၀င္ဘာေလက ဗိုလ္လုပြဲဟာ အာဆင္နယ္ အတြက္ အထူးအေရးၾကီးေၾကာင္း လာကာဇက္တီ သတိေပး

အာဆင္နယ္အသင္းရဲ့ ျပင္သစ္တိုက္စစ္မႉး လာကာဇက္တီကေတာ့ ဒီရာသီၿပီးဆုံးဖို႔အတြက္ ဝင္ဘေလကြင္းမွာ အေကာင္းဆုံး အဆုံးသတ္နိုင္ဖို႔ ဘယ္ေလာက္အေရးႀကီးေၾကာင္း ရွင္းလင္း ေျပာျပ သြားခဲ့ပါတယ္။ လာကာဇက္တီဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ခ်ယ္ဆီးကို ေက်ာ္ျဖတ္ၿပီး ေအာင္ျမင္မႈရခဲ့ရင္ ဂန္းနားတို႔ရဲ့ ဒီႏွစ္ေဘာလုံးရာသီကို ကယ္တင္နိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္အသင္းဟာ ဒီႏွစ္ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္၈ေနရာနဲ႔ ရာသီသိမ္းခဲ့ၿပီး ၂၅ႏွစ္အတြင္း အဆိုးရြားဆုံးေဘာလုံးရာသီတစ္ခု ျဖစ္ခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ ၈ ေနရာရပ္တည္ခဲ့ေပမယ့္ အက္ဖ္ေအဖလားဗိုလ္လုပြဲကို တက္ေရာက္ထားနိုင္ခဲ့လို႔ ဆုဖလား အခြင့္အေရး ရွိေနပါေသးတယ္။ အက္ဖ္ေအဖလားကိုသာ ရရွိခဲ့ရင္လည္း ၁၄ႀကိမ္အထိ ရရွိမွာျဖစ္ကာ လာကာဇက္တီက အာဆင္နယ္ပရိတ္သတ္ေတြအတြက္ ေအာင္ျမင္မႈေတြရယူေပးခ်င္ေနပါတယ္။

” ကၽြန္ေတာ္တို႔ စိတ္လႈပ္ရွားေနပါတယ္ ဘာလို႔လဲဆိုေတာ့ ဆုဖလားသာ ရရွိခဲ့ရင္ ကၽြန္ေတာ္တို႔ဒီရာသီဆိုးရႊားေနတဲ့ပုံစံကို ကယ္တင္နိုင္မယ္ဆိုတာ သိေနလိုပါ။ ဒီအဓိပၸာယ္ဟာ ကၽြန္ေတာ္တို႔ အတြက္ေရာ ပရိတ္သတ္ေတြ အတြက္ပါပဲ။

အမွတ္ေပးၿပိဳင္ပြဲမွာေတာ့ ကၽြန္ေတာ္တို႔ ဆိုးရြားတဲ့ အဆင့္တစ္ခုမွာ ရပ္တည္ခဲ့ရပါတယ္။ ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ့ အေစာပိုင္းမွာလည္း အိုလံပီယာေကာ့စ္အသင္းကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရၿပီး ကၽြန္ေတာ္တို႔ရဲ့ ေမၽွာ္မွန္းခ်က္ေတြ ေပ်ာက္ကြယ္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း ဒါက ေဘာလုံးရာသီကို ကယ္တင္နိုင္မယ္လို႔ ကၽြန္ေတာ္ေျပာခဲ့တာေပါ့။ ဒါေၾကာင့္ တကယ္ပဲ ဒီအခ်ိန္ဟာ အာဆင္နယ္နဲ႔ ကၽြန္ေတာ့္အတြက္ အရမ္းကို ႀကီးမားတဲ့ ပြဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီဖလားမွာ ဆုဖလားအမ်ားဆုံးရယူထားနိုင္တယ္ဆိုတာ ကၽြန္ေတာ္တို႔သိပါတယ္ ပရိတ္သတ္ေတြ ကြင္းထဲမွာ လာေရာက္အားမေပးနိုင္တာေတာင္မွ ကၽြန္ေတာ္တို႔ကို တစ္ကမၻာလုံးက အားေပးေနၾကမယ္ဆိုတာ သိေနပါတယ္။ ေႏြရာသီအေျပာင္းအေရြ႕ကာလမွာ ကစားသမားေတြကို ဆြဲေဆာင္နိုင္ဖို႔ အတြက္ ဥေရာပဝင္ခြင့္ရရွိတာက အာဆင္နယ္အတြက္ အေရးပါတယ္။ ” လို႔ လာကာဇက္တီ ကေျပာၾကားခဲ့ပါတယ္။

လာကာဇက္တီ က သူနဲ႕ အတြဲအညီဆံုး အသင္းေဖာ္ အာဆင္နယ္တိုက္စစ္ အူဘားမီးယန္းနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ” သူ႔ကို ကၽြန္ေတာ္တို႔ ဆက္ထိန္းထားနိုင္ဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္ ၿပီးခဲ့တဲ့ ၂ရာသီ ပရီးမီးယားလိဂ္မွာ သူဟာ ဂိုး၄၄ဂိုးသြင္းနိုင္ခဲ့ပါတယ္ သူဟာ ကၽြန္ေတာ့္တို႔ရဲ့ အသင္းေခါင္းေဆာင္ပါ အသင္းက ကစားသမားတိုင္းက သူ႔လိုပါပဲ ပရိတ္သတ္ေတြစီက အခ်စ္ေတြလည္း သူရရွိထားတယ္။ အသင္းက သူ႔ကို ထိန္းသိမ္းထားသင့္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ကလပ္အသင္းနဲ႔သူရဲ့ ေဆြးေႏြးမႈေတြကိုေတာ့ ကၽြန္ေတာ္တို႔ ပါဝင္နိုင္မွာ မဟုတ္ဘူးေလ။ ” လို႔ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

Uni – အာဆင်နယ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီကတော့ ဒီရာသီပြီးဆုံးဖို့အတွက် ဝင်ဘလေကွင်းမှာ အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ ဘယ်လောက်အရေးကြီးကြောင်း ရှင်းလင်း ပြောပြ သွားခဲ့ပါတယ်။ လာကာဇက်တီဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်ဆီးကို ကျော်ဖြတ်ပြီး အောင်မြင်မှုရခဲ့ရင် ဂန်းနားတို့ရဲ့ ဒီနှစ်ဘောလုံးရာသီကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၈နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ၂၅နှစ်အတွင်း အဆိုးရွားဆုံးဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာရပ်တည်ခဲ့ပေမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့လို့ ဆုဖလား အခွင့်အရေး ရှိနေပါသေးတယ်။ အက်ဖ်အေဖလားကိုသာ ရရှိခဲ့ရင်လည်း ၁၄ကြိမ်အထိ ရရှိမှာဖြစ်ကာ လာကာဇက်တီက အာဆင်နယ်ပရိတ်သတ်တွေအတွက် အောင်မြင်မှုတွေရယူပေးချင်နေပါတယ်။

” ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ် ဘာလို့လဲဆိုတော့ ဆုဖလားသာ ရရှိခဲ့ရင် ကျွန်တော်တို့ဒီရာသီဆိုးရွှားနေတဲ့ပုံစံကို ကယ်တင်နိုင်မယ်ဆိုတာ သိနေလိုပါ။ ဒီအဓိပ္ပာယ်ဟာ ကျွန်တော်တို့ အတွက်ရော ပရိတ်သတ်တွေ အတွက်ပါပဲ။

အမှတ်ပေးပြိုင်ပွဲမှာတော့ ကျွန်တော်တို့ ဆိုးရွားတဲ့ အဆင့်တစ်ခုမှာ ရပ်တည်ခဲ့ရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အစောပိုင်းမှာလည်း အိုလံပီယာကော့စ်အသင်းကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပြီး ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ ပျောက်ကွယ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒါက ဘောလုံးရာသီကို ကယ်တင်နိုင်မယ်လို့ ကျွန်တော်ပြောခဲ့တာပေါ့။ ဒါကြောင့် တကယ်ပဲ ဒီအချိန်ဟာ အာဆင်နယ်နဲ့ ကျွန်တော့်အတွက် အရမ်းကို ကြီးမားတဲ့ ပွဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီဖလားမှာ ဆုဖလားအများဆုံးရယူထားနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ် ပရိတ်သတ်တွေ ကွင်းထဲမှာ လာရောက်အားမပေးနိုင်တာတောင်မှ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက အားပေးနေကြမယ်ဆိုတာ သိနေပါတယ်။ နွေရာသီအပြောင်းအရွေ့ကာလမှာ ကစားသမားတွေကို ဆွဲဆောင်နိုင်ဖို့ အတွက် ဥရောပဝင်ခွင့်ရရှိတာက အာဆင်နယ်အတွက် အရေးပါတယ်။ ” လို့ လာကာဇက်တီ ကပြောကြားခဲ့ပါတယ်။

လာကာဇက်တီ က သူနဲ့ အတွဲအညီဆုံး အသင်းဖော် အာဆင်နယ်တိုက်စစ် အူဘားမီးယန်းနဲ့ ပတ်သတ်ပြီးတော့လည်း ” သူ့ကို ကျွန်တော်တို့ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ် ပြီးခဲ့တဲ့ ၂ရာသီ ပရီးမီးယားလိဂ်မှာ သူဟာ ဂိုး၄၄ဂိုးသွင်းနိုင်ခဲ့ပါတယ် သူဟာ ကျွန်တော့်တို့ရဲ့ အသင်းခေါင်းဆောင်ပါ အသင်းက ကစားသမားတိုင်းက သူ့လိုပါပဲ ပရိတ်သတ်တွေစီက အချစ်တွေလည်း သူရရှိထားတယ်။ အသင်းက သူ့ကို ထိန်းသိမ်းထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကလပ်အသင်းနဲ့သူရဲ့ ဆွေးနွေးမှုတွေကိုတော့ ကျွန်တော်တို့ ပါဝင်နိုင်မှာ မဟုတ်ဘူးလေ။ ” လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။