မဲဝုဒ်ကို ဝဲလ်ဆန် ပြန်ရောက်နေခြင်းနဲ့ ကာရာဘောင်းပွဲ လွဲဖွယ်ရှိနေတဲ့ ဘရူးစတား

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ကာတာကို ထြက္ခြာသြားတဲ့ လူစာရင္းမွာ ဘရူးစတားနဲ႔ အီလီေယာ့တို႔ကို မေခၚပဲ ကာရာေဘာင္းပြဲအတြက္ ခ်န္ေပးခဲ့ေပမယ့္ ဘရူးစတားဟာ ဒဏ္ရာေၾကာင့္ လိဂ္ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။

ဗီလာပတ္ခ္မွာ ယွဥ္ျပိဳင္ရမယ့္ပြဲမွာေတာ့ လီဗာပူး ယူ-၂၃ အသင္းဟာ ဘရူးစတား၊ အီလီေယာ့တို႔နဲ႔ ပြဲထြက္လာဖို႔ ရွိေနတာပါ။ ဒါေပမယ့္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ႏုိဝင္ဘာလ ၁၀ ရက္ေန႔ေနာက္ပိုင္း ဒဏ္ရာေၾကာင့္ ပြဲမကစားႏိုင္ျဖစ္ေနခဲ့ျပီး မနက္ျဖန္ ေဆးစစ္မႈ မေအာင္ျမင္ရင္ေတာ့ ကာရာေဘာင္းပြဲအျပင္ ကာတာကို လိုက္သြားရမယ့္ ကစားသမားစာရင္းကပါ ထုတ္ပယ္ခံရႏုိင္ပါတယ္။

ႏိုဝင္ဘာလ ၂၁ ရက္ေန႔က ပထမအသင္း ေလ့က်င့္ေရးမွာ ပါဝင္ခဲ့တာကို ျမင္ခဲ့ရျပီး ၂ ရက္အၾကာ ပဲေလစ့္ခရီးစဥ္ကိုလည္း လိုက္ပါသြားတဲ့ ဘရုးစတားဟာ လူစာရင္းထဲေတာ့ မပါခဲ့ပါဘူး။ ဒီကေန႔ ျပဳလုပ္တဲ့ မီဒီယာ ေတြ႔ဆံုမႈမွာ ေနးခရစ္ခ်္ေလက တိုက္စစ္သမား ေျခက်င္းဝတ္ ဒဏ္ရာရေနေၾကာင္းကို အတည္ျပဳခဲ့တာျဖစ္တယ္။

ယူ-၂၃ နည္းျပက “ သူက ထိခိုက္မႈ ျဖစ္ထားပါတယ္။ ဒီေတာ့ ပါဝင္ဖို႔က မေသခ်ာပါဘူး။ ဒီကေန႔မွာ စစ္ေဆးမႈလုပ္ခဲ့ျပီး ဘာေတြျဖစ္ရမယ္ဆိုတာ ၾကည့္ၾကတာေပါ့ ” လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

စေနေန႔က ခ်ယ္ဆီးကို ၁-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ဘုန္းေမာက္ ကစားသမား ဝဲလ္ဆန္ မပါဝင္ႏိုင္ခဲ့ပါဘူး။ ေဝလ္းကစားသမားဟာ လီဗာပူးနဲ႔ ထိပ္တိုက္ေတြ႔တဲ့ပြဲေနာက္ပိုင္း ကတည္းက မပါႏုိင္ခဲ့တာျဖစ္တယ္။ သူဟာ ဘုန္းေမာက္အတြက္ ဒီရာသီ ၁၄ ပြဲ ကစားထားျပီး ၁၁ ပြဲကို ပြဲထြက္ေနရာက ပါဝင္ထားတာျဖစ္ပါတယ္။

ဝဲလ္ဆန္ရဲ႕ ဒဏ္ရာက ထူးျခားတဲ့ အေနအထားျဖစ္ျပီး ေျခေထာက္ ၾကြက္သားေသေနတယ္လို႔ ယူဆရတယ္။ မန္ေနဂ်ာဟိုဝီကေတာ့ ကစားသမားရဲ႕ ဒဏ္ရာကို ဂရုစိုက္နုိင္ဖို႔နဲ႔ ၾကံ႕ခိုင္မႈအေပၚ မွန္မွန္ကန္ကန္ စီမံႏုိင္ဖို႔ရာ ဒီအပတ္မွာပဲ မိခင္ကလပ္ လီဗာပူးအသင္းထံ ျပန္ပို႔ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဟိုဝီက “ ဟယ္ရီရဲ႕ ဒဏ္ရာက ထူးဆန္းပါတယ္။ ေျခေထာက္မွ ထိခိုက္မိထားပါတယ္။ ဒါေပမယ့္ ျပန္လာႏုိင္ဖို႔ ၾကိဳးစားေနပါတယ္။ ဒီအပတ္မွာ သူ႔ကို လီဗာပူးထံ ျပန္ပို႔ခဲ့ျပီး အျမန္ဆံုး ျပန္လာႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုထားပါတယ္။

UNICODE

မန်နေဂျာယာဂင်ကလော့ပ်ဟာ ကာတာကို ထွက်ခွာသွားတဲ့ လူစာရင်းမှာ ဘရူးစတားနဲ့ အီလီယော့တို့ကို မခေါ်ပဲ ကာရာဘောင်းပွဲအတွက် ချန်ပေးခဲ့ပေမယ့် ဘရူးစတားဟာ ဒဏ်ရာကြောင့် လိဂ်ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။

ဗီလာပတ်ခ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲမှာတော့ လီဗာပူး ယူ-၂၃ အသင်းဟာ ဘရူးစတား၊ အီလီယော့တို့နဲ့ ပွဲထွက်လာဖို့ ရှိနေတာပါ။ ဒါပေမယ့် ၁၉ နှစ်အရွယ် တိုက်စစ်သမားဟာ နိုဝင်ဘာလ ၁၀ ရက်နေ့နောက်ပိုင်း ဒဏ်ရာကြောင့် ပွဲမကစားနိုင်ဖြစ်နေခဲ့ပြီး မနက်ဖြန် ဆေးစစ်မှု မအောင်မြင်ရင်တော့ ကာရာဘောင်းပွဲအပြင် ကာတာကို လိုက်သွားရမယ့် ကစားသမားစာရင်းကပါ ထုတ်ပယ်ခံရနိုင်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ပထမအသင်း လေ့ကျင့်ရေးမှာ ပါဝင်ခဲ့တာကို မြင်ခဲ့ရပြီး ၂ ရက်အကြာ ပဲလေစ့်ခရီးစဉ်ကိုလည်း လိုက်ပါသွားတဲ့ ဘရုးစတားဟာ လူစာရင်းထဲတော့ မပါခဲ့ပါဘူး။ ဒီကနေ့ ပြုလုပ်တဲ့ မီဒီယာ တွေ့ဆုံမှုမှာ နေးခရစ်ချ်လေက တိုက်စစ်သမား ခြေကျင်းဝတ် ဒဏ်ရာရနေကြောင်းကို အတည်ပြုခဲ့တာဖြစ်တယ်။

ယူ-၂၃ နည်းပြက “ သူက ထိခိုက်မှု ဖြစ်ထားပါတယ်။ ဒီတော့ ပါဝင်ဖို့က မသေချာပါဘူး။ ဒီကနေ့မှာ စစ်ဆေးမှုလုပ်ခဲ့ပြီး ဘာတွေဖြစ်ရမယ်ဆိုတာ ကြည့်ကြတာပေါ့ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

စနေနေ့က ချယ်ဆီးကို ၁-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ဘုန်းမောက် ကစားသမား ဝဲလ်ဆန် မပါဝင်နိုင်ခဲ့ပါဘူး။ ဝေလ်းကစားသမားဟာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့တဲ့ပွဲနောက်ပိုင်း ကတည်းက မပါနိုင်ခဲ့တာဖြစ်တယ်။ သူဟာ ဘုန်းမောက်အတွက် ဒီရာသီ ၁၄ ပွဲ ကစားထားပြီး ၁၁ ပွဲကို ပွဲထွက်နေရာက ပါဝင်ထားတာဖြစ်ပါတယ်။

ဝဲလ်ဆန်ရဲ့ ဒဏ်ရာက ထူးခြားတဲ့ အနေအထားဖြစ်ပြီး ခြေထောက် ကြွက်သားသေနေတယ်လို့ ယူဆရတယ်။ မန်နေဂျာဟိုဝီကတော့ ကစားသမားရဲ့ ဒဏ်ရာကို ဂရုစိုက်နိုင်ဖို့နဲ့ ကြံ့ခိုင်မှုအပေါ် မှန်မှန်ကန်ကန် စီမံနိုင်ဖို့ရာ ဒီအပတ်မှာပဲ မိခင်ကလပ် လီဗာပူးအသင်းထံ ပြန်ပို့ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဟိုဝီက “ ဟယ်ရီရဲ့ ဒဏ်ရာက ထူးဆန်းပါတယ်။ ခြေထောက်မှ ထိခိုက်မိထားပါတယ်။ ဒါပေမယ့် ပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီအပတ်မှာ သူ့ကို လီဗာပူးထံ ပြန်ပို့ခဲ့ပြီး အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုထားပါတယ်။