ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ အေျပာင္းအေရႊ႕ သတင္းတိုမ်ား (11/08/20)

ဂန္းနားေဟာင္း ျဖစ္တဲ့ ကြင္းလယ္လူ အာ႐ြန္ရမ္ေဆးဟာ ဂ်ဴဗင္တပ္စ္အသင္းက အလိုမရွိေတာ့တာေၾကာင့္ အသင္းထပ္မံေျပာင္းေ႐ြ႕သြားဖို႔ရွိေနတဲ့အေၾကာင္း ေဒးလီးေမးလ္ သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

သုံးႏွစ္စာခ်ဳပ္၊ တစ္ပတ္လုပ္ခ ေပါင္ ၁သိန္းဝန္းက်င္နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရထားတဲ့ ဝါရင့္ေတာင္ပံတိုက္စစ္ကစားသမား ဝီလီယံဟာ အာဆင္နယ္အသင္းနဲ႔ ေဆးစစ္မႈ ေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ကို ဒီတစ္ပတ္အတြင္းမွာ တရားဝင္ေၾကညာသြားလိမ့္မယ္လို႔ သိရပါတယ္။

အေရာင္းစာရင္းထဲ ထည့္ထားတဲ့ ကြင္းလယ္ကစားသမားေလး မတ္သီ႐ို ဂြမ္ဒူဇီကို ျပင္သစ္ထိပ္တန္းကလပ္ ပီအက္စ္ဂ်ီအသင္းက ခ်ိတ္ဆက္လာပါတယ္။ ဂန္းနားတို႔ကေတာ့ အသက္ ၂၁ႏွစ္သားေလးအတြက္ ေပါင္သန္း ၄၀ခန႔္ အလိုရွိေၾကာင္း တုံ႔ျပန္ထားတယ္လို႔ သိရပါတယ္။

အာဆင္နယ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားေလး ဟူဆန္အာဝါကို လက္ရွိေႏြေဈးကြက္အတြင္းမွာ ေရာင္းခ်သြားရႏိုင္ေျခရွိေနေၾကာင္း လီယြန္အသင္းရဲ႕ အားကစား ဒါ႐ိုက္တာ ဂ်ဴနင္ဟိုက အတည္ျပဳသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းက ေရာင္းခ်သြားဖို႔ ျပင္ဆင္ထားတဲ့ ကြင္းလယ္ကစားသမားေလး မိတ္လန္-ႏိုင္းစ္စ္ကို ပရီးမီးယားလိဂ္ကလပ္အသင္းႏွစ္သင္းနဲ႔ ဘြန္ဒက္လီဂါကလပ္အသင္းတစ္သင္းတို႔က ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။ လီလ္အသင္းရဲ႕ ေနာက္ဆုံ ဂါဘရီရဲလ္မာဂယ္လြိဳင္စ္ကို ေခၚယူႏိုင္ဖို႔အတြက္ေတာ့ ဂန္းနားတို႔ ဆက္လက္ေဆြးေႏြးဆဲပါပဲ။

ေနာက္ပိုင္းပြဲစဥ္ေတြတေလွ်ာက္ လီႏိုဒဏ္ရာရေနခ်ိန္မွာ လက္စြမ္းေကာင္းေတြ ဆက္တိုက္ျပသၿပီး အာဆင္နယ္အသင္းအတြက္ အက္ဖ္ေအဖလားပါ ရယူေပးခဲ့တဲ့ ဂိုးသမားျဖစ္သူ အီမီလီယာႏို မာတီနက္ဇ္ကေတာ့ လာမဲ့ရာသီမွာသာ ပြဲထြက္ခြင့္ ပိုမရခဲ့ဘူးဆိုရင္ အမ္းမရိတ္ေျမကေန ထြက္ခြာမယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

လူငယ္ဗဟိုေနာက္ခံလူ ဇက္ခ်္မက္ဒ္ေလကို လိဂ္ဝမ္းကလပ္ ေဂလင္ဟမ္နဲ႔ အသက္ ၁၉ႏွစ္အ႐ြယ္ ေနာက္ခံလူေလး ဇက္ခ္ဆြမ္ဆန္ကို နယ္သာလန္ကလပ္ MVV မက္စတစ္သ္အသင္းဆီ အငွားခ်ခဲ့ေၾကာင္း အာဆင္နယ္အသင္းက တရားဝင္ေၾကညာသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေသာမတ္စ္ပါေတးကို ေခၚယူဖို႔အတြက္ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ၿပီးဆုံးတဲ့ခ်ိန္မွသာ ေဆြးေႏြးမႈေတြ ဆက္လက္ျပဳလုပ္သြားမွာျဖစ္ၿပီး အတတ္ႏိုင္ဆုံး စာခ်ဳပ္ဖ်က္သိမ္းေၾကး မေပးရေစဖို႔အတြက္ ညႇိႏႈိင္းသြားမယ္လို႔ သိရပါတယ္။ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းကို မတတ္တာတဲ့အဆုံးမွ ေပးေခ်သြားမွာျဖစ္ေၾကာင္း The Athletic က ေဖာ္ျပထားပါတယ္။

Uni – ဂန်းနားဟောင်း ဖြစ်တဲ့ ကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းက အလိုမရှိတော့တာကြောင့် အသင်းထပ်မံပြောင်းရွေ့သွားဖို့ရှိနေတဲ့အကြောင်း ဒေးလီးမေးလ် သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သုံးနှစ်စာချုပ်၊ တစ်ပတ်လုပ်ခ ပေါင် ၁သိန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားတဲ့ ဝါရင့်တောင်ပံတိုက်စစ်ကစားသမား ဝီလီယံဟာ အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ကို ဒီတစ်ပတ်အတွင်းမှာ တရားဝင်ကြေညာသွားလိမ့်မယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားလေး ဟူဆန်အာဝါကို လက်ရှိနွေဈေးကွက်အတွင်းမှာ ရောင်းချသွားရနိုင်ခြေရှိနေကြောင်း လီယွန်အသင်းရဲ့ အားကစား ဒါရိုက်တာ ဂျူနင်ဟိုက အတည်ပြုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းက ရောင်းချသွားဖို့ ပြင်ဆင်ထားတဲ့ ကွင်းလယ်ကစားသမားလေး မိတ်လန်-နိုင်းစ်စ်ကို ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်သင်းနဲ့ ဘွန်ဒက်လီဂါကလပ်အသင်းတစ်သင်းတို့က ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ လီလ်အသင်းရဲ့ နောက်ဆုံ ဂါဘရီရဲလ်မာဂယ်လွိုင်စ်ကို ခေါ်ယူနိုင်ဖို့အတွက်တော့ ဂန်းနားတို့ ဆက်လက်ဆွေးနွေးဆဲပါပဲ။

အရောင်းစာရင်းထဲ ထည့်ထားတဲ့ ကွင်းလယ်ကစားသမားလေး မတ်သီရို ဂွမ်ဒူဇီကို ပြင်သစ်ထိပ်တန်းကလပ် ပီအက်စ်ဂျီအသင်းက ချိတ်ဆက်လာပါတယ်။ ဂန်းနားတို့ကတော့ အသက် ၂၁နှစ်သားလေးအတွက် ပေါင်သန်း ၄၀ခန့် အလိုရှိကြောင်း တုံ့ပြန်ထားတယ်လို့ သိရပါတယ်။

နောက်ပိုင်းပွဲစဉ်တွေတလျှောက် လီနိုဒဏ်ရာရနေချိန်မှာ လက်စွမ်းကောင်းတွေ ဆက်တိုက်ပြသပြီး အာဆင်နယ်အသင်းအတွက် အက်ဖ်အေဖလားပါ ရယူပေးခဲ့တဲ့ ဂိုးသမားဖြစ်သူ အီမီလီယာနို မာတီနက်ဇ်ကတော့ လာမဲ့ရာသီမှာသာ ပွဲထွက်ခွင့် ပိုမရခဲ့ဘူးဆိုရင် အမ်းမရိတ်မြေကနေ ထွက်ခွာမယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လူငယ်ဗဟိုနောက်ခံလူ ဇက်ချ်မက်ဒ်လေကို လိဂ်ဝမ်းကလပ် ဂေလင်ဟမ်နဲ့ အသက် ၁၉နှစ်အရွယ် နောက်ခံလူလေး ဇက်ခ်ဆွမ်ဆန်ကို နယ်သာလန်ကလပ် MVV မက်စတစ်သ်အသင်းဆီ အငှားချခဲ့ကြောင်း အာဆင်နယ်အသင်းက တရားဝင်ကြေညာသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သောမတ်စ်ပါတေးကို ခေါ်ယူဖို့အတွက် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြီးဆုံးတဲ့ချိန်မှသာ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး အတတ်နိုင်ဆုံး စာချုပ်ဖျက်သိမ်းကြေး မပေးရစေဖို့အတွက် ညှိနှိုင်းသွားမယ်လို့ သိရပါတယ်။ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်းကို မတတ်တာတဲ့အဆုံးမှ ပေးချေသွားမှာဖြစ်ကြောင်း The Athletic က ဖော်ပြထားပါတယ်။