ယေန႔ နံနက္ခင္း ေနာက္ဆံုးရ အာဆင္နယ္ သတင္းမ်ား (04/08/20)

ဘယ္ေနာက္ခံလူကီရင္တီယာေနးရဲ႕ ေျခစြမ္းေျခစေတြကိုလည္း ဂႏၴဝင္ကစားသမားျဖစ္သူ လီဒစ္ဆင္က ခ်ီးက်ဴးသြားခဲ့ၿပီး ဂႏၴဝင္ဘယ္ေနာက္ခံကစာသမားႀကီး ႏိုင္ဂ်ယ္လ္ဝင္းတားဘန္းနဲ႔ ဆင္တူလြန္းေၾကာင္း မွတ္ခ်က္ျပဳေျပာၾကားသြားခဲ့ပါတယ္။ စေကာ့တလန္သားေလးဟာ နည္းျပအာေတတာလက္ေအာက္မွာ ေျခစြမ္းေကာင္းေတြ ျပသေနသူ ျဖစ္ပါတယ္။

အက္ဖ္ေအဖလားဗိုလ္လုပြဲစဥ္မွာ အႏိုင္ဂိုးႏွစ္ဂိုးသြင္းယူေပးခဲ့ၿပီး သူရဲေကာင္းျဖစ္ခဲ့သူ အသင္းေခါင္းေဆာင္ တိုက္စစ္မႉး အူဘာမီယန္းဟာ တစ္ပတ္လုပ္ခ ေပါင္ ၅သိန္းေပးရလည္း ထိုက္တန္သူျဖစ္ေၾကာင္း ဂႏၴဝင္က စားသမားႀကီး ပယ္ရီဂ႐ို႕ဗ္ကပဲ ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ ၄င္းကပဲ အို‌ေဇးလ္ဟာ အက္ဖ္ေအဖလားဗိုလ္လုပြဲကို အသင္းနဲ႔အတူ လိုက္ပါမလာဘဲ တူရကီကို ျပန္သြားခဲ့တာဟာ တစ္ကိုယ္ေကာင္းဆန္လြန္းတဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။ အဲဒီအတြက္လည္း ဂ်ာမန္သားနဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ဇာတ္လမ္းဟာ လုံးဝျပတ္သြားခဲ့ၿပီျဖစ္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ၂ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္ကို ပယ္ခ်ခဲ့ၿပီးေနာက္ ဝါရင့္တိုက္စစ္ကစားသမား ဝီလီယံဟာ အာဆင္နယ္အသင္းဆီ ေျပာင္း‌ေ႐ႊ႕ဖို႔ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူ ‌ေရာ့ဘ္ဟိုးဒင္းရဲ႕ အရည္အေသြးဟာ အာဆင္နယ္အသင္းရဲ႕ လိုအပ္ခ်က္နဲ႔ ကိုက္ညီျခင္းမရွိတဲ့အတြက္ ဂန္းနားတို႔အေနနဲ႔ ေနာက္ထပ္ဗဟိုေနာက္ခံလူတစ္ဦးကို ေခၚယူအားျဖည့္သင့္တယ္လို႔ ဂန္းနားေဟာင္းႀကီး စတူးအက္သ္ေရာ့ဘ္ဆင္က မွတ္ခ်က္ျပဳတိုက္တြန္းခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅သန္းရွိတဲ့ စပို႔တင္းလစၥဘြန္းေတာင္ပံတိုက္စစ္ၾကယ္ပြင့္ေလး ဂ်ိဳရယ္ဆန္ဖာနန္ဒက္စ္ကို ေပါင္သန္း ၂၀နဲ႔ ကမ္းလွမ္းခဲ့ေပမဲ့လည္း ေပၚတူဂီ ကလပ္အသင္း ဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။

စီးရီးေအထိပ္တန္းကလပ္ ယူဗင္တပ္အသင္းကေတာ့ အာဆင္နယ္အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး လာကာဇက္ကို ေခၚယူႏိုင္ဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါတယ္။ ျပင္သစ္သားကိုယ္တိုင္ကလည္း တူရင္ေျမကို ေျပာင္းေ႐ႊ႕လိုေနတယ္လို႔ ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

ဘာစီလိုနာအသင္းကေတာ့ ကြင္းလယ္တိုက္စစ္ကစားသမား ဖီလစ္ကူတင္ညိဳကို အာဆင္နယ္အသင္းဆီ တစ္ရာသီအငွား ခ်သြားလိုေနၿပီး အေျပာင္းအေ႐ႊ႕ကို အလ်င္ျမန္ဆုံး အၿပီးသတ္ႏိုင္ဖို႔အတြက္ ေဆာင္႐ြက္ေနေၾကာင္း Goal သတင္းဌာနက ေဖာ္ျပထားပါတယ္။

အငွား လာကစားေနတဲ့ ကြင္းလယ္ကစားသမား ဒါနီဆီဘာေယာ့စ္ကေတာ့ အာဆင္နယ္အသင္းထံ ေနာက္တစ္ရာသီ ဆက္ရွိဖို႔အတြက္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စကားေျပာရဦးမယ္လို႔ ဆိုခဲ့ပါတယ္။ သူ႔အေနနဲ႔ လန္ဒန္မွာ ေပ်ာ္ေနေပမယ့္ အနာဂတ္ဟာ စပိန္ထိပ္တန္းကလပ္အေပၚပဲ မူတည္ေနတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

Uni – ဘယ်နောက်ခံလူကီရင်တီယာနေးရဲ့ ခြေစွမ်းခြေစတွေကိုလည်း ဂန္ထဝင်ကစားသမားဖြစ်သူ လီဒစ်ဆင်က ချီးကျူးသွားခဲ့ပြီး ဂန္ထဝင်ဘယ်နောက်ခံကစာသမားကြီး နိုင်ဂျယ်လ်ဝင်းတားဘန်းနဲ့ ဆင်တူလွန်းကြောင်း မှတ်ချက်ပြုပြောကြားသွားခဲ့ပါတယ်။ စကော့တလန်သားလေးဟာ နည်းပြအာတေတာလက်အောက်မှာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။

အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပြီး သူရဲကောင်းဖြစ်ခဲ့သူ အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ တစ်ပတ်လုပ်ခ ပေါင် ၅သိန်းပေးရလည်း ထိုက်တန်သူဖြစ်ကြောင်း ဂန္ထဝင်က စားသမားကြီး ပယ်ရီဂရို့ဗ်ကပဲ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ၎င်းကပဲ အို‌ဇေးလ်ဟာ အက်ဖ်အေဖလားဗိုလ်လုပွဲကို အသင်းနဲ့အတူ လိုက်ပါမလာဘဲ တူရကီကို ပြန်သွားခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ဂျာမန်သားနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ဇာတ်လမ်းဟာ လုံးဝပြတ်သွားခဲ့ပြီဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ၂နှစ်သက်တမ်းရှိစာချုပ်သစ်ကို ပယ်ချခဲ့ပြီးနောက် ဝါရင့်တိုက်စစ်ကစားသမား ဝီလီယံဟာ အာဆင်နယ်အသင်းဆီ ပြောင်း‌ရွှေ့ဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဗဟိုနောက်ခံလူ ‌ရော့ဘ်ဟိုးဒင်းရဲ့ အရည်အသွေးဟာ အာဆင်နယ်အသင်းရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီခြင်းမရှိတဲ့အတွက် ဂန်းနားတို့အနေနဲ့ နောက်ထပ်ဗဟိုနောက်ခံလူတစ်ဦးကို ခေါ်ယူအားဖြည့်သင့်တယ်လို့ ဂန်းနားဟောင်းကြီး စတူးအက်သ်ရော့ဘ်ဆင်က မှတ်ချက်ပြုတိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅သန်းရှိတဲ့ စပို့တင်းလစ္စဘွန်းတောင်ပံတိုက်စစ်ကြယ်ပွင့်လေး ဂျိုရယ်ဆန်ဖာနန်ဒက်စ်ကို ပေါင်သန်း ၂၀နဲ့ ကမ်းလှမ်းခဲ့ပေမဲ့လည်း ပေါ်တူဂီ ကလပ်အသင်း ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

စီးရီးအေထိပ်တန်းကလပ် ယူဗင်တပ်အသင်းကတော့ အာဆင်နယ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး လာကာဇက်ကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ပြင်သစ်သားကိုယ်တိုင်ကလည်း တူရင်မြေကို ပြောင်းရွှေ့လိုနေတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းကတော့ ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ကူတင်ညိုကို အာဆင်နယ်အသင်းဆီ တစ်ရာသီအငှား ချသွားလိုနေပြီး အပြောင်းအရွှေ့ကို အလျင်မြန်ဆုံး အပြီးသတ်နိုင်ဖို့အတွက် ဆောင်ရွက်နေကြောင်း Goal သတင်းဌာနက ဖော်ပြထားပါတယ်။

အငှား လာကစားနေတဲ့ ကွင်းလယ်ကစားသမား ဒါနီဆီဘာယော့စ်ကတော့ အာဆင်နယ်အသင်းထံ နောက်တစ်ရာသီ ဆက်ရှိဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စကားပြောရဦးမယ်လို့ ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ လန်ဒန်မှာ ပျော်နေပေမယ့် အနာဂတ်ဟာ စပိန်ထိပ်တန်းကလပ်အပေါ်ပဲ မူတည်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။