ယေန႔ နံနက္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး အေျပာင္းအေရႊ႕ သတင္းမ်ား (20/08/20)

ခ်ယ္ဆီးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ဆက္တိုက္ထြက္ေပၚေနတဲ့ ဗဟိုေနာက္ခံလူေတြျဖစ္ၾကတဲ့ လူးဝစ္ဒန္႔ခ္နဲ႔ ဘန္ဝႈိက္တို႔ကို လက္ရွိေႏြေဈးကြက္အတြင္း ေရာင္းခ်သြားမွာမဟုတ္ဘူးလို႔ ဘ႐ိုက္တန္ အသင္းက အတည္ျပဳသြားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းမွာ နည္းစနစ္အႀကံေပးအျဖစ္ ေဆာင္႐ြက္ေနတဲ့ ပီတာခ်က္ဟာ ၿပီးခဲ့တဲ့ရာသီမွာ လက္စြမ္းမတည္မၿငိမ္ျဖစ္ၿပီး စိတ္ပ်က္စရာျဖစ္ခဲ့တဲ့ ဂိုးသမားေလး ကီပါအရီဇာဘလာဂါကို ေနာက္တစ္ရာသီ အခ်ိန္ ထပ္ေပးသင့္တယ္လို႔ နည္းျပဖရန္႔လမ္းပတ္ကို တိုက္တြန္းထားေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

အက္သလက္တီကို မက္ဒရစ္ဗဟိုေနာက္ခံလူ ဟိုေဆးဟီမီနက္ဇ္ကေတာ့ သူဟာ ငယ္စဥ္ကေလးဘဝကတည္းက ခ်ယ္ဆီးအသင္းပရိသတ္ျဖစ္ခဲ့ၿပီး နည္းျပဖရန႔္ခ္လမ္းပတ္ရဲ႕ ကစားဟန္ေတြကို ေစာင့္ၾကည့္ရင္း ႀကီးျပင္းခဲ့ရသူျဖစ္တယ္ လို႔ ဖြင့္ဟခဲ့ပါတယ္။ ဒီလိုဖြင့္ဟလာတာေၾကာင့္ ဟီမီနက္ဇ္နဲ႔ ခ်ယ္ဆီးအသင္းတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ကို မီးစာျမႇင့္ေပးလိုက္သလို ျဖစ္လာခဲ့ပါတယ္။

စီးရီးေအထိပ္တန္းကလပ္ ဂ်ဴဗင္တပ္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဖီဒါရီကိုဘာနာဒက္စ္ခီကို ခ်ယ္ဆီးအသင္းနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းတို႔ အၿပိဳင္ ပစ္မွတ္ထားေနၾကတယ္လို႔ သိရပါတယ္။ အသက္ ၂၆ႏွစ္သားဟာ လက္ရွိေႏြေဈးကြက္အတြင္း တူရင္ေျမကို စြန႔္ခြာလိမ့္မယ္လို႔ သတင္းေတြ ထြက္ေပၚေနသူ ျဖစ္ပါတယ္။

ပယ္ဒ႐ိုကို ပူပူေႏြးေႏြးေခၚယူထားၿပီးျဖစ္တဲ့ စီးရီးေအကလပ္ ႐ိုးမားအသင္းဟာ ေနာက္ထပ္ခ်ဲလ္ဆီးကစားသမားတစ္ဦးျဖစ္တဲ့ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳကိုလည္း ေခၚယူသြားဖို႔ ဆက္လက္ ၾကိဳးစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ေတာင္ပံတိုက္စစ္ကစားသမားေလး ခရစ္စတီယန္ပူလီဆစ္ဟာ ခ်ယ္ဆီးအသင္းရဲ႕ အဓိကကစားသမားအျဖစ္ ၁၀ႏွစ္ေလာက္ ဆက္လက္ ကစားသြားႏိုင္စြမ္းရွိသူျဖစ္တယ္လို႔ ျခေသၤ့ျပာေဟာင္း ပက္ေနဗင္က ခ်ီးက်ဴးခဲ့ပါတယ္။

ကြင္းလယ္တိုက္စစ္ကစားသမားေလး ကိုင္းဟားဗက္ဇ္ဟာ သူ႔အေနနဲ႔ ခ်ယ္ဆီးအသင္းနဲ႔အတူ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြကို တတ္ႏိုင္သမွ် အျမန္ဆုံးစတင္လိုတာေၾကာင့္ အေျပာင္းအေ႐ႊ႕ ေဆြးေႏြးမႈေတြကို အခ်ိန္မဆြဲဖို႔ ေလဗာကူဆင္အသင္းဆီ ေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

Unicode

ချယ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ ဗဟိုနောက်ခံလူတွေဖြစ်ကြတဲ့ လူးဝစ်ဒန့်ခ်နဲ့ ဘန်ဝှိုက်တို့ကို လက်ရှိနွေဈေးကွက်အတွင်း ရောင်းချသွားမှာမဟုတ်ဘူးလို့ ဘရိုက်တန် အသင်းက အတည်ပြုသွားခဲ့ပါတယ်။

ချယ်ဆီးအသင်းမှာ နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ပီတာချက်ဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စွမ်းမတည်မငြိမ်ဖြစ်ပြီး စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ဂိုးသမားလေး ကီပါအရီဇာဘလာဂါကို နောက်တစ်ရာသီ အချိန် ထပ်ပေးသင့်တယ်လို့ နည်းပြဖရန့်လမ်းပတ်ကို တိုက်တွန်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အက်သလက်တီကို မက်ဒရစ်ဗဟိုနောက်ခံလူ ဟိုဆေးဟီမီနက်ဇ်ကတော့ သူဟာ ငယ်စဉ်ကလေးဘဝကတည်းက ချယ်ဆီးအသင်းပရိသတ်ဖြစ်ခဲ့ပြီး နည်းပြဖရန့်ခ်လမ်းပတ်ရဲ့ ကစားဟန်တွေကို စောင့်ကြည့်ရင်း ကြီးပြင်းခဲ့ရသူဖြစ်တယ် လို့ ဖွင့်ဟခဲ့ပါတယ်။ ဒီလိုဖွင့်ဟလာတာကြောင့် ဟီမီနက်ဇ်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ကို မီးစာမြှင့်ပေးလိုက်သလို ဖြစ်လာခဲ့ပါတယ်။

စီးရီးအေထိပ်တန်းကလပ် ဂျူဗင်တပ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဖီဒါရီကိုဘာနာဒက်စ်ခီကို ချယ်ဆီးအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ အပြိုင် ပစ်မှတ်ထားနေကြတယ်လို့ သိရပါတယ်။ အသက် ၂၆နှစ်သားဟာ လက်ရှိနွေဈေးကွက်အတွင်း တူရင်မြေကို စွန့်ခွာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။

ပယ်ဒရိုကို ပူပူနွေးနွေးခေါ်ယူထားပြီးဖြစ်တဲ့ စီးရီးအေကလပ် ရိုးမားအသင်းဟာ နောက်ထပ်ချဲလ်ဆီးကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုကိုလည်း ခေါ်ယူသွားဖို့ ဆက်လက် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ခရစ်စတီယန်ပူလီဆစ်ဟာ ချယ်ဆီးအသင်းရဲ့ အဓိကကစားသမားအဖြစ် ၁၀နှစ်လောက် ဆက်လက် ကစားသွားနိုင်စွမ်းရှိသူဖြစ်တယ်လို့ ခြင်္သေ့ပြာဟောင်း ပက်နေဗင်က ချီးကျူးခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်ကစားသမားလေး ကိုင်းဟားဗက်ဇ်ဟာ သူ့အနေနဲ့ ချယ်ဆီးအသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေကို တတ်နိုင်သမျှ အမြန်ဆုံးစတင်လိုတာကြောင့် အပြောင်းအရွှေ့ ဆွေးနွေးမှုတွေကို အချိန်မဆွဲဖို့ လေဗာကူဆင်အသင်းဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။