ယေန႔ နံနက္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းတိုမ်ား (08-08-20)

အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ဒဏ္ရာ ရခဲ့တဲ့ ပူလီဆစ္ဟာ သီတင္းပတ္ ၃-၄ ပတ္ၾကာ နားရဦးမွာ ျဖစ္ျပီး ပရီးမီးယားလိဂ္ ေနာက္ရာသီ အစပိုင္း ပြဲစဥ္မ်ားကိုပါ လြဲေခ်ာ္ဖြယ္ ရွိေၾကာင္း နည္းျပ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္ရမယ့္ ပြဲမွာ ပူလီဆစ္ အျပင္ အသင္းေခါင္းေဆာင္ ကြီတာနဲ႕ ပက္ဒရိုတို႔လည္း ပါ၀င္နုိင္ဦးမွာ မဟုတ္ေၾကာင္း လမ္းပတ္က ဆိုခဲ့ျပီး ကြင္းလယ္ ကစားသမား ကန္ေတနဲ႕ ေလာ့ဖ္တပ္ခ်ိစ္တို႔ကေတာ့ ျပန္ကစားနုိင္ဖို႔ ရွိေၾကာင္း အသိေပးခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ဝါရင့္ေတာင္ပံကစားသမား ဝီလီယံကို အာဆင္နယ္ထံ လက္လႊတ္ရမွာနဲ႔ ပတ္သတ္ျပီး “ကြၽန္ေတာ့္နဲ႔ သူ႔အၾကား ဆက္ဆံေရးေကာင္းပါတယ္။ သူ႔အသင္း ေျပာင္းသြားရင္လည္း ကြၽန္ေတာ္ စိတ္မပ်က္ပါဘူး။ ” လို႔ လမ္းပတ္ကဆိုခဲ့ပါတယ္။

ျပင္သစ္ကလပ္ ရန္းနက္စ္ အသင္းဟာ ခ်ယ္ဆီး အသင္းေနာက္ခံကစားသမားေလး တိုမိုရီကို အငွားေခၚယူႏိုင္ဖို႔ စတင္ႀကိဳးစားေနၿပီ ျဖစ္ေၾကာင္း သတင္းရရွိပါတယ္။ ခ်ယ္ဆီး အသင္းဟာ တိုမိုရီကို အျခား အသင္းေတြထံ အၿပီးသတ္ ေရာင္းခ်ဖို႔ ဆႏၵလုံးဝမရွိေပမယ့္ ပိုမို အေတြ႕အႀကဳံရရွိေစဖို႔အတြက္ ယခုလို ရန္းနက္စ္ အသင္းထံ အငွားခ်ဖို႔ စိတ္ဝင္စားလွ်က္ရွိေနၿပီး ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္း တိုမိုရီရဲ႕ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္လာႏိုင္မယ့္ အေျခအေနမွာ ရွိေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရာသီရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး နည္းျပဆုအတြက္ ခ်ယ္ဆီး အသင္းနည္းျပ လမ္းပတ္ဟာ မန္စီးတီး အသင္းနည္းျပ ဂြာဒီယိုလာ၊ ဂ်ာဂ်န္ ကေလာ့ပ္၊ ေရာ္ဂ်ာ၊ ခရစ္ဝိုင္လ္ဒါ စတဲ့ နည္းျပေတြနဲ႔ အတူ ထိပ္ဆုံးမွာ ေရပန္းစားေနေၾကာင္း သတင္း ရရွိပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမားသစ္ တီမို၀ါနာဟာ အသင္းမွာ တခ်ိန္က လွ်မ္းလွ်မ္းေတာက္ခဲ့တဲ့ တိုက္စစ္မွဴး ဒေရာ့ဘာ လို ေအာင္ျမင္နုိင္ေၾကာင္း ခ်ယ္ဆီးအသင္းသားေဟာင္း ဆင္ကလဲယားက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

Uni – အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ပူလီဆစ်ဟာ သီတင်းပတ် ၃-၄ ပတ်ကြာ နားရဦးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ရာသီ အစပိုင်း ပွဲစဉ်များကိုပါ လွဲချော်ဖွယ် ရှိကြောင်း နည်းပြ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ ပူလီဆစ် အပြင် အသင်းခေါင်းဆောင် ကွီတာနဲ့ ပက်ဒရိုတို့လည်း ပါဝင်နိုင်ဦးမှာ မဟုတ်ကြောင်း လမ်းပတ်က ဆိုခဲ့ပြီး ကွင်းလယ် ကစားသမား ကန်တေနဲ့ လော့ဖ်တပ်ချိစ်တို့ကတော့ ပြန်ကစားနိုင်ဖို့ ရှိကြောင်း အသိပေးခဲ့ပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ ဝါရင့်တောင်ပံကစားသမား ဝီလီယံကို အာဆင်နယ်ထံ လက်လွှတ်ရမှာနဲ့ ပတ်သတ်ပြီး “ကျွန်တော့်နဲ့ သူ့အကြား ဆက်ဆံရေးကောင်းပါတယ်။ သူ့အသင်း ပြောင်းသွားရင်လည်း ကျွန်တော် စိတ်မပျက်ပါဘူး။ ” လို့ လမ်းပတ်ကဆိုခဲ့ပါတယ်။

ပြင်သစ်ကလပ် ရန်းနက်စ် အသင်းဟာ ချယ်ဆီး အသင်းနောက်ခံကစားသမားလေး တိုမိုရီကို အငှားခေါ်ယူနိုင်ဖို့ စတင်ကြိုးစားနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ချယ်ဆီး အသင်းဟာ တိုမိုရီကို အခြား အသင်းတွေထံ အပြီးသတ် ရောင်းချဖို့ ဆန္ဒလုံးဝမရှိပေမယ့် ပိုမို အတွေ့အကြုံရရှိစေဖို့အတွက် ယခုလို ရန်းနက်စ် အသင်းထံ အငှားချဖို့ စိတ်ဝင်စားလျှက်ရှိနေပြီး နွေရာသီ အပြောင်းအရွှေ့အတွင်း တိုမိုရီရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်မယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် ချယ်ဆီး အသင်းနည်းပြ လမ်းပတ်ဟာ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ၊ ဂျာဂျန် ကလော့ပ်၊ ရော်ဂျာ၊ ခရစ်ဝိုင်လ်ဒါ စတဲ့ နည်းပြတွေနဲ့ အတူ ထိပ်ဆုံးမှာ ရေပန်းစားနေကြောင်း သတင်း ရရှိပါတယ်။

ချယ်ဆီး တိုက်စစ်သမားသစ် တီမိုဝါနာဟာ အသင်းမှာ တချိန်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ တိုက်စစ်မှူး ဒရော့ဘာ လို အောင်မြင်နိုင်ကြောင်း ချယ်ဆီးအသင်းသားဟောင်း ဆင်ကလဲယားက ထောက်ခံ ပြောဆိုလိုက်ပါတယ်။