ယေန႔ နံနက္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး အေျပာင္းအေရႊ႕ သတင္းမ်ား (15/08/20)

အသင္းေခါင္းေဆာင္ ဆီဆာအက္ပီလီေကြတာကေတာ့ တိုက္စစ္ကစားသမားေတြျဖစ္ၾကတဲ့ ဟာကင္မ္ဇီယက္ခ်္နဲ႔ တီမိုဗာနာတို႔ဟာ ေလ့က်င့္ေရးကြင္းမွာတင္ အားရစရာေျခစြမ္းေကာင္းေတြကို ျပသေနၾကၿပီျဖစ္ၿပီး လာမဲ့ရာသီမွာ ခ်ယ္ဆီးအသင္း အေနနဲ႔ ထိပ္တန္းအသင္းေတြနဲ႔ ကြာဟခ်က္နည္းလာႏိုင္တယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ အီမာဆင္ကို ပစ္မွတ္ထားႀကိဳးပမ္းေနတဲ့ စီးရီးေအထိပ္တန္းကလပ္ အင္တာမီလန္အသင္းဟာ ကြင္းလယ္ကစားသမား အန္ဂိုလိုကြန္ေတကိုပါ ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္လာေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ဂိုးသမားသစ္တစ္ဦး ရွာေဖြေနတဲ့ ခ်ယ္ဆီးအသင္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ အာဆင္နယ္အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လို႔ အရိပ္အႁမြက္ ဖြင့္ဟထားတဲ့ အာဂ်င္တီးနား ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္လည္း ပါဝင္လာခဲ့တယ္လို႔ ၿဗိတိန္မီဒီယာအခ်ိဳ႕က ေဖာ္ျပေနၾကပါတယ္။

ခ်ယ္ဆီး အသင္းဟာ ကြင္းလယ္ကစားသမား ဘာကာယိုကိုကို အၿပီးသတ္ ေရာင္းခ်ႏိုင္ဖို႔အတြက္ သတ္မွတ္တန္ေၾကးထက္ အမ်ားႀကီး ေလွ်ာ့ခ်သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဗဟိုေနာက္ခံလူေနရာကို အင္အားျဖည့္တင္းဖို႔အတြက္ ဒီဘက္ႏွစ္ပိုင္းေတြမွာ ဘ႐ိုက္တန္အသင္းအတြက္ ေျခစြမ္းျပကစားေနတဲ့ လူးဝစ္ဒန္႕ကိုလည္း ခ်ယ္ဆီး အသင္း ပစ္မွတ္ထား ႀကိဳးပမ္းေနတယ္လို႔ Mirror သတင္းဌာနက ေဖာ္ျပထားပါတယ္။

ကြင္းလယ္တိုက္စစ္ ကစားသမားေလး ကိုင္းဟားဗက္ဇ္နဲ႔ ခ်ယ္ဆီး အသင္းတို႔ သ‌ေဘာတူညီမႈရထားၿပီးၿပီဆိုတဲ့သတင္းေတြကို ေလဗာကူဆင္အသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဝူဒီဖယ္လာက ထပ္မံ ပယ္ခ်သြားခဲ့ၿပီး သူတို႔အသင္းအေနနဲ႔ ဂ်ာမန္သားေလးကို စိတ္ႀကိဳက္တန္ေၾကးရမွ ေရာင္းခ်သြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

လက္ရွိေႏြေဈးကြက္အတြင္းမွာ နည္းျပဖရန႔္ခ္လမ္းပတ္တစ္ေယာက္ စိတ္ႀကိဳက္လူအင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ ခ်ယ္ဆီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ဟာ အသုံးစားရိတ္ ေပါင္သန္း ၃၀၀အထိ ခ်ထားေပးသြားဖြယ္ ရွိေနတယ္လို႔လည္း သိရပါတယ္။

Uni – အသင်းခေါင်းဆောင် ဆီဆာအက်ပီလီကွေတာကတော့ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဟာကင်မ်ဇီယက်ချ်နဲ့ တီမိုဗာနာတို့ဟာ လေ့ကျင့်ရေးကွင်းမှာတင် အားရစရာခြေစွမ်းကောင်းတွေကို ပြသနေကြပြီဖြစ်ပြီး လာမဲ့ရာသီမှာ ချယ်ဆီးအသင်း အနေနဲ့ ထိပ်တန်းအသင်းတွေနဲ့ ကွာဟချက်နည်းလာနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ အီမာဆင်ကို ပစ်မှတ်ထားကြိုးပမ်းနေတဲ့ စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းဟာ ကွင်းလယ်ကစားသမား အန်ဂိုလိုကွန်တေကိုပါ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်လာကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဂိုးသမားသစ်တစ်ဦး ရှာဖွေနေတဲ့ ချယ်ဆီးအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ အရိပ်အမြွက် ဖွင့်ဟထားတဲ့ အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ်လည်း ပါဝင်လာခဲ့တယ်လို့ ဗြိတိန်မီဒီယာအချို့က ဖော်ပြနေကြပါတယ်။

ချယ်ဆီး အသင်းဟာ ကွင်းလယ်ကစားသမား ဘာကာယိုကိုကို အပြီးသတ် ရောင်းချနိုင်ဖို့အတွက် သတ်မှတ်တန်ကြေးထက် အများကြီး လျှော့ချသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗဟိုနောက်ခံလူနေရာကို အင်အားဖြည့်တင်းဖို့အတွက် ဒီဘက်နှစ်ပိုင်းတွေမှာ ဘရိုက်တန်အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ လူးဝစ်ဒန့်ကိုလည်း ချယ်ဆီး အသင်း ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့ Mirror သတင်းဌာနက ဖော်ပြထားပါတယ်။

ကွင်းလယ်တိုက်စစ် ကစားသမားလေး ကိုင်းဟားဗက်ဇ်နဲ့ ချယ်ဆီး အသင်းတို့ သ‌ဘောတူညီမှုရထားပြီးပြီဆိုတဲ့သတင်းတွေကို လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာ ဝူဒီဖယ်လာက ထပ်မံ ပယ်ချသွားခဲ့ပြီး သူတို့အသင်းအနေနဲ့ ဂျာမန်သားလေးကို စိတ်ကြိုက်တန်ကြေးရမှ ရောင်းချသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

လက်ရှိနွေဈေးကွက်အတွင်းမှာ နည်းပြဖရန့်ခ်လမ်းပတ်တစ်ယောက် စိတ်ကြိုက်လူအင်အားဖြည့်တင်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ချယ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ အသုံးစားရိတ် ပေါင်သန်း ၃၀၀အထိ ချထားပေးသွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။