ေမြးေန႔ အထိမ္းအမွတ္ အေျခခံလူတန္းစား အိမ္ေထာင္စုေတြအတြက္ လွဴဒါန္းခဲ့ျပန္တဲ့ မင္းသားေနတိုး

မေန႔က စက္တင္ဘာ(၉)ရက္ေန႔ေလးကေတာ့ နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ ေနတိုးရဲ႕ ေမြးေန႔ေလးပါ။ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေနတိုးဟာ ရခိုင္ျပည္နယ္က ခက္ခဲေနတဲ့ အိမ္ေထာင္စုအတြက္ ေမြးေန႔အလႉ (၁၀) သိန္း လႉဒါန္းေပးခဲ့ပါတယ္။

ရခိုင္ တိုင္းရင္းသားေလး တစ္ေယာက္ျဖစ္တဲ့ ေနတိုးကေတာ့ သူ႔ရဲ႕ေမြးေန႔အတြက္ ရခိုင္ျပည္နယ္က အေျခခံလူတန္းစား အိမ္ေထာင္စုေတြအတြက္ အလႉေလးကို ရန္ကုန္ၿမိဳ႕ တာေမြမွာရွိတဲ့ အလိုေတာ္ျပည့္ေက်ာင္းတိုက္က ဆရာေတာ္ထံမွာ ေပးအပ္ လႉဒါန္းခဲ့ပါတယ္။

အေျခခံ စားေသာက္ကုန္၊ ေဆးနဲ႔ အိမ္သုံးပစၥည္းစုံ (၁၈) မ်ိဳး ပါဝင္တဲ့ တစ္ဘူး (၂၅၀၀၀) က်န္တန္ အလႉပုံးမ်ားကို ကိုဗစ္ကာလအတြင္း ခက္ခဲေနတဲ့ ရခိုင္ျပည္နယ္က အိမ္ေထာင္စု(၃၉) စုစာအတြက္ စုစုေပါင္း (၁၀) သိန္း တိတိကို လႉဒါန္းေပးခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္ ပရိသတ္ႀကီးေရ…

ေနတိုးကေတာ့ မၾကာေသးခင္မွ ရခိုင္စစ္ေဘးေရွာင္ျပည္သူေတြအတြက္ တဲအိမ္ (၁၅) လုံး ေငြက်ပ္သိန္း (၂၀) ေက်ာ္ကို လႉဒါန္းေပးခဲ့တဲ့အျပင္ ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ခက္ခဲေနတဲ့ အေျခခံလူတန္းစား အိမ္ေထာင္စုေတြ ေထာက္ပံ့ ကူညီေရးမွာလည္း သိန္း (၁၀၀) ရာ တိတိလႉဒါန္းေပးခဲ့သူပါ။

ကိုဗစ္ကာလ စတင္ကတည္းက လိုအပ္တဲ့ ေနရာတိုင္းကို က႑အလိုက္ ေထာက္ပံ့ကူညီမႈေတြ ဆက္တိုက္ လုပ္ေနတဲ့ ေနတိုးကေတာ့ မေန႔က သူ႔ရဲ႕ ေမြးေန႔ေလးမွာလည္း ရခိုင္ျပည္နယ္က ခက္ခဲေနတဲ့ အိမ္ေထာင္စုေတြအတြက္ ေငြက်ပ္ဆယ္သိန္း ထပ္မံ လႉဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။

မနေ့က စက်တင်ဘာ(၉)ရက်နေ့လေးကတော့ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နေတိုးရဲ့ မွေးနေ့လေးပါ။ မွေးနေ့အထိမ်းအမှတ်အဖြစ် နေတိုးဟာ ရခိုင်ပြည်နယ်က ခက်ခဲနေတဲ့ အိမ်ထောင်စုအတွက် မွေးနေ့အလှူ (၁၀) သိန်း လှူဒါန်းပေးခဲ့ပါတယ်။

ရခိုင် တိုင်းရင်းသားလေး တစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ သူ့ရဲ့မွေးနေ့အတွက် ရခိုင်ပြည်နယ်က အခြေခံလူတန်းစား အိမ်ထောင်စုတွေအတွက် အလှူလေးကို ရန်ကုန်မြို့ တာမွေမှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက်က ဆရာတော်ထံမှာ ပေးအပ် လှူဒါန်းခဲ့ပါတယ်။

အခြေခံ စားသောက်ကုန်၊ ဆေးနဲ့ အိမ်သုံးပစ္စည်းစုံ (၁၈) မျိုး ပါဝင်တဲ့ တစ်ဘူး (၂၅၀၀၀) ကျန်တန် အလှူပုံးများကို ကိုဗစ်ကာလအတွင်း ခက်ခဲနေတဲ့ ရခိုင်ပြည်နယ်က အိမ်ထောင်စု(၃၉) စုစာအတွက် စုစုပေါင်း (၁၀) သိန်း တိတိကို လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

နေတိုးကတော့ မကြာသေးခင်မှ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် တဲအိမ် (၁၅) လုံး ငွေကျပ်သိန်း (၂၀) ကျော်ကို လှူဒါန်းပေးခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် ခက်ခဲနေတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေ ထောက်ပံ့ ကူညီရေးမှာလည်း သိန်း (၁၀၀) ရာ တိတိလှူဒါန်းပေးခဲ့သူပါ။

ကိုဗစ်ကာလ စတင်ကတည်းက လိုအပ်တဲ့ နေရာတိုင်းကို ကဏ္ဍအလိုက် ထောက်ပံ့ကူညီမှုတွေ ဆက်တိုက် လုပ်နေတဲ့ နေတိုးကတော့ မနေ့က သူ့ရဲ့ မွေးနေ့လေးမှာလည်း ရခိုင်ပြည်နယ်က ခက်ခဲနေတဲ့ အိမ်ထောင်စုတွေအတွက် ငွေကျပ်ဆယ်သိန်း ထပ်မံ လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။