေနာက္တဆင့္ကို တက္ေရာက္ခဲ့ပါတယ္။

ဒီပြဲမွာ ေမာ္ရင္ဟိုဟာ ေျပာထားခဲ့တဲ့အတိုင္း အရန္ လူအမ်ားအျပားျဖင့္သာ ပြဲထြက္ခဲ့ၿပီး ၃-၅-၂ ကစားကြက္မွာ တန္ဂန္ဂါ၊ အယ္ဒါဝီရယ္၊ ေအာ္ရီယာ၊ ဆစ္ဆိုဂို၊ ဂတ္ဆန္၊ ဘာ့ဂ္ဝိန္း၊ လာမယ္လာစတဲ့ အရံလူေတြ နဲ႔ စတင္ခဲ့ပါတယ္။ ရယ္ဂီလြန္ကေတာ့ ပြဲဦးထြက္အျဖစ္ ပါဝင္လာခဲ့ပါတယ္။

လမ္းပတ္ကေတာ့ စပါးနဲ႔ ယွဥ္ရင္ အဓိကကစားသမားေတြ ပိုသုံးခဲ့တယ္လို႔ ေျပာႏိုင္ၿပီး တီမိုဝါနာ၊ ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟို၊ေမဆန္ေမာင့္တို႔ကို ထညိ့သြင္းအသုံးျပဳခဲ့ၿပီး ဂိုးသမားသစ္ မန္ဒီနဲ႔ ေနာက္ခံလူ ခ်ီဝဲလ္တို႔က ပြဲဦးထြက္အျဖစ္ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပြဲအစမွာ ခ်ယ္ဆီးက ပိုဖိကစားႏိုင္ခဲ့သလို ရွိခဲ့ၿပီး တီမိုဝါနာဟာ သူ႔ရဲ႕ ခ်ယ္ဆီးကစားသမားဘဝ အဖြင့္ဂိုးကို လွလွပပ သြင္းယူႏိုင္ခဲ့ပါတယ္။ ဒီဂိုး ျဖစ္လာမယ့္ပံ့ပိုးမႈကို တားဆီးရာမွာေတာ့ ရယ္ဂီလြန္ဟာ အခ်ိန္အဆလြဲခဲ့ေပမယ့္ သူ႔ရဲ႕ တစ္ပြဲလုံးေျခစြမ္းဟာ အေတာ္ေလး အားရစရာ ေကာင္းခဲ့တာလည္း ျဖစ္ပါတယ္။ အထူးသျဖင့္ ေဒးဗီးစ္ကို အားမရတဲ့ စပါးပရိသတ္ေတြအတြက္ေတာ့ ရယ္ဂီလြန္ဟာ အေတာ္ေလးကို ေမွ်ာ္လင့္ခ်င္စရာ ေကာင္းတဲ့ ေျခစြမ္းကို ျပႏိုင္ခဲ့ပါတယ္။

ဒီဂိုးေပးလိုက္ရၿပီး ေနာက္ပိုင္းမွာ စပါးဟာ ပိုၿပီး တိုက္စစ္အရွိန္ျမႇင့္လာခဲ့ၿပီး ခ်ယ္ဆီးကေတာ့ ေနာက္မွာသာ အေပးယူလုပ္ေနခဲ့ရၿပီး တန္ျပန္တိုက္စစ္ အခ်ိဳ႕နဲ႔ ဂ်ီ႐ူးဆီ မေအာင္ျမင္ေသာ တိုက္႐ိုက္ေပးပို႔မႈ အခ်ိဳ႕နဲ႔သာ အခ်ိန္ကုန္ခဲ့ရပါတယ္။ စပါးဘက္ကလည္း တိုက္စစ္မႈးစစ္စစ္ မပါခဲ့တာရယ္ ၊ လာမယ္လာနဲ႔ ဆုံးျဖတ္ခ်က္အခ်ိဳ႕ေတြေၾကာင့္ ဂိုးကန္သြင္းခြင့္ေတာ့ သိပ္မရခဲ့ပါဘူး။

ဒုတိယပိုင္း အေရာက္မွာေတာ့ ေမာ္ရင္ဟိုရဲ႕ အသင္းဟာ သိသိသာသာ အသာစီးယူကစားခဲ့ၿပီး ခ်ယ္ဆီးဟာ တစ္စနဲ႔တစ္စ ခံစစ္ကို ပိုအားျပဳလာခဲ့ရတာကိုေတြ႕ရပါတယ္။ ဘာ့ဝိန္း၊ လာမယ္လာ တို႔ရဲ႕ တိုးအားေတြနဲ႔ စပါးဟာ ပိုၿပီးဖိကစားလာခဲ့ၿပီး ခ်ယ္ဆီး ကလည္း တန္ျပန္တိုက္စစ္အခ်ိဳ႕ ရွိခဲ့ေပမယ့္ ဂိုးကန္သြင္းခြင့္အျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။ ဂိုးသမားသစ္ မန္ဒီကေတာ့ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ စပါးရခဲ့တဲ့ ဂိုးကန္သြင္းခြင့္ေတြကို ကာကြယ္ႏိုင္ခဲ့ပါတယ္။

ေမာ္ရင္ဟိုဟာ မိနစ္ (၇၀) နဲ႔ (၇၅) မိနစ္တို႔မွာ ကိန္းနဲ႔ ေမာ္ရာတို႔ကို ထည့္ခဲ့သလို ၊ လမ္းပတ္ကလည္း ကန္ေတ ကိုထည့္ၿပီး ပြဲကို ထိန္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ေတာက္ေလ်ာက္ဖိကစားေနတဲ့ စပါးဟာ မိနစ္ (၈၀) အေက်ာ္မွာေတာ့ လာမယ္လာရဲ႕ ေခ်ပဂိုးကို ရရွိခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္ ကန္သြင္းဖို႔ ျဖစ္လာခဲ့ပါေတာ့တယ္။

ပယ္နယ္တီမွာေတာ့ စပါးက (၅)ေယာက္လုံး ဝင္ခဲ့ၾကေပမယ့္ ခ်ယ္ဆီးက ေနာက္ဆုံးကန္တဲ့ ေမဆန္ေမာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္မွာေတာ့ လမ္းပတ္ဟာ ဒီအဆင့္မွာပဲ ေက်နပ္ခဲ့ရပါေတာ့တယ္။

Unicode

ကာရာဘောင်းဖလားပွဲစဉ်အဖြစ် စပါးနဲ့ ချယ်ဆီးတို့ ညက ရင်ဆိုင်ကစားခဲ့ကြရာမှာ မိနစ် (၉၀) အပြီးမှာ တစ်ဖက် တစ်ဂိုးစီ သရေ ဖြစ်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့ကြပြီး စပါးက (၅-၄) နဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ မော်ရင်ဟိုဟာ ပြောထားခဲ့တဲ့အတိုင်း အရန် လူအများအပြားဖြင့်သာ ပွဲထွက်ခဲ့ပြီး ၃-၅-၂ ကစားကွက်မှာ တန်ဂန်ဂါ၊ အယ်ဒါဝီရယ်၊ အော်ရီယာ၊ ဆစ်ဆိုဂို၊ ဂတ်ဆန်၊ ဘာ့ဂ်ဝိန်း၊ လာမယ်လာစတဲ့ အရံလူတွေ နဲ့ စတင်ခဲ့ပါတယ်။ ရယ်ဂီလွန်ကတော့ ပွဲဦးထွက်အဖြစ် ပါဝင်လာခဲ့ပါတယ်။

လမ်းပတ်ကတော့ စပါးနဲ့ ယှဉ်ရင် အဓိကကစားသမားတွေ ပိုသုံးခဲ့တယ်လို့ ပြောနိုင်ပြီး တီမိုဝါနာ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊မေဆန်မောင့်တို့ကို ထညိ့သွင်းအသုံးပြုခဲ့ပြီး ဂိုးသမားသစ် မန်ဒီနဲ့ နောက်ခံလူ ချီဝဲလ်တို့က ပွဲဦးထွက်အဖြစ်ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအစမှာ ချယ်ဆီးက ပိုဖိကစားနိုင်ခဲ့သလို ရှိခဲ့ပြီး တီမိုဝါနာဟာ သူ့ရဲ့ ချယ်ဆီးကစားသမားဘဝ အဖွင့်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ဖြစ်လာမယ့်ပံ့ပိုးမှုကို တားဆီးရာမှာတော့ ရယ်ဂီလွန်ဟာ အချိန်အဆလွဲခဲ့ပေမယ့် သူ့ရဲ့ တစ်ပွဲလုံးခြေစွမ်းဟာ အတော်လေး အားရစရာ ကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒေးဗီးစ်ကို အားမရတဲ့ စပါးပရိသတ်တွေအတွက်တော့ ရယ်ဂီလွန်ဟာ အတော်လေးကို မျှော်လင့်ချင်စရာ ကောင်းတဲ့ ခြေစွမ်းကို ပြနိုင်ခဲ့ပါတယ်။

ဒီဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာ စပါးဟာ ပိုပြီး တိုက်စစ်အရှိန်မြှင့်လာခဲ့ပြီး ချယ်ဆီးကတော့ နောက်မှာသာ အပေးယူလုပ်နေခဲ့ရပြီး တန်ပြန်တိုက်စစ် အချို့နဲ့ ဂျီရူးဆီ မအောင်မြင်သော တိုက်ရိုက်ပေးပို့မှု အချို့နဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ စပါးဘက်ကလည်း တိုက်စစ်မှုးစစ်စစ် မပါခဲ့တာရယ် ၊ လာမယ်လာနဲ့ ဆုံးဖြတ်ချက်အချို့တွေကြောင့် ဂိုးကန်သွင်းခွင့်တော့ သိပ်မရခဲ့ပါဘူး။

ဒုတိယပိုင်း အရောက်မှာတော့ မော်ရင်ဟိုရဲ့ အသင်းဟာ သိသိသာသာ အသာစီးယူကစားခဲ့ပြီး ချယ်ဆီးဟာ တစ်စနဲ့တစ်စ ခံစစ်ကို ပိုအားပြုလာခဲ့ရတာကိုတွေ့ရပါတယ်။ ဘာ့ဝိန်း၊ လာမယ်လာ တို့ရဲ့ တိုးအားတွေနဲ့ စပါးဟာ ပိုပြီးဖိကစားလာခဲ့ပြီး ချယ်ဆီး ကလည်း တန်ပြန်တိုက်စစ်အချို့ ရှိခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်အဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဂိုးသမားသစ် မန်ဒီကတော့ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ စပါးရခဲ့တဲ့ ဂိုးကန်သွင်းခွင့်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

မော်ရင်ဟိုဟာ မိနစ် (၇၀) နဲ့ (၇၅) မိနစ်တို့မှာ ကိန်းနဲ့ မော်ရာတို့ကို ထည့်ခဲ့သလို ၊ လမ်းပတ်ကလည်း ကန်တေ ကိုထည့်ပြီး ပွဲကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တောက်လျောက်ဖိကစားနေတဲ့ စပါးဟာ မိနစ် (၈၀) အကျော်မှာတော့ လာမယ်လာရဲ့ ချေပဂိုးကို ရရှိခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ် ကန်သွင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။

ပယ်နယ်တီမှာတော့ စပါးက (၅)ယောက်လုံး ဝင်ခဲ့ကြပေမယ့် ချယ်ဆီးက နောက်ဆုံးကန်တဲ့ မေဆန်မောင့် လွဲချော်ခဲ့ပြီးနောက်မှာတော့ လမ်းပတ်ဟာ ဒီအဆင့်မှာပဲ ကျေနပ်ခဲ့ရပါတော့တယ်။