ဒီတစ္ပတ္ ခ်ယ္ဆီး Vs လီဗာပူး ပရီးမီးယားလိဂ္ ပြဲအတြက္ ေလာ္ရိုး သံုးသပ္ခန္႔မွန္းခ်က္

ဒီတစ္ပတ္ ခ်ယ္ဆီးနဲ႕ လီဗာပူးအသင္းရဲ႕ ပရီးမီးယားလိဂ္ ပြဲအတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ေလာ္ရိုး ကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားျပီ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ လာမယ့္ စက္တင္ဘာလ ၂၀ ရက္ (တနဂၤေႏြေန႔) ည ၁၀း၀၀ နာရီ ျဖစ္ျပီး စတန္းဖို႔ဘရစ္ခ်္ ကြင္းမွာ ယွဥ္ျပိဳင္ ကစားမွာပါ။

ေလာ္ရိုးက ” ဘရိုက္တန္နဲ႔ ယွဥ္ျပိဳင္ကစားတဲ့ အဖြင့္ပြဲမွာ ခ်ယ္ဆီးက ေကာင္းမြန္တဲ့ ႏုိင္ပြဲရခဲ့တယ္။ လီဗာပူးက လိဒ္ယူႏုိက္တက္ကို အႏုိင္ရတဲ့ ပြဲမွာေတာ့ ဟာကြက္ေတြ ရွိေပမယ့္လည္း တူညီတဲ့ အႏုိင္ရလဒ္ကိုပဲ ယူခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္က ေလးဂိုးထိ သြင္းခဲ့တာျဖစ္လို႔ သူတို႔ရဲ႕ ေျခစြမ္းက သာမာန္ေျခစြမ္းပဲဆိုျပီး ေျပာလို႔ မရပါဘူး။ ဒါေပမယ့္ ပထမဆံုးအၾကိမ္အျဖစ္ ခံစစ္က တိုက္စစ္နည္းတူ မေကာင္းခဲ့တာျဖစ္တယ္။ ခံစစ္က ယိုယြင္းမႈေတြ ရွိခဲ့ေပမယ့္ တိုက္စစ္ကေတာ့ အရမ္းကို ထူးခၽြန္ပါတယ္။

ပြဲတစ္ပြဲေလာက္နဲ႔ေတာ့ ဘာကိုမွ စိုးရိမ္ေနစရာေတြလည္း မရွိပါဘူး။ ဘိုင္ယန္ကေန သီေယဂို ေရာက္လာျပီး ပူးေပါင္းခဲ့ရင္လည္း လီဗာပူးရဲ႕ ကြင္းလယ္က အင္အားေတာင့္တင္းလာလိမ့္မယ္။ သူက ဝိုက္နယ္ဒမ္ကို ထပ္ျမင့္တင္လိုက္တဲ့ သေဘာပဲျဖစ္ပါတယ္။ ” လို႔ ဆိုထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး 1-1 လီဗာပူး ျဖစ္ပါတယ္။

ဒီပြဲမွာ အရင္ အပတ္ပြဲစဥ္မွာ မပါနိုင္ခဲ့တဲ့ ဇီယက္လည္း ဆက္လက္ လြဲေခ်ာ္ဖို႔ ရွိေနျပီး ေဂ်ာ္ဂ်င္ဟိုလည္း ပြဲပယ္ေၾကာင့္ ပါ၀င္နုိင္မွာ မဟုတ္ပါဘူး။ လီဗာပူးနဲ႕ ပြဲ အတြင္း ပင္နယ္တီ ရရင္ ေဂ်ာ္ဂ်င္ဟို မပါတာေၾကာင့္ တီမိုဗာနာက တာ၀န္ယူဖြယ္ ရွိပါတယ္။

Unicode

ဒီတစ်ပတ် ချယ်ဆီးနဲ့ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲအတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုး ကတော့ အခုလို သုံးသပ်ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) ည ၁၀း၀၀ နာရီ ဖြစ်ပြီး စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင် ကစားမှာပါ။

လော်ရိုးက ” ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ အဖွင့်ပွဲမှာ ချယ်ဆီးက ကောင်းမွန်တဲ့ နိုင်ပွဲရခဲ့တယ်။ လီဗာပူးက လိဒ်ယူနိုက်တက်ကို အနိုင်ရတဲ့ ပွဲမှာတော့ ဟာကွက်တွေ ရှိပေမယ့်လည်း တူညီတဲ့ အနိုင်ရလဒ်ကိုပဲ ယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်က လေးဂိုးထိ သွင်းခဲ့တာဖြစ်လို့ သူတို့ရဲ့ ခြေစွမ်းက သာမာန်ခြေစွမ်းပဲဆိုပြီး ပြောလို့ မရပါဘူး။ ဒါပေမယ့် ပထမဆုံးအကြိမ်အဖြစ် ခံစစ်က တိုက်စစ်နည်းတူ မကောင်းခဲ့တာဖြစ်တယ်။ ခံစစ်က ယိုယွင်းမှုတွေ ရှိခဲ့ပေမယ့် တိုက်စစ်ကတော့ အရမ်းကို ထူးချွန်ပါတယ်။

ပွဲတစ်ပွဲလောက်နဲ့တော့ ဘာကိုမှ စိုးရိမ်နေစရာတွေလည်း မရှိပါဘူး။ ဘိုင်ယန်ကနေ သီယေဂို ရောက်လာပြီး ပူးပေါင်းခဲ့ရင်လည်း လီဗာပူးရဲ့ ကွင်းလယ်က အင်အားတောင့်တင်းလာလိမ့်မယ်။ သူက ဝိုက်နယ်ဒမ်ကို ထပ်မြင့်တင်လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ ” လို့ ဆိုထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး 1-1 လီဗာပူး ဖြစ်ပါတယ်။

ဒီပွဲမှာ အရင် အပတ်ပွဲစဉ်မှာ မပါနိုင်ခဲ့တဲ့ ဇီယက်လည်း ဆက်လက် လွဲချော်ဖို့ ရှိနေပြီး ဂျော်ဂျင်ဟိုလည်း ပွဲပယ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးနဲ့ ပွဲ အတွင်း ပင်နယ်တီ ရရင် ဂျော်ဂျင်ဟို မပါတာကြောင့် တီမိုဗာနာက တာဝန်ယူဖွယ် ရှိပါတယ်။