ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ အေျပာင္းအေရႊ႕ သတင္းတိုမ်ား (17/08/20)

အာဆင္နယ္ အသင္းဟာ တိုက္စစ္မႉး အူဘာမီယန္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈရရွိခဲ့တယ္လို႔ တယ္လီဂရပ္ဖ္ သတင္းက ေဖာ္ျပသြားပါတယ္။ ဂန္းနားတို႔အေနနဲ႔ ၎တို႔ အားထားရတဲ့ တိုက္စစ္မႉးနဲ႔ ေဆြးေႏြးမႈေတြကို အခ်ိန္တစ္ခုထိၾကာေအာင္ျပဳလုပ္ေနခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးမွာ စာခ်ဳပ္ထပ္မံခ်ဳပ္ဆိုဖို႔ကို သိမ္းသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အားကစားဒါ႐ိုက္တာခ်ဳပ္ရာထူးကို လက္လႊတ္ဆုံးရႈံးခဲ့ရတဲ့ ရာအူးလ္ဆန္လီဟီး ဟာ ဝန္ထမ္း ၅၅ဦးေလွ်ာ့ခ်မဲ့ အစီအစဥ္ကို ဆန႔္က်င္ခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါဝန္ထမ္းေတြကိုသာ ေလွ်ာ့ခ်ခဲ့ရင္ အေျပာင္းအေ႐ႊ႕အတြက္ အစီအစဥ္ေတြကို ထိခိုက္လာမွာစိုးတာေၾကာင့္ျဖစ္ေၾကာင္း Telegraph က ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း အခုခ်ိန္မွာေတာ့ ၄င္းကိုယ္တိုင္လည္း လူေလွ်ာ့ခံရတဲ့အထဲ ပါဝင္သြားခဲ့တယ္လို႔ပဲ ဆိုရေတာ့မွာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ျပင္သစ္ကလပ္ လိုင္လီအသင္းရဲ႕ ဗဟိုေနာက္ခံလူ ဂါဘရီရဲလ္မာဂယ္လ္လြိဳင္စ္ကို ေလးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ ကစားသမားျဖစ္သူနဲ႔ ပုဂၢိဳလ္ေရး သ‌ေဘာတူညီမႈ ရရွိခဲ့သလို လိုင္လီအသင္းနဲ႔ပါ သေဘာတူညီမႈရရွိဖို႔ အေျခအေနေကာင္းေနခဲ့တာပါ။

လိုင္ယြန္အသင္းအတြက္ ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားေလး ဟူဆန္အာဝါကိုလည္း အာဆင္နယ္အသင္း ဆက္လက္ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ဂြမ္ဒူဇီအလိုက္ပါဝင္တဲ့ ပထမအႀကိမ္ ကမ္းလွမ္းခ်က္ကိုေတာ့ လီယြန္အသင္းဘက္က ပယ္ခ်ထားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းကို ၈-၂ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ဘာစီလိုနာအသင္းဟာ တစ္သင္းလုံးနီးပါးကို ေရာင္းခ်သြားဖို႔ ဆုံးျဖတ္ခ်က္ခဲ့တဲ့အတြက္ ကြင္းလယ္တိုက္စစ္ကစားသမား ဖီလစ္ကူတင္ညိဳအေနနဲ႔ အာဆင္နယ္အသင္းဆီ ေရာက္ရွိဖို႔ ပိုမိုနီးစပ္လာခဲ့ေၾကာင္း Football London သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဂန္းနားတို႔ဟာ ကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းဖို႔အတြက္ ဘာစီလိုနာအသင္းရဲ႕ ဝါရင့္ကစားသမား အီဗန္ရာကီတစ္ကိုလည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ခ႐ိုေအးရွားသားဟာ ႏူးကမ့္ကေန ထြက္ခြာခ်င္ေနသူ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ မန္းေနးဂ်င္းဒါ႐ိုက္တာျဖစ္သူ ဗီနီးစ္ဗင္ကာတက္စ္ရွန္ကေတာ့ ပရိသတ္ေတြရဲ႕ ဆႏၵနဲ႔ လိုလားခ်က္ကို သူ႔အေနနဲ႔ သိရွိထားၿပီးျဖစ္တဲ့အတြက္ လက္ရွိေႏြေဈးကြက္အတြင္း အင္အားျဖည့္တင္းမႈေတြ ဆက္လက္ျပဳလုပ္သြားမွာျဖစ္သလို ဆုဖလားေအာင္ျမင္မႈေတြ ရရွိဖို႔အတြက္လည္း အေကာင္းဆုံးစြမ္းေဆာင္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

တူရကီကလပ္ ဂါလာတာစာေရးအသင္းဟာ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကစားသမား မိုဟာမက္အယ္လ္နီနီကို ေခၚယူခ်င္တဲ့အသင္းေတြထဲမွာ ပါဝင္လာခဲ့ပါတယ္။ အေစာပိုင္းကာလေတြမွာ အီဂ်စ္သားကို ေခၚယူႏိုင္ဖို႔အတြက္ တူရကီကလပ္အသင္းတသင္းပဲျဖစ္တဲ့ ထရာဘ္ဇြန္စေပၚအသင္းက ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနခဲ့တာပါ။ ဒါေပမဲ့လည္း ႏွစ္သင္းစလုံးကေတာ့ အငွားနဲ႔သာ ေခၚယူလိုေနၾကတာျဖစ္ၿပီး အာဆင္နယ္အသင္းကေတာ့ အၿပီးသတ္သာ ေရာင္းခ်လိုေနပါတယ္။

အလားအလာေကာင္းေတြ ျပသေနတဲ့ လူငယ္ဗဟိုေနာက္ခံလူေလး ဝီလီယံဆာလီဘာဟာ နည္းျပအာေတတာလက္ေအာက္မွာ အာဆင္နယ္အသင္းရဲ႕ ဗန္ဒိုက္ ျဖစ္လာႏိုင္တယ္လို႔ ဂႏၴဝင္ကစားသမားႀကီး အလန္စမစ္က ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

Unicode

အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိခဲ့တယ်လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြသွားပါတယ်။ ဂန်းနားတို့အနေနဲ့ ၎င်းတို့ အားထားရတဲ့ တိုက်စစ်မှူးနဲ့ ဆွေးနွေးမှုတွေကို အချိန်တစ်ခုထိကြာအောင်ပြုလုပ်နေခဲ့ရတာဖြစ်ပြီး နောက်ဆုံးမှာ စာချုပ်ထပ်မံချုပ်ဆိုဖို့ကို သိမ်းသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အားကစားဒါရိုက်တာချုပ်ရာထူးကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ ရာအူးလ်ဆန်လီဟီး ဟာ ဝန်ထမ်း ၅၅ဦးလျှော့ချမဲ့ အစီအစဉ်ကို ဆန့်ကျင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဝန်ထမ်းတွေကိုသာ လျှော့ချခဲ့ရင် အပြောင်းအရွှေ့အတွက် အစီအစဉ်တွေကို ထိခိုက်လာမှာစိုးတာကြောင့်ဖြစ်ကြောင်း Telegraph က ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာတော့ ၎င်းကိုယ်တိုင်လည်း လူလျှော့ခံရတဲ့အထဲ ပါဝင်သွားခဲ့တယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ ဗဟိုနောက်ခံလူ ဂါဘရီရဲလ်မာဂယ်လ်လွိုင်စ်ကို လေးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေး သ‌ဘောတူညီမှု ရရှိခဲ့သလို လိုင်လီအသင်းနဲ့ပါ သဘောတူညီမှုရရှိဖို့ အခြေအနေကောင်းနေခဲ့တာပါ။

လိုင်ယွန်အသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး ဟူဆန်အာဝါကိုလည်း အာဆင်နယ်အသင်း ဆက်လက်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဂွမ်ဒူဇီအလိုက်ပါဝင်တဲ့ ပထမအကြိမ် ကမ်းလှမ်းချက်ကိုတော့ လီယွန်အသင်းဘက်က ပယ်ချထားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ တစ်သင်းလုံးနီးပါးကို ရောင်းချသွားဖို့ ဆုံးဖြတ်ချက်ခဲ့တဲ့အတွက် ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ကူတင်ညိုအနေနဲ့ အာဆင်နယ်အသင်းဆီ ရောက်ရှိဖို့ ပိုမိုနီးစပ်လာခဲ့ကြောင်း Football London သတင်းဌာနက ဖော်ပြထားပါတယ်။

ဂန်းနားတို့ဟာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကစားသမား အီဗန်ရာကီတစ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ခရိုအေးရှားသားဟာ နူးကမ့်ကနေ ထွက်ခွာချင်နေသူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဗီနီးစ်ဗင်ကာတက်စ်ရှန်ကတော့ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ လိုလားချက်ကို သူ့အနေနဲ့ သိရှိထားပြီးဖြစ်တဲ့အတွက် လက်ရှိနွေဈေးကွက်အတွင်း အင်အားဖြည့်တင်းမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို ဆုဖလားအောင်မြင်မှုတွေ ရရှိဖို့အတွက်လည်း အကောင်းဆုံးစွမ်းဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မိုဟာမက်အယ်လ်နီနီကို ခေါ်ယူချင်တဲ့အသင်းတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ အီဂျစ်သားကို ခေါ်ယူနိုင်ဖို့အတွက် တူရကီကလပ်အသင်းတသင်းပဲဖြစ်တဲ့ ထရာဘ်ဇွန်စပေါ်အသင်းက ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေခဲ့တာပါ။ ဒါပေမဲ့လည်း နှစ်သင်းစလုံးကတော့ အငှားနဲ့သာ ခေါ်ယူလိုနေကြတာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ အပြီးသတ်သာ ရောင်းချလိုနေပါတယ်။

အလားအလာကောင်းတွေ ပြသနေတဲ့ လူငယ်ဗဟိုနောက်ခံလူလေး ဝီလီယံဆာလီဘာဟာ နည်းပြအာတေတာလက်အောက်မှာ အာဆင်နယ်အသင်းရဲ့ ဗန်ဒိုက် ဖြစ်လာနိုင်တယ်လို့ ဂန္ထဝင်ကစားသမားကြီး အလန်စမစ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။