ယေန႔ နံနက္္ခင္း ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းတိုမ်ား (03/07/20)

ခ်ယ္ဆီးအသင္းဟာ လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံကစားသမား ဘန္ေခ်ဝဲလ္ကိုသာ မေခၚယူႏိုင္ခဲ့ရင္ အဲဗာတန္အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ လူးကပ္စ္ဒစ္ဂ္ေညးကို ဒုတိယဦးစားေပးအစီအစဥ္အေနနဲ႔ ေခၚယူသြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

ခ်ယ္ဆီး အသင္းသားေဟာင္း ဖရန္႕ လီဘိုးလ္ကေတာ့ ခ်ယ္ဆီးက ဝက္စ္ဟမ္းအသင္းကို အေရးနိမ့္ခဲ့တဲ့အေပၚ ေပါက္ကြဲေနၿပီး အေတာ္ႏုံခ်ာတဲ့ ကစားသမားလို႔ဆိုကာ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

နည္းျပဖရန္႕ လမ္းပတ္ကလည္း သူ႔တပည့္ေတြရဲ႕ ခံစစ္ကစားပုံေတြကို စိတ္ပ်က္ေနၿပီး ဒီရာသီတေလွ်ာက္လုံး ဒီလိုအမွားမ်ိဳးေတြ မၾကာခဏ ျပဳလုပ္ခဲ့ၾကတယ္လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။ ဒါေပမယ့္ ရလဒ္အတြက္ ခံစစ္သမားေတြမွာခ်ည္း လံုးလံုး တာ၀န္ရွိတာ ေတာ့ မဟုတ္ဘဲ လာမဲ့ပြဲစဥ္ေတြမွာ အေကာင္းဆုံး ေရွ႕ဆက္သြားမယ္လို႔လည္း အဂၤလန္သားႀကီးက ဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္ကစားသမားေလး ေနသန္ကို ဘရာဇီးလ္ကလပ္ အက္သလက္တီကို မင္နဲ႐ိုးအသင္းဆီ ယူ႐ို ၃.၅သန္းေရာင္းခ်လိုက္ၿပီျဖစ္ေၾကာင္း ဘရာဇီးကလပ္ရဲ႕ တရားဝင္ေၾကညာခ်က္အရ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ လာမဲ့ေႏြေဈးကြက္မွာ ကြင္းလယ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔ စီစဥ္ေနၿပီး ဝက္စ္ဟမ္းအသင္းရဲ႕ ဒီကလန္႐ိုက္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၄.၅သန္းနဲ႔ ေခၚယူသြားဖို႔ ပစ္မွတ္ထားေနတယ္လို႔ The Athletic သတင္းဌာနက ေဖာ္ျပထားပါတယ္။

နည္းျပဖရန္႕ လမ္းပတ္ကေတာ့ ေတာင္ပံတိုက္စစ္ကစားသမားေလး ခရစ္စတီယန္ပူလီဆစ္ရဲ႕ေျခစြမ္းကိုေတာ့ ေက်နပ္မိေၾကာင္းဆိုခဲ့ၿပီး အေမရိကန္သားေလးဟာ ဒီထက္ပိုေကာင္းလာလိမ့္ဦးမယ္လို႔လည္း ခ်ီးက်ဴးခဲ့ပါတယ္။

Uni – ချယ်ဆီးအသင်းဟာ လက်စတာအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘန်ချေဝဲလ်ကိုသာ မခေါ်ယူနိုင်ခဲ့ရင် အဲဗာတန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူးကပ်စ်ဒစ်ဂ်ညေးကို ဒုတိယဦးစားပေးအစီအစဉ်အနေနဲ့ ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ချယ်ဆီး အသင်းသားဟောင်း ဖရန့် လီဘိုးလ်ကတော့ ချယ်ဆီးက ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တဲ့အပေါ် ပေါက်ကွဲနေပြီး အတော်နုံချာတဲ့ ကစားသမားလို့ဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

နည်းပြဖရန့် လမ်းပတ်ကလည်း သူ့တပည့်တွေရဲ့ ခံစစ်ကစားပုံတွေကို စိတ်ပျက်နေပြီး ဒီရာသီတလျှောက်လုံး ဒီလိုအမှားမျိုးတွေ မကြာခဏ ပြုလုပ်ခဲ့ကြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်အတွက် ခံစစ်သမားတွေမှာချည်း လုံးလုံး တာဝန်ရှိတာ တော့ မဟုတ်ဘဲ လာမဲ့ပွဲစဉ်တွေမှာ အကောင်းဆုံး ရှေ့ဆက်သွားမယ်လို့လည်း အင်္ဂလန်သားကြီးက ဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမားလေး နေသန်ကို ဘရာဇီးလ်ကလပ် အက်သလက်တီကို မင်နဲရိုးအသင်းဆီ ယူရို ၃.၅သန်းရောင်းချလိုက်ပြီဖြစ်ကြောင်း ဘရာဇီးကလပ်ရဲ့ တရားဝင်ကြေညာချက်အရ သိရပါတယ်။

ချယ်ဆီးအသင်းဟာ လာမဲ့နွေဈေးကွက်မှာ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်နေပြီး ဝက်စ်ဟမ်းအသင်းရဲ့ ဒီကလန်ရိုက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၄.၅သန်းနဲ့ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်လို့ The Athletic သတင်းဌာနက ဖော်ပြထားပါတယ်။

နည်းပြဖရန့် လမ်းပတ်ကတော့ တောင်ပံတိုက်စစ်ကစားသမားလေး ခရစ်စတီယန်ပူလီဆစ်ရဲ့ခြေစွမ်းကိုတော့ ကျေနပ်မိကြောင်းဆိုခဲ့ပြီး အမေရိကန်သားလေးဟာ ဒီထက်ပိုကောင်းလာလိမ့်ဦးမယ်လို့လည်း ချီးကျူးခဲ့ပါတယ်။