ပရီးမီးယားလိဂ္ ထိပ္သီး သံုးသင္း အျပိဳင္ လိုက္ေနတဲ့ ဂ်ေမကာသား ေတာင္ပံ တုိက္စစ္သမား

ပရီးမီးယားလိဂ္ ထိပ္တန္း ကလပ္ေတြျဖစ္ၾကတဲ့ မန္စီးတီး၊ ခ်ယ္ဆီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္အသင္းတို႔ဟာ ေလဗာကူဆင္အသင္းမွ ေတာင္ပံ တိုက္စစ္ကစားသမားေလး လီယြန္ေဘလီကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားဖို႔ အၿပိဳင္ ၾကိဳးစားေနၾကပါတယ္။

ဂ်ေမကာသား ၾကယ္ပြင့္ေလးဟာ ကိုလုံးအသင္းကို ၃-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေလဗာကူဆင္အသင္းအတြက္ အထူးေျခစြမ္းျပ ကစားခဲ့ၿပီး ဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ခဲ့ကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ေတြ ဆက္လက္ ရွင္သန္ေစခဲ့ပါတယ္။

ဒီလို ေျခစြမ္းေကာင္းေတြ ေၾကာင့္ အသက္ ၂၂ႏွစ္သားေလးကို ခ်ယ္ဆီး၊ မန္စီးတီးနဲ႔ မန္ယူႏိုက္တက္အသင္းတို႔က အေလးအနက္ထား ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနခဲ့ေၾကာင္း ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ေလဗာကူဆင္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲလည္း ကစားဖူးထားၿပီး အေတြ႕အႀကဳံေကာင္းေတြ ရွိေနတဲ့ ေဘလီဟာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕လာခဲ့မယ္ဆိုရင္လည္း အသားက်ဖို႔ အခ်ိန္သိပ္မယူရေလာက္ဘူးဆိုၿပီး အသင္းအားလုံးက ယုံၾကည္ေနၾကပါတယ္။

တီမို၀ါနာနဲ႔ ဇီရက္ခ်္တို႔ကို ေခၚယူထားၿပီးျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖို႔ ဆက္လက္ႀကိဳးစားေနတာ ျဖစ္သလို မန္ယူႏိုက္တက္ အသင္းကလည္း ေတာင္ပံတိုက္စစ္ပိုင္းကို အေကာင္းဆုံး ျပင္ဆင္လိုေနတာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းကလည္း ရာသီကုန္မွာ ထြက္ခြာေတာ့မဲ့ ေတာင္ပံတိုက္စစ္ကစားသမား ဆာေနးရဲ႕ေနရာ အစားထိုးဖို႔ ေဘလီကို အၿပိဳင္ေခၚယူသြားဖို႔ ႀကိဳးပမ္းေနပါတယ္။

ေလဗာကူဆင္အသင္းကေတာ့ ေဘလီအတြက္ တန္ေၾကးကို ေပါင္သန္း ၄၀ သာ သတ္မွတ္ထားတဲ့အတြက္ ခ်ယ္ဆီးရဲ႕ပစ္မွတ္ ကိုင္းဟားဗက္ဇ္၊ မန္ယူႏိုက္တက္ရဲ႕ပစ္မွတ္ ‌ေဂ်ဒန္ဆန္ခ်ိဳတို႔ထက္ ေစ်းလည္း အမ်ားႀကီး ပိုသက္သာေနပါတယ္။

ဘယ္ေျခအားသန္ တိုက္စစ္ကစားသမားေလးဟာ ညာေျခကိုလည္း ေကာင္းေကာင္း အသုံးခ်ႏိုင္ၿပီး အေထာင္တိုက္စစ္မွာလည္း ကစားႏိုင္သူ ျဖစ္တာေၾကာင့္ နည္းစနစ္ပိုင္း အေျပာင္းအလဲေတြ ျပဳလုပ္ရာမွာ အမွန္တကယ္ အသုံးဝင္မဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။

Uni – ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေဖြစ်ကြတဲ့ မန်စီးတီး၊ ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ လေဗာကူဆင်အသင်းမှ တောင်ပံ တိုက်စစ်ကစားသမားလေး လီယွန်ဘေလီကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ အပြိုင် ကြိုးစားနေကြပါတယ်။

ဂျမေကာသား ကြယ်ပွင့်လေးဟာ ကိုလုံးအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လေဗာကူဆင်အသင်းအတွက် အထူးခြေစွမ်းပြ ကစားခဲ့ပြီး ဖန်တီးမှု ၂ကြိမ်ပြုလုပ်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်စေခဲ့ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ကြောင့် အသက် ၂၂နှစ်သားလေးကို ချယ်ဆီး၊ မန်စီးတီးနဲ့ မန်ယူနိုက်တက်အသင်းတို့က အလေးအနက်ထား ချိတ်ဆက်မှုတွေ ပြုလုပ်နေခဲ့ကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြထားပါတယ်။

လေဗာကူဆင်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ကစားဖူးထားပြီး အတွေ့အကြုံကောင်းတွေ ရှိနေတဲ့ ဘေလီဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင်လည်း အသားကျဖို့ အချိန်သိပ်မယူရလောက်ဘူးဆိုပြီး အသင်းအားလုံးက ယုံကြည်နေကြပါတယ်။

တီမိုဝါနာနဲ့ ဇီရက်ချ်တို့ကို ခေါ်ယူထားပြီးဖြစ်တဲ့ ချယ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆက်လက်ကြိုးစားနေတာ ဖြစ်သလို မန်ယူနိုက်တက် အသင်းကလည်း တောင်ပံတိုက်စစ်ပိုင်းကို အကောင်းဆုံး ပြင်ဆင်လိုနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း ရာသီကုန်မှာ ထွက်ခွာတော့မဲ့ တောင်ပံတိုက်စစ်ကစားသမား ဆာနေးရဲ့နေရာ အစားထိုးဖို့ ဘေလီကို အပြိုင်ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။

လေဗာကူဆင်အသင်းကတော့ ဘေလီအတွက် တန်ကြေးကို ပေါင်သန်း ၄၀ သာ သတ်မှတ်ထားတဲ့အတွက် ချယ်ဆီးရဲ့ပစ်မှတ် ကိုင်းဟားဗက်ဇ်၊ မန်ယူနိုက်တက်ရဲ့ပစ်မှတ် ‌ဂျေဒန်ဆန်ချိုတို့ထက် ဈေးလည်း အများကြီး ပိုသက်သာနေပါတယ်။

ဘယ်ခြေအားသန် တိုက်စစ်ကစားသမားလေးဟာ ညာခြေကိုလည်း ကောင်းကောင်း အသုံးချနိုင်ပြီး အထောင်တိုက်စစ်မှာလည်း ကစားနိုင်သူ ဖြစ်တာကြောင့် နည်းစနစ်ပိုင်း အပြောင်းအလဲတွေ ပြုလုပ်ရာမှာ အမှန်တကယ် အသုံးဝင်မဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။