ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ သတင္းမ်ား (09/08/20)

၂၀၁၉/၂၀ရာသီအတြက္ အာဆင္နယ္အသင္းရဲ႕ အေကာင္းဆုံး ကစားသမားဆုရရွိခဲ့တဲ့ တိုက္စစ္မႉး အူဘာမီယန္းဟာ သုံးႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္ကို လာမဲ့ရက္သတၱပတ္အတြင္း လက္မွတ္ထိုးျပီး တရားဝင္ေၾကညာသြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ အသင္းဟာ ဘာစီလိုနာကြင္းလယ္တိုက္စစ္ကစားသမား ဖီလစ္ကူတင္ညိဳနဲ႔ ပုဂၢိဳလ္ေရးသ‌ေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ဘရာဇီးလ္သားကို ဂန္းနားတို႔ တစ္ရာသီ အငွားနဲ႔‌ ေခၚယူႏိုင္ဖြယ္ရွိေနၿပီး ဘာစီလိုနာအသင္းက လစာအခ်ိဳ႕တဝက္ကို ေပးေခ်ေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဂႏၴဝင္ကစားသမားႀကီး မာတင္ကီယြန္ကေတာ့ ခ်ဲလ္ဆီးေတာင္ပံတိုက္စစ္ကစားသမား ဝီလီယံကို ေခၚယူမဲ့အစီအစဥ္ကို ေထာက္ခံသြားခဲ့ၿပီး ဘာစီလိုနာကြင္းလယ္တိုက္စစ္ကစားသမား ကူတင္ညိဳထက္ ပိုမိုစိတ္ခ်လို႔ရတဲ့ ကစားသမားျဖစ္ေၾကာင္း မွတ္ခ်က္ျပဳသုံးသပ္သြားခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ ပစ္မွတ္ လိုင္လီ ဗဟိုေနာက္ခံလူ ဂါဘရီရဲလ္မာဂယ္လြိဳင္စ္ဟာ ညကနယ္သာလန္ကလပ္ AZ ေအာ့ကမာအသင္းနဲ႔ ကစားမဲ့ ေျခစမ္းပြဲစဥ္ရဲ႕ လူစာရင္းထဲမွာ မပါခဲ့တာေၾကာင့္ ဂန္းနားတို႔ ေခၚယူႏိုင္ဖို႔ရာ အေျခအေနပိုေကာင္းလာခဲ့ပါတယ္။ လိုင္လီအသင္းဟာ ဂါဘရီရဲလ္ဝတ္ဆင္တဲ့ ေက်ာနံပါတ္ ၄ကိုလည္း လူငယ္ဗဟိုေနာက္ခံလူတစ္ဦးျဖစ္သူ နာဆင္းအင္ႏိုဆြန္တီကို ေပးအပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

အာဆင္နယ္ အသင္းဟာ ေသာမတ္စ္ပါေတး၊ ဂါဘရီရဲလ္မာဂယ္လ္လြိဳင္စ္၊ ဒါနီဆီဘယ္ေယာ့စ္တို႔ကို ေခၚယူႏိုင္ဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ အထိ အသုံးျပဳသြားမယ္လို႔ ေဒးလီးေမးလ္ သတင္းဌာန က ေဖာ္ျပထားပါတယ္။

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ အသက္ ၂၉ႏွစ္အ႐ြယ္ ကြင္းလယ္တိုက္စစ္ကစားသမား ဟာမီးစ္႐ိုဒရီဂြတ္ဇ္ကို လက္ရွိေႏြေဈးကြက္အတြင္း အရေခၚယူသြားဖို႔ ဆုံးျဖတ္ထားေၾကာင္း စပိန္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္းၾကီး ေပါလ္မာဆင္ကလည္း ဝီလီယံဟာ အရည္အေသြးျမင့္ စပယ္ရွယ္ကစားသမားတစ္ဦးျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ မယုံႏိုင္စရာ ေခၚယူမႈတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ဆိုလိုက္ပါတယ္။ ဂန္းနားတို႔ဟာ ဘရာဇီးလ္သားကို ၃ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ဖို႔ရာ အနီးစပ္ဆုံး ျဖစ္ေနတာပါ။

Uni – ၂၀၁၉/၂၀ရာသီအတွက် အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ကစားသမားဆုရရှိခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ သုံးနှစ်သက်တမ်းရှိစာချုပ်သစ်ကို လာမဲ့ရက်သတ္တပတ်အတွင်း လက်မှတ်ထိုးပြီး တရားဝင်ကြေညာသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်းဟာ ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ကူတင်ညိုနဲ့ ပုဂ္ဂိုလ်ရေးသ‌ဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘရာဇီးလ်သားကို ဂန်းနားတို့ တစ်ရာသီ အငှားနဲ့‌ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး ဘာစီလိုနာအသင်းက လစာအချို့တဝက်ကို ပေးချေပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂန္ထဝင်ကစားသမားကြီး မာတင်ကီယွန်ကတော့ ချဲလ်ဆီးတောင်ပံတိုက်စစ်ကစားသမား ဝီလီယံကို ခေါ်ယူမဲ့အစီအစဉ်ကို ထောက်ခံသွားခဲ့ပြီး ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား ကူတင်ညိုထက် ပိုမိုစိတ်ချလို့ရတဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြုသုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ် လိုင်လီ ဗဟိုနောက်ခံလူ ဂါဘရီရဲလ်မာဂယ်လွိုင်စ်ဟာ ညကနယ်သာလန်ကလပ် AZ အော့ကမာအသင်းနဲ့ ကစားမဲ့ ခြေစမ်းပွဲစဉ်ရဲ့ လူစာရင်းထဲမှာ မပါခဲ့တာကြောင့် ဂန်းနားတို့ ခေါ်ယူနိုင်ဖို့ရာ အခြေအနေပိုကောင်းလာခဲ့ပါတယ်။ လိုင်လီအသင်းဟာ ဂါဘရီရဲလ်ဝတ်ဆင်တဲ့ ကျောနံပါတ် ၄ကိုလည်း လူငယ်ဗဟိုနောက်ခံလူတစ်ဦးဖြစ်သူ နာဆင်းအင်နိုဆွန်တီကို ပေးအပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

အာဆင်နယ် အသင်းဟာ သောမတ်စ်ပါတေး၊ ဂါဘရီရဲလ်မာဂယ်လ်လွိုင်စ်၊ ဒါနီဆီဘယ်ယော့စ်တို့ကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိ အသုံးပြုသွားမယ်လို့ ဒေးလီးမေးလ် သတင်းဌာန က ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ အသက် ၂၉နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွတ်ဇ်ကို လက်ရှိနွေဈေးကွက်အတွင်း အရခေါ်ယူသွားဖို့ ဆုံးဖြတ်ထားကြောင်း စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး ပေါလ်မာဆင်ကလည်း ဝီလီယံဟာ အရည်အသွေးမြင့် စပယ်ရှယ်ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းအတွက်တော့ မယုံနိုင်စရာ ခေါ်ယူမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ ဂန်းနားတို့ဟာ ဘရာဇီးလ်သားကို ၃နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ရာ အနီးစပ်ဆုံး ဖြစ်နေတာပါ။