ယေန႔ နံနက္္ခင္း ခ်ယ္ဆီး သတင္းတိုမ်ား (25/06/20)

စီးတီးနဲ႕ ပြဲ မတိုင္ခင္ လူစာရင္းအေျခအေနကေတာ့ အက္စ္တြန္ဗီလာအသင္းနဲ႔ ပြဲစဥ္ကအတိုင္း မေျပာင္းမလဲရွိေနေသးၿပီး ဗဟိုေနာက္ခံလူ တိုမိုရီ တစ္ေယာက္ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ဖို႔ရာ တစ္ပတ္ေလာက္ လိုေနေသးသလို ေတာင္ပံတိုက္စစ္ကစားသမားေလး အိုဒြိဳင္းဟာလည္း အခုခ်ိန္မွာ ႀကံ့ခိုင္မႈ တည္ေဆာက္ေနဆဲျဖစ္တယ္လို႔ ခ်ဲလ္ဆီးအသင္းက အတည္ျပဳခဲ့ပါတယ္။

လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘန္ေခ်ဝဲလ္ကို ေခၚယူႏိုင္ဖို႔ရာ မေရမရာျဖစ္ေနတဲ့အတြက္ ဒါ႐ိုက္တာ မာရီနာဂရာေနာ့ဗ္စကီရာဟာ အျခားပစ္မွတ္ေတြဘက္ကို ဦးလွည့္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ေဒးဗစ္အလာဘာ၊ အဲလက္စ္တယ္လိစ္၊ တာဂ္လီယာဖီကိုနဲ႔ ေလဗင္ကာဇာဝါတို႔က ပစ္မွတ္စာရင္းထဲမွာ ရွိေနပါတယ္။

တိုက္စစ္မႉး တီမို၀ါနာကို စတန္းဖို႔ဒ္ဘရစ္ခ်္ဆီ အ‌ေရာက္လာဖို႔ စည္း႐ုံးႏိုင္ခဲ့တဲ့ ဗဟိုေနာက္ခံလူ အန္တိုနီယို႐ူဒီဂါကေတာ့ ဂ်ာမန္သား သာ ပရီးမီးယားလိဂ္မွာ အံမဝင္ခဲ့ပါက သူ႔အေနနဲ႔လည္း အႀကီးႀကီး အႏၲရာယ္ရွိေၾကာင္း အရႊန္းေဖာက္ကာ ေျပာၾကားခဲ့ပါတယ္။

ပြဲပယ္ျပစ္ဒဏ္ကေန လြတ္ေျမာက္လာခဲ့ၿပီျဖစ္တဲ့ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ညိဳဟာလည္း မန္စီးတီးနဲ႕ ပြဲမွာ ခ်ဲလ္ဆီးအသင္းအတြက္ ျပန္လည္ ကစားေပးႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ သတင္းေကာင္းတစ္ခု ျဖစ္လာခဲ့ပါတယ္။ ၿပိဳင္ဘက္မန္စီးတီးအသင္းကေတာ့ အဓိကတိုက္စစ္မႉး အဂြဲ႐ို တစ္ေယာက္ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္အနားယူရမဲ့အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

နည္းျပ လမ္းပတ္ကေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ရာသီကုန္အထိ ဆက္လက္ျဖတ္သန္းသြားဖို႔ ဆုံးျဖတ္ကာ ကာလတိုစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကတဲ့ ပယ္ဒ႐ိုနဲ႔ ဝီလီယံတို႔ဟာ အရမ္းကိုပဲ ပ႐ိုဖက္ရွင္နယ္ဆန္လြန္းၾကသူေတြ ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဝါရင့္တိုက္စစ္ကစားသမား ဝီလီယံကို ေနာက္ရာသီအတြက္ပါ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ရာ ႀကိဳးစားေနဆဲ ျဖစ္တယ္လို႔ ေဒးလီးေမးလ္ သတင္းက ေဖာ္ျပထားပါတယ္။

Uni – စီးတီးနဲ့ ပွဲ မတိုင်ခင် လူစာရင်းအခြေအနေကတော့ အက်စ်တွန်ဗီလာအသင်းနဲ့ ပွဲစဉ်ကအတိုင်း မပြောင်းမလဲရှိနေသေးပြီး ဗဟိုနောက်ခံလူ တိုမိုရီ တစ်ယောက် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရာ တစ်ပတ်လောက် လိုနေသေးသလို တောင်ပံတိုက်စစ်ကစားသမားလေး အိုဒွိုင်းဟာလည်း အခုချိန်မှာ ကြံ့ခိုင်မှု တည်ဆောက်နေဆဲဖြစ်တယ်လို့ ချဲလ်ဆီးအသင်းက အတည်ပြုခဲ့ပါတယ်။

လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကို ခေါ်ယူနိုင်ဖို့ရာ မရေမရာဖြစ်နေတဲ့အတွက် ဒါရိုက်တာ မာရီနာဂရာနော့ဗ်စကီရာဟာ အခြားပစ်မှတ်တွေဘက်ကို ဦးလှည့်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဒေးဗစ်အလာဘာ၊ အဲလက်စ်တယ်လိစ်၊ တာဂ်လီယာဖီကိုနဲ့ လေဗင်ကာဇာဝါတို့က ပစ်မှတ်စာရင်းထဲမှာ ရှိနေပါတယ်။

တိုက်စစ်မှူး တီမိုဝါနာကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ အ‌ရောက်လာဖို့ စည်းရုံးနိုင်ခဲ့တဲ့ ဗဟိုနောက်ခံလူ အန်တိုနီယိုရူဒီဂါကတော့ ဂျာမန်သား သာ ပရီးမီးယားလိဂ်မှာ အံမဝင်ခဲ့ပါက သူ့အနေနဲ့လည်း အကြီးကြီး အန္တရာယ်ရှိကြောင်း အရွှန်းဖောက်ကာ ပြောကြားခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကနေ လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျင်ညိုဟာလည်း မန်စီးတီးနဲ့ ပွဲမှာ ချဲလ်ဆီးအသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မှာဖြစ်တဲ့အတွက် သတင်းကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက်မန်စီးတီးအသင်းကတော့ အဓိကတိုက်စစ်မှူး အဂွဲရို တစ်ယောက် ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

နည်းပြ လမ်းပတ်ကတော့ ချဲလ်ဆီးအသင်းနဲ့အတူ ရာသီကုန်အထိ ဆက်လက်ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ကာ ကာလတိုစာချုပ်ချုပ်ဆိုခဲ့ကြတဲ့ ပယ်ဒရိုနဲ့ ဝီလီယံတို့ဟာ အရမ်းကိုပဲ ပရိုဖက်ရှင်နယ်ဆန်လွန်းကြသူတွေ ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဝါရင့်တိုက်စစ်ကစားသမား ဝီလီယံကို နောက်ရာသီအတွက်ပါ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ရာ ကြိုးစားနေဆဲ ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။