အာဆင္နယ္ Vs ၀က္ဖို႔ဒ္ ပြဲ အတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္

ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆံုးပြဲမွာေတာ့ အာဆင္နယ္ က ၀က္ဖို႔ဒ္ နဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနျပီး အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီမွာ ျဖစ္ျပီး ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” အာဆင္နယ္ဟာ အဂၤါေန႔ညက အက္စတြန္ဗီလာကို ၁-၀ နဲ႕ ရွံဳးလိုက္တာေၾကာင့္ ၾကီးစြာ အမ်က္ထြက္ေနပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ ကေန ယူရိုပါလိဂ္ ၀င္ခြင့္ ရဖို႕ ဆိုတဲ့ လမ္းေၾကာင္းကလည္း အဆံုးသတ္သြားခဲ့ျပီ ျဖစ္တာေၾကာင့္ သူတို႔ စြမ္းအင္နဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို လာမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲ အေပၚ ပံုအပ္ထားမွာ သံသယ ရွိစရာ မလိုပါဘူး။

၀က္ဖို႕ဒ္ကေတာ့ အေ၀းကြင္းမွာ ၀က္စ္ဟမ္းကို ၃-၁ နဲ႕ ရွံဳးျပီးေနာက္ နည္းျပ ပီယာဆင္ကို အံ့အားသင့္စြာ ထုတ္ပယ္ခဲ့ျပီး အဲဒီေနာက္ မန္စီးတီးနဲ႕ ပြဲမွာ အျပတ္အသတ္ ရွံုးနိမ့္ထားတာပါ။ ဒါေၾကာင့္ ဂိုးကြာျခားခ်က္ အသာနဲ႕ တန္းဆင္းဇုန္ ျပိဳင္ဘက္ေတြ အေပၚ အသာစီး ယူထားတဲ့ အေနအထား ပ်က္ယြင္းသြားခဲ့ျပီ ျဖစ္ပါတယ္။ ကိစၥ ရပ္ေတြကေတာ့ ၀က္ဖို႔ဒ္အတြက္ မ်က္နွာသာ ေပးမေနေတာ့ပါဘူး။

ဒီပြဲမွာေတာ့ အာဆင္နယ္တို႔ စြမ္းေဆာင္ရည္ပိုင္း မ်ားစြာ တိုးတက္လာတာ ျမင္ရမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္။ အာတီတာရဲ႕ အသင္းဟာ ပရီးမီးယားလိဂ္မွာ ငါးနွစ္ၾကာ ေရာက္ခဲ့တဲ့ ၀က္ဖို႔ဒ္ရဲ႕ သက္တမ္းကို အဆံုးသတ္ေပးေတာ့မွာ ျဖစ္ျပီး ၂-၁ ေလာက္နဲ႕ နုိင္မယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး အာဆင္နယ္ အနုိင္ (သို႔) အာဆင္နယ္ 2-1 ၀က္ဖို႔ဒ္ ျဖစ္ပါတယ္။

Uni – ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲမှာတော့ အာဆင်နယ် က ဝက်ဖို့ဒ် နဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ပွဲချိန် ကတော့ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီမှာ ဖြစ်ပြီး ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အာဆင်နယ်ဟာ အင်္ဂါနေ့ညက အက်စတွန်ဗီလာကို ၁-၀ နဲ့ ရှုံးလိုက်တာကြောင့် ကြီးစွာ အမျက်ထွက်နေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကနေ ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ ဆိုတဲ့ လမ်းကြောင်းကလည်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်တာကြောင့် သူတို့ စွမ်းအင်နဲ့ မျှော်လင့်ချက်တွေကို လာမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲ အပေါ် ပုံအပ်ထားမှာ သံသယ ရှိစရာ မလိုပါဘူး။

ဝက်ဖို့ဒ်ကတော့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ၃-၁ နဲ့ ရှုံးပြီးနောက် နည်းပြ ပီယာဆင်ကို အံ့အားသင့်စွာ ထုတ်ပယ်ခဲ့ပြီး အဲဒီနောက် မန်စီးတီးနဲ့ ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ထားတာပါ။ ဒါကြောင့် ဂိုးကွာခြားချက် အသာနဲ့ တန်းဆင်းဇုန် ပြိုင်ဘက်တွေ အပေါ် အသာစီး ယူထားတဲ့ အနေအထား ပျက်ယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ကိစ္စ ရပ်တွေကတော့ ဝက်ဖို့ဒ်အတွက် မျက်နှာသာ ပေးမနေတော့ပါဘူး။

ဒီပွဲမှာတော့ အာဆင်နယ်တို့ စွမ်းဆောင်ရည်ပိုင်း များစွာ တိုးတက်လာတာ မြင်ရမယ်လို့ ကျနော် မျှော်လင့်ထားပါတယ်။ အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ ငါးနှစ်ကြာ ရောက်ခဲ့တဲ့ ဝက်ဖို့ဒ်ရဲ့ သက်တမ်းကို အဆုံးသတ်ပေးတော့မှာ ဖြစ်ပြီး ၂-၁ လောက်နဲ့ နိုင်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး အာဆင်နယ် အနိုင် (သို့) အာဆင်နယ် 2-1 ဝက်ဖို့ဒ် ဖြစ်ပါတယ်။