အာဆင်နယ် V ဝက်ဖို့ဒ် ပွဲစဉ်အတွက် ချာလီ နစ်ကိုးလပ်စ်ရဲ့ ပွဲကြို သုံးသပ်ချက်

ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ပွဲစဉ် ၃၈ မှ အာဆင်နယ် Vs ဝက်ဖို့ဒ် ပွဲအတွက် စကိုင်းစပေါ့မှ ပင်တိုင်သုံးသပ်သူ ချာလီ နစ်ကိုးလပ်စ်က အခုလို သုံးသပ်ထားပါတယ်။

ပွဲချိန်။ ။ ဇူလိုင် ၂၆ ရက် (တနင်္ဂနွေနေ့) ည ၉း၃၀ နာရီ

အာဆင်နယ်ဟာ အက်စတွန်ဗီလာနဲ့ ပွဲမှာတော့ လောင်စာခမ်းနေတဲ့ ပုံ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ဝက်ဖို့ဒ်ဟာ နည်းပြ ပီယာဆင်ကို ထုတ်ပယ်ထားကာ ဟေဒန် မူလင်စ်ကို ရုတ်တရက်ဆိုသလို ခန့်အပ်ထားလို့ ပိုပြီး ဒုက္ခများမယ့် ဘက်မှာ ရှိနေပါတယ်။ ဂိုးသမား ဘန် ဖော်စတာ က လွဲလို့ တစ်ယောက်မှလည်း ပုံစံကောင်းမှာ ရှိမနေပါဘူး။

အာဆင်နယ် အတွက်ကတော့ လိဂ်မှာ ဦးတည်စရာ ရည်မှန်းချက် ကုန်သွားပြီ ဖြစ်ပြီး အက်ဖ်အေဖလား ဖိုင်နယ်မှာသာ အားကုန်ထုတ်ဖို့ ရှိနေပါတယ်။ မီခေးလ် အာတီတာ အနေနဲ့ လူစာရင်းမှာ အပြောင်းအလဲ တချို့ လုပ်ဖွယ် ရှိပြီး ဘောလုံးရာသီကိုတော့ ကောင်းစွာ အပြီးသတ်ဖို့ ကြိုးစားမှာပါ။ သူက အခုထိ ကောင်းစွာ စွမ်းဆောင်ပြထားပါတယ်။

အာတီတာ အသင်းကို စတာဝန်ယူစဉ်က တကယ်ကို ရှှုပ်ထွေးတဲ့ အနေအထား ဖြစ်ပြီး အခု ပိုကောင်းလာအောင် လုပ်ဆောင်ပေးထားပါတယ်။ အင်္ဂါနေ့ညက ပွဲစဉ် အတွက် ကောင်းစွာ တုန့်ပြန်မှု ဂန်းနားတို့ လုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ အာတီတာက ကစားသမားတွေကို သူတို့ အနာဂတ် အတွက်ပါ ကစားပြဖို့ တိုက်တွန်းမှာ ဖြစ်ပြီး တချို့ကိုတော့ အက်ဖ်အေဖလား လူစာရင်းထဲ ပါဝင်ဖို့ သက်သေပြရဖို့ ရှိပါတယ်။

ဝက်ဖို့ဒ်ကတော့ ကျဆင်းသွားဖို့ အန္တရာယ်ကြီး ရှိနေပြီး အာဆင်နယ်က ဘယ်လိုနေနေ နိုင်ပွဲရအောင် ယူသွားမယ် ထင်ပါတယ်။

ချာလီ ခန့်မှန်းရလဒ်။ ။ အာဆင်နယ် ၃-၁ ဝက်ဖို့ဒ်

ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲစဥ္အျဖစ္ ပြဲစဥ္ ၃၈ မွ အာဆင္နယ္ Vs ၀က္ဖို႔ဒ္ ပြဲအတြက္ စကိုင္းစေပါ့မွ ပင္တိုင္သံုးသပ္သူ ခ်ာလီ နစ္ကိုးလပ္စ္က အခုလို သံုးသပ္ထားပါတယ္။

ပြဲခ်ိန္။ ။ ဇူလိုင္ ၂၆ ရက္ (တနဂၤေႏြေန႔) ည ၉း၃၀ နာရီ

အာဆင္နယ္ဟာ အက္စတြန္ဗီလာနဲ႕ ပြဲမွာေတာ့ ေလာင္စာခမ္းေနတဲ့ ပံု ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ ၀က္ဖို႔ဒ္ဟာ နည္းျပ ပီယာဆင္ကို ထုတ္ပယ္ထားကာ ေဟဒန္ မူလင္စ္ကို ရုတ္တရက္ဆိုသလို ခန္႔အပ္ထားလို႔ ပိုျပီး ဒုကၡမ်ားမယ့္ ဘက္မွာ ရွိေနပါတယ္။ ဂိုးသမား ဘန္ ေဖာ္စတာ က လြဲလို႔ တစ္ေယာက္မွလည္း ပံုစံေကာင္းမွာ ရွိမေနပါဘူး။

အာဆင္နယ္ အတြက္ကေတာ့ လိဂ္မွာ ဦးတည္စရာ ရည္မွန္းခ်က္ ကုန္သြားျပီ ျဖစ္ျပီး အက္ဖ္ေအဖလား ဖိုင္နယ္မွာသာ အားကုန္ထုတ္ဖို႔ ရွိေနပါတယ္။ မီေခးလ္ အာတီတာ အေနနဲ႕ လူစာရင္းမွာ အေျပာင္းအလဲ တခ်ိဳ႔ လုပ္ဖြယ္ ရွိျပီး ေဘာလံုးရာသီကိုေတာ့ ေကာင္းစြာ အျပီးသတ္ဖို႔ ၾကိဳးစားမွာပါ။ သူက အခုထိ ေကာင္းစြာ စြမ္းေဆာင္ျပထားပါတယ္။

အာတီတာ အသင္းကို စတာ၀န္ယူစဥ္က တကယ္ကို ရွႈပ္ေထြးတဲ့ အေနအထား ျဖစ္ျပီး အခု ပိုေကာင္းလာေအာင္ လုပ္ေဆာင္ေပးထားပါတယ္။ အဂၤါေန႔ညက ပြဲစဥ္ အတြက္ ေကာင္းစြာ တုန္႔ျပန္မႈ ဂန္းနားတို႔ လုပ္နိုင္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ အာတီတာက ကစားသမားေတြကို သူတို႔ အနာဂတ္ အတြက္ပါ ကစားျပဖို႔ တိုက္တြန္းမွာ ျဖစ္ျပီး တခ်ိဳ႔ကိုေတာ့ အက္ဖ္ေအဖလား လူစာရင္းထဲ ပါ၀င္ဖို႔ သက္ေသျပရဖို႔ ရွိပါတယ္။

၀က္ဖို႔ဒ္ကေတာ့ က်ဆင္းသြားဖို႔ အႏၱရာယ္ၾကီး ရွိေနျပီး အာဆင္နယ္က ဘယ္လုိေနေန နုိင္ပြဲရေအာင္ ယူသြားမယ္ ထင္ပါတယ္။

ခ်ာလီ ခန္႔မွန္းရလဒ္။ ။ အာဆင္နယ္ ၃-၁ ၀က္ဖို႔ဒ္