ခ်ယ္ဆီး နဲ႔ အာဆင္နယ္တို႔ ပစ္မွတ္ ကြင္းလယ္သမား အတြက္ ဆဲလ္ဘတ္ ေစ်းသတ္မွတ္

ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး နဲ႔ အာဆင္နယ္အသင္းတို႔စိတ္၀င္စားေနတဲ့ ကြင္းလယ္ကစားသမား ဒိုမီနစ္စ္ဇိုေဘာ့စ္လိုင္ ကို ဆဲလ္ဘတ္အသင္းဟာ ေပါင္ ၂၆ သန္း နဲ႔ ေရာင္းခ်ေတာ့မွာ ျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

ဟန္ေဂရီ ကြင္းလယ္ကစားသမားဟာ ဟာလန္း နဲ႔ မီနာမီႏို ေဒါ့မြန္ နဲ႔ လီဗာပူးလ္ ကိုဇန္န၀ါရီလတုန္းက ေျပာင္းသြားျပီးေနာက္ ၾသစၾတီးယား ကလပ္အသင္းရဲ႕ ေနာက္ဆံုး ၾကယ္ပြင့္တစ္ပြင့္ ျဖစ္လာပါတယ္။ ၾသစၾတီးယား သတင္းစာမ်ား အဆုိအရ ဆဲလ္ဘတ္ အသင္းဟာ အသက္ ၁၉ ႏွစ္အရြယ္ကစားသမား ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေရာင္းခ်မယ္လို႔ သိရပါတယ္။

ဇိုေဘာ့စ္လိုင္ဟာ ဟာလန္း နဲ႔ မီနာမီႏို အသင္းက ထြက္ခြာျပီးေနာက္ ဆဲလ္ဘတ္အသင္းအတြက္ ရာသီ၀က္မွာ (၇) ဂိုးသြင္းျပီး (၁၁) ဂိုး ဖန္တီးေပးထားသူျဖစ္ပါတယ္။

သူတို႔ႏွစ္ ေယာက္ မထြက္သြားခင္တုန္းက ဇိုေဘာ့စ္လိုင္ဟာ (၂) ဂိုးသြင္း (၃) ဂိုးဖန္တီးထားပါတယ္။ ဘယ္သန္ ကြင္းလယ္ကစားသမားဟာ ဆဲလ္ဘတ္အသင္းကို အသက္ ၁၇ ႏွစ္အရြယ္က မေျပာင္းေရႊ႕ခင္တုန္းက ၾသစၾတီးယား ဒုတိယတန္း ကလပ္ Leifering မွာ ကစားသမားဘ၀ စတင္ခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီး နဲ႔ အာဆင္နယ္အသင္းတို႔က စိတ္၀င္စားေနေသာ္လည္း ဆဲလ္ဘတ္အသင္း အားကစားဒါရိုက္တာက ကြင္းလယ္ကစားသမားကို အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ထိုနွစ္သင္း အျပင္ ေအစီမီလန္ ၊ ယူႏိုက္တက္ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔ကိုလည္း ကြင္းလယ္ကစားသမားရဲ႕ အေနအထားကို ေစာင့္ၾကည့္ေနပါတယ္။

ဇိုေဘာ့စ္လိုင္ဟာ ဟန္ေဂရီ လက္ေရြးစင္ အသင္း အတြက္လည္း (၈) ပြဲကစားထားပါတယ္။

Uni – ပရီးမီးယားလိဂ်မှ ချယ်ဆီး နဲ့ အာဆင်နယ်အသင်းတို့စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမား ဒိုမီနစ်စ်ဇိုဘော့စ်လိုင် ကို ဆဲလ်ဘတ်အသင်းဟာ ပေါင် ၂၆ သန်း နဲ့ ရောင်းချတော့မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဟန်ဂေရီ ကွင်းလယ်ကစားသမားဟာ ဟာလန်း နဲ့ မီနာမီနို ဒေါ့မွန် နဲ့ လီဗာပူးလ် ကိုဇန်နဝါရီလတုန်းက ပြောင်းသွားပြီးနောက် သြစတြီးယား ကလပ်အသင်းရဲ့ နောက်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာပါတယ်။ သြစတြီးယား သတင်းစာများ အဆိုအရ ဆဲလ်ဘတ် အသင်းဟာ အသက် ၁၉ နှစ်အရွယ်ကစားသမား ကို လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။

ဇိုဘော့စ်လိုင်ဟာ ဟာလန်း နဲ့ မီနာမီနို အသင်းက ထွက်ခွာပြီးနောက် ဆဲလ်ဘတ်အသင်းအတွက် ရာသီဝက်မှာ (၇) ဂိုးသွင်းပြီး (၁၁) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

သူတို့နှစ် ယောက် မထွက်သွားခင်တုန်းက ဇိုဘော့စ်လိုင်ဟာ (၂) ဂိုးသွင်း (၃) ဂိုးဖန်တီးထားပါတယ်။ ဘယ်သန် ကွင်းလယ်ကစားသမားဟာ ဆဲလ်ဘတ်အသင်းကို အသက် ၁၇ နှစ်အရွယ်က မပြောင်းရွှေ့ခင်တုန်းက သြစတြီးယား ဒုတိယတန်း ကလပ် Leifering မှာ ကစားသမားဘ၀ စတင်ခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီး နဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေသော်လည်း ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာက ကွင်းလယ်ကစားသမားကို အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ထိုနှစ်သင်း အပြင် အေစီမီလန် ၊ ယူနိုက်တက် နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကိုလည်း ကွင်းလယ်ကစားသမားရဲ့ အနေအထားကို စောင့်ကြည့်နေပါတယ်။

ဇိုဘော့စ်လိုင်ဟာ ဟန်ဂေရီ လက်ရွေးစင် အသင်း အတွက်လည်း (၈) ပွဲကစားထားပါတယ်။