ဝက္ဘရြန္းနဲ႔ပြဲမွာ မန္ဒီကို ပြဲထြက္ခြင့္ ေပးဦးမွာ မဟုတ္တဲ့ အေၾကာင္းရင္းအား လမ္းပတ္ ေျပာ

ဒီကနေ့ညမှာ ချယ်ဆီးက ဝက်ဘရွန်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ဂိုးသမားသစ် မန်ဒီ ပါဝင်မှာ မဟုတ်ပါဘူး။

ပွဲကြိုမှာ မန်နေဂျာလမ်းပတ်က ဂိုးသမားသစ် မန်ဒီက လေ့ကျင့်ရက် အနည်းငယ် အဆက်ပြတ်ထားသလို အသင်းထံ ရောက်ရောက်ခြင်း ကာလပဲ ရှိသေးလို့ ပွဲမထုတ်သေးမယ့် သဘောကို ပြောဆိုခဲ့တယ်။ ဒါ့အပြင် လမ်းပတ်က ကီပါ၊ ကာဘယ်လာရိုတို့နဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဦးမယ်လို့ ပြောပါတယ်။

လမ်းပတ်က ” ဝက်ဘရွန်းနဲ့ပွဲမှာ မန်ဒီ ပွဲထွက်နေရာက ပါဝင်သွားမှာ မဟုတ်ပါဘူး။ သူက သီတင်းပတ် တစ်ပတ်လောက် လေ့ကျင့်မှု မလုပ်ထားရသူဖြစ်ပါတယ်။ ပြီးတော့မှ အသင်းကို လေယာဉ်နဲ့ ရောက်လာတာပါ။ သူ့ကို ပွဲထွက်စေဖို့က သိပ်စောလွန်းပါတယ်။

အပြောင်းအရွှေ့ ပြီးမြောက်ကြောင်း ကြေညာပြီးတော့ သူက တစ်ခါတည်း လေ့ကျင့်ရေး ဝင်ခဲ့တာပါ။ နောက်ပြီး ကျနော် ကီပါ၊ ကာဘယ်လာရိုတို့နဲ့ စကားပြောရဦးမှာပါ။ သူတို့ နှစ်ဦးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိပါတယ်။ ဂိုးသမားတွေကလည်း လေ့ကျင့်ရေးမှာ အတူတကွ လေ့ကျင့်နိုင်ဖို့က အရေးကြီးပါတယ်။

ဂိုးသမားသစ် ထပ်ရောက်လာခဲ့တာကြောင့် ပွဲထွက်ခွင့်က ပိုမို ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ကျနော် ဆက်သွားလိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ညမွာ ခ်ယ္ဆီးက ဝက္ဘရြန္းနဲ႔ အေဝးကြင္း သြားေရာက္ ယွဥ္ျပိဳင္ရမွာ ျဖစ္ေပမယ့္ ဂိုးသမားသစ္ မန္ဒီ ပါဝင္မွာ မဟုတ္ပါဘူး။

ပြဲၾကိဳမွာ မန္ေနဂ်ာလမ္းပတ္က ဂိုးသမားသစ္ မန္ဒီက ေလ့က်င့္ရက္ အနည္းငယ္ အဆက္ျပတ္ထားသလို အသင္းထံ ေရာက္ေရာက္ျခင္း ကာလပဲ ရွိေသးလို႔ ပြဲမထုတ္ေသးမယ့္ သေဘာကို ေျပာဆိုခဲ့တယ္။ ဒါ့အျပင္ လမ္းပတ္က ကီပါ၊ ကာဘယ္လာရိုတို႔နဲ႔ ေဆြးေႏြးမႈေတြ ဆက္လုပ္သြားဦးမယ္လို႔ ေျပာပါတယ္။

လမ္းပတ္က ” ဝက္ဘရြန္းနဲ႔ပြဲမွာ မန္ဒီ ပြဲထြက္ေနရာက ပါဝင္သြားမွာ မဟုတ္ပါဘူး။ သူက သီတင္းပတ္ တစ္ပတ္ေလာက္ ေလ့က်င့္မႈ မလုပ္ထားရသူျဖစ္ပါတယ္။ ျပီးေတာ့မွ အသင္းကို ေလယာဥ္နဲ႔ ေရာက္လာတာပါ။ သူ႔ကို ပြဲထြက္ေစဖို႔က သိပ္ေစာလြန္းပါတယ္။

အေျပာင္းအေရႊ႔ ျပီးေျမာက္ေၾကာင္း ေၾကညာျပီးေတာ့ သူက တစ္ခါတည္း ေလ့က်င့္ေရး ဝင္ခဲ့တာပါ။ ေနာက္ျပီး က်ေနာ္ ကီပါ၊ ကာဘယ္လာရိုတို႔နဲ႔ စကားေျပာရဦးမွာပါ။ သူတို႔ ႏွစ္ဦးနဲ႔ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးမႈေတြ ရွိပါတယ္။ ဂိုးသမားေတြကလည္း ေလ့က်င့္ေရးမွာ အတူတကြ ေလ့က်င့္ႏုိင္ဖို႔က အေရးၾကီးပါတယ္။

ဂိုးသမားသစ္ ထပ္ေရာက္လာခဲ့တာေၾကာင့္ ပြဲထြက္ခြင့္က ပိုမို ေကာင္းမြန္တဲ့ ျပိဳင္ဆိုင္မႈေတြ ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီပံုစံအတိုင္း က်ေနာ္ ဆက္သြားလိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။