ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ အေျပာင္းအေရႊ႕ သတင္းတိုမ်ား (10/08/20)

အာဆင္နယ္အသင္းဟာ ျပင္သစ္ကလပ္ မာေဆးလ္အသင္းရဲ႕ အသက္ ၂၅ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမား ေမာ္ဂန္ဆိုဆြန္ကို စပါး၊ ဝက္စ္ဟမ္းအသင္းတို႔နဲ႔အၿပိဳင္ ခ်ဥ္းကပ္ေနေၾကာင္း Express သတင္းဌာနက ေဖာ္ျပထားပါတယ္။

ကြင္းလယ္ကစားသမားေလး လူးကပ္စ္ေတာ္ရဲရားကို ဂန္းနားတို႔ ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနရာမွာ ေအစီမီလန္၊ ဖီအိုရင္တီးနားတို႔လို စီးရီးေအကလပ္အသင္းေတြအျပင္ အက္သလက္တီကိုမက္ဒရစ္အသင္းကပါ စိတ္ဝင္စားလာခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္။

အသက္ ၂၉ႏွစ္အ႐ြယ္ တိုက္စစ္မႉး လာကာဇက္ကိုေတာ့ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္ရရင္ ဂန္းနားတို႔ ေရာင္းခ်သြားဖို႔ စီစဥ္ေနၿပီး စီးရီးေအထိပ္တန္းကလပ္ ယူဗင္တပ္အသင္းနဲ႔ အက္လလက္တီကို မက္ဒရစ္အသင္းတို႔က စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

အသက္အ႐ြယ္တခုရလာၿပီျဖစ္တဲ့ ကစားသမားတစ္ဦးကို လစာေငြအမ်ားႀကီး ေပးေခ်ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုတာဟာ အခက္ေတြ႕ႏိုင္ေၾကာင္းကို အိုေဇးလ္က သက္ေသျပထားၿပီးျဖစ္ေပမဲ့ အာဆင္နယ္ အသင္းအတြက္ေတာ့ အူဘာမီယန္းလို ကစားသမားမ်ိဳးက ျပႆနာတစ္ခုမဟုတ္ႏိုင္ဘူးဆိုကာ အသင္းေခါင္းေဆာင္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားမဲ့ကိစၥနဲ႔ပတ္သက္လို႔ ဂႏၴဝင္ကစားသမားႀကီး မာတင္ကီယြန္က မွတ္ခ်က္ျပဳခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေပၚေနသလိုပဲ လီလ္အသင္းရဲ႕ အသက္ ၂၂ႏွစ္အ႐ြယ္ ဘရာဇီးလ္ ဗဟိုေနာက္ခံလူ ဂါဘရီရဲလ္မာဂယ္လြိဳင္စ္ကို လာမဲ့တစ္ပတ္ထဲမွာ ေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။ မာဂယ္လြိဳင္စ္ဟာ AZ ေအာ့ကမာအသင္းနဲ႔ လီလ္အသင္းတို႔ရဲ႕ ေျခစမ္းပြဲစဥ္လူစာရင္းမွာ မပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီး ေတာင္ပံကစားသမား ၀ီလီယံဟာ ၄င္းရဲ႕ ကလပ္အသင္းကို တရား၀င္ ႏႈတ္ဆက္ စကားဆိုခဲ့ျပီ ျဖစ္တာေၾကာင့္ အာဆင္နယ္ အသင္းထံ ေျပာင္းေရႊ႕မႈကို သိပ္မၾကာခင္ပဲ အျပီးသတ္ ေၾကျငာနုိင္ဖြယ္ ရွိပါတယ္။

အာဆင္နယ္အသင္းဟာ ကြင္းလယ္ကစားသမား မီဆုအိုေဇးလ္ကို ေလ်ာ္ေၾကးတစ္ရပ္ေပးေခ်ၿပီး စာခ်ဳပ္ဖ်က္သိမ္းကာ အမ္းမရိတ္ေျမကေန ထြက္ခြာေစတဲ့အထိ စီစဥ္လာခဲ့ေၾကာင္း Mirror သတင္းဌာနက ေဖာ္ျပထားပါတယ္။ ဂန္းနားတို႔ဟာ လစာေငြေပးေခ်မႈပမာဏကို ခ်ိန္ညႇိႏိုင္ဖို႔အတြက္ တစ္ပတ္လုပ္ခ ေပါင္ ၃သိန္းခြဲေပးေခ်ေနရတဲ့ အိုေဇးလ္လိုကစားသမားမ်ိဳးကို ရွင္းထုတ္ပစ္ခ်င္ေနပါတယ္။

တူရကီသတင္းဌာနေတြကေတာ့ အသက္ ၃၁ႏွစ္အ႐ြယ္ ဂ်ာမန္သားဟာ လက္ရွိေႏြေဈးကြက္အတြင္းမွာ တူရကီစူပါလိဂ္ထိပ္တန္းကလပ္ ဘိုဆာဆီဟီယာအသင္းဆီ ေျပာင္းေ႐ႊ႕သြားႏိုင္ေၾကာင္း ေဖာ္ျပေနၾကပါတယ္။ အိုေဇးလ္ဟာ လတ္တေလာမွာ တူရကီႏိုင္ငံကို ေရာက္ရွိေနသူလည္း ျဖစ္ပါတယ္။

Uni – အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် မာဆေးလ်အသင်းရဲ့ အသက် ၂၅နှစ်အရွယ် ကွင်းလယ်ကစားသမား မော်ဂန်ဆိုဆွန်ကို စပါး၊ ဝက်စ်ဟမ်းအသင်းတို့နဲ့အပြိုင် ချဉ်းကပ်နေကြောင်း Express သတင်းဌာနက ဖော်ပြထားပါတယ်။

ကွင်းလယ်ကစားသမားလေး လူးကပ်စ်တော်ရဲရားကို ဂန်းနားတို့ ရောင်းချသွားဖို့ ပြင်ဆင်နေရာမှာ အေစီမီလန်၊ ဖီအိုရင်တီးနားတို့လို စီးရီးအေကလပ်အသင်းတွေအပြင် အက်သလက်တီကိုမက်ဒရစ်အသင်းကပါ စိတ်ဝင်စားလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၉နှစ်အရွယ် တိုက်စစ်မှူး လာကာဇက်ကိုတော့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ရရင် ဂန်းနားတို့ ရောင်းချသွားဖို့ စီစဉ်နေပြီး စီးရီးအေထိပ်တန်းကလပ် ယူဗင်တပ်အသင်းနဲ့ အက်လလက်တီကိုမက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက်အရွယ်တခုရလာပြီဖြစ်တဲ့ ကစားသမားတစ်ဦးကို လစာငွေအများကြီး ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုတာဟာ အခက်တွေ့နိုင်ကြောင်းကို အိုဇေးလ်က သက်သေပြထားပြီးဖြစ်ပေမဲ့ အာဆင်နယ် အသင်းအတွက်တော့ အူဘာမီယန်းလို ကစားသမားမျိုးက ပြဿနာတစ်ခုမဟုတ်နိုင်ဘူးဆိုကာ အသင်းခေါင်းဆောင်ကို စာချုပ်သစ်ချုပ်ဆိုသွားမဲ့ကိစ္စနဲ့ပတ်သက်လို့ ဂန္ထဝင်ကစားသမားကြီး မာတင်ကီယွန်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေသလိုပဲ လီလ်အသင်းရဲ့ အသက် ၂၂နှစ်အရွယ် ဘရာဇီးလ် ဗဟိုနောက်ခံလူ ဂါဘရီရဲလ်မာဂယ်လွိုင်စ်ကို လာမဲ့တစ်ပတ်ထဲမှာ ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ မာဂယ်လွိုင်စ်ဟာ AZ အော့ကမာအသင်းနဲ့ လီလ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်လူစာရင်းမှာ မပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ချယ်ဆီး တောင်ပံကစားသမား ဝီလီယံဟာ ၎င်းရဲ့ ကလပ်အသင်းကို တရားဝင် နှုတ်ဆက် စကားဆိုခဲ့ပြီ ဖြစ်တာကြောင့် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့မှုကို သိပ်မကြာခင်ပဲ အပြီးသတ် ကြေငြာနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား မီဆုအိုဇေးလ်ကို လျော်ကြေးတစ်ရပ်ပေးချေပြီး စာချုပ်ဖျက်သိမ်းကာ အမ်းမရိတ်မြေကနေ ထွက်ခွာစေတဲ့အထိ စီစဉ်လာခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြထားပါတယ်။ ဂန်းနားတို့ဟာ လစာငွေပေးချေမှုပမာဏကို ချိန်ညှိနိုင်ဖို့အတွက် တစ်ပတ်လုပ်ခ ပေါင် ၃သိန်းခွဲပေးချေနေရတဲ့ အိုဇေးလ်လိုကစားသမားမျိုးကို ရှင်းထုတ်ပစ်ချင်နေပါတယ်။

တူရကီသတင်းဌာနတွေကတော့ အသက် ၃၁နှစ်အရွယ် ဂျာမန်သားဟာ လက်ရှိနွေဈေးကွက်အတွင်းမှာ တူရကီစူပါလိဂ်ထိပ်တန်းကလပ် ဘိုဆာဆီဟီယာအသင်းဆီ ပြောင်းရွှေ့သွားနိုင်ကြောင်း ဖော်ပြနေကြပါတယ်။ အိုဇေးလ်ဟာ လတ်တလောမှာ တူရကီနိုင်ငံကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။