ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ (13/08/20)
Uni – ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျိုရယ်ဆင်ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်၊ ချယ်ဆီးနဲ့ မန်စီးတီးအသင်းတို့ အပြိုင်ကြိုးပမ်းနေကြပါတယ်။ စီရိုလ်နာဒို လက်သစ်အဖြစ် နာမည်ကြီးနေတဲ့ ပေါ်တူဂီသားလေးဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၀ရှိသူ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ကိုင်းဟားဗက်ဇ်၊ ဘန်ချေဝဲလ်နဲ့ ဒက်ကလန်ရိုက်တို့ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်သွားနိုင်အောင် လက်ရှိအချိန်မှာ ကြိုးပမ်းနေတယ်လို့ Telegraph သတင်းဌာနက ‌ဖော်ပြထားပါတယ်။
အဲဒီအတွက် အ‌ရောင်းစာရင်းထဲမှာ ဘယ်နောက်ခံကစားသမား အီမာဆင်ပယ်မီယာရီပါဝင်နေပြီး စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းက ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ အသက် ၂၆နှစ် သားကို နည်းပြကွန်တီက အလေးအနက်ထား အလိုရှိနေတာပါ။
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ဂိုးသမားဖြစ်သူ ယန် အိုဘလက်နေရာကို အစားထိုးဖို့အတွက် ဂိုးသမားသစ်တစ်ဦး ရှာဖွေနေတာကြောင့် ခြင်္သေ့ပြာတို့အနေနဲ့ ဆလိုဗေးနီးယားသားကို ခေါ်ယူနိုင်ဖို့ရာ အလားအလာကောင်းလာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ကွင်းလယ်ကစားသမား ဘာကာယိုကိုကိုလည်း ရောင်းထုတ်နိုင်ဖို့အတွက် အေစီမီလန်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အေစီမီလန်အသင်းကတော့ ယူရို ၃၅သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ အငှား စာချုပ်နဲ့ ခေါ်ယူသွားလိုပေမဲ့လည်း ချယ်ဆီး အသင်းကတော့ အပြီးသတ်သာ ရောင်းချသွားလိုနေကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။
ပြင်သစ်သားကိုယ်တိုင်ကလည်း စတန်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာချင်နေပြီး အေစီမီလန်အသင်းဟာ သူ့နှလုံးသားထဲ ကအသင်းဆိုတာ လူတိုင်းသိတယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လတ်တလောမှာ သူဟာ ချယ်ဆီးကစားသမားဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမားလေး ဒက်ကလန်ရိုက်ကို ပေါင်သန်း ၅၀ကနေ စတင်ကာ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။ ဝက်စ်ဟမ်းကတော့ အင်္ဂလန်သားလေး အတွက် ပေါင်သန်း ၈၀လောက် အလိုရှိနေတာပါ။