အာဆင်နယ် Vs လက်စတာ ပွဲ အတွက် လော်ရိုး သုံးသပ်ခန့်မှန်း






Uni – အာဆင်နယ် ဟာ ခက်ခဲတဲ့ သီတင်းပတ်အတွက် ဒုတိယပွဲ အဖြစ် လက်စတာစီးတီး အသင်းနဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ အဆင့် ၃ နေရာက လက်စတာကလည်း သူ့နေရာ ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေ များပြားနေတာကြောင့် အမှားမခံဘဲ ရင်ဆိုင်ဖို့ အသင့် ရှိနေတဲ့ အသင်းပါ။

ပွဲချိန်ကတော့ ဇူလိုင် ၈ ရက် (ဗုဒ္ဓဟူးနေ့) မနက် ၁း၄၅ နာရီ မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက် ထွက်ရှိနေပါပြီ။ ဂန်းနားဟောင်း တစ်ဦး ဖြစ်ပေမယ့် လော်ရိုးကတော့ ဧည့်သည် လက်စတာဘက်က ရပ်တည်ထားပါတယ်။

” သီတင်းပတ်အကုန်က ပဲလေစ့်ကို အနိုင်ရတဲ့ပွဲက လက်စတာအတွက်ကော ဗာဒီအတါက်ပါ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ သူတို့ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့ရဲ့ ပုံစံကောင်းကို ပြန်ရဖို့အတွက် ပွဲဘယ်လောက် အချိန်ယူခဲ့ရသလဲ ဆိုတာပါပဲ။

အာဆင်နယ်ကလည်း ဝုဗ်ထံ သွားကစားပြီး အနိုင်ရခဲ့တယ်။ ဆာကာရဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ အဆုံးသတ်မှုကို ကျေးဇူးတင်ရမှာဖြစ်ပြီး အရမ်းကောင်းတဲ့ ပွဲကောင်းလည်း ဖြစ်ခဲ့ပါတယ်။ ထွက်လာတဲ့ ရလဒ်က အရမ်းကို ခြားနားမှာဖြစ်ပြီး ဂန်းနားတို့ဟာ ထိပ်ဆုံး လေသင်းထဲ ဝင်နိုင်ဖို့ အပြောင်းအလဲနဲ့ အဲ့လို အပြောင်းအလဲ တစ်ခုကိုမှ လုပ်နိုင်မယ်လို့ မခံစားရပါဘူး။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုးရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၁-၂ လက်စတာ ဖြစ်ပါတယ်။