ယေန႔ ေနာက္ဆံုးရ ခ်ယ္ဆီး သတင္းတိုမ်ား (19/06/20)

လက္စတာအသင္း နည္းျပ ဘရန္ဒန္ေရာ္ဂ်ာ ကေတာ့ ခ်ယ္ဆီး ပစ္မွတ္ထားျခင္း ခံေနရတဲ့ ဘယ္ေနာက္ခံကစားသမား ဘန္ေခ်ဝဲလ္ အေနနဲ႔ အေကာင္းဆုံး ဘယ္ေနာက္ခံလူေတြထဲ တစ္ဦးအျဖစ္ သက္ေသျပႏိုင္ဖို႔အတြက္ သူ႔အသင္းကေန ထြက္စရာမလိုဘူးလို႔ တိုက္တြန္းလိုက္ပါတယ္။

ခ်ယ္ဆီးအသင္းအေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား ဖီလစ္ကူတင္ညိဳကိုသာ ေခၚယူႏိုင္ခဲ့ရင္ ဝီလီယံ ထြက္ခြာမႈမ်ိဳးကို အေကာင္းဆုံး ျဖည့္တင္းႏိုင္မွာျဖစ္တာေၾကာင့္ စြန္႔စားေခၚယူသင့္ေၾကာင္း လန္းဂြၽန္ဆင္က အႀကံျပဳခဲ့ပါတယ္။

အက္စ္တြန္ဗီလာအသင္းနဲ႔ ကစားမဲ့ပြဲစဥ္ကို ႂကြက္သားဒဏ္ရာရွိေနတဲ့ တိုမိုရီနဲ႔ အေသးစားဒဏ္ရာျပႆနာနဲ႔ ရင္ဆိုင္ေနရတဲ့ အိုဒြိဳင္းကို လြဲေခ်ာ္မွာ ျဖစ္ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနတဲ့ ေလာ့ဖ္တက္စ္ခ်ိခ္ကိုေတာ့ သတိထားသုံးစြဲသြားဦးမယ္လို႔ နည္းျပ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

ေလဗာကူဆင္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ မရခဲ့ရင္ ကြင္းလယ္ တိုက္စစ္ကစားသမားေလး ကိုင္းဟားဗက္ဇ္အတြက္ သတ္မွတ္တန္‌ေၾကးကို ေပါင္သန္း ၇၀ အထိ ေလွ်ာ့ခ်ေပးရဖြယ္ ရွိေနတဲ့အတြက္ ခ်ယ္ဆီးအသင္းရဲ႕စိတ္ႀကိဳက္ ျဖစ္လာပါတယ္။

တီမို၀ါနာေရာက္ရွိလာမႈေၾကာင့္ ပြဲထြက္အခြင့္အေရးအတြက္ ပိုမို႐ုန္းကန္ရလာႏိုင္ေပမဲ့ ဂ်ာမန္သားဟာ ခ်ယ္ဆီးအတြက္ တကယ္ေကာင္းမြန္တဲ့ ေခၚယူမႈျဖစ္ၿပီး အသင္းေဖာ္ေတြအတြက္လည္း စိတ္ဓာတ္ခြန္အားေတြ ေပးစြမ္းႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဂ်ီရူးက ေျပာၾကားခဲ့ပါတယ္။

လိုက္္ပ္ဇစ္ကေန ခ်ယ္ဆီး ေခၚယူလိုက္တဲ့ တိုက္စစ္မွဴး တီမို၀ါနာက လန္ဒန္ကလပ္မွာလည္း ယခင္အသင္းမွာ သူ ၀တ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၁၁ ကိုပဲ ဆက္လက္ ေရြးခ်ယ္ဖြယ္ ရွိေနပါတယ္။

ခ်ယ္ဆီး အသင္းေခါင္းေဆာင္ ဆဲလ္ဆာ အက္ပီလီေကြတာကေတာ့ ရက္ဘူးလိုက္ပ္ဇစ္တိုက္စစ္မႉး တီမို၀ါနာကို ခ်ယ္ဆီးအသင္း ေခၚယူခဲ့တာနဲ႔ ပတ္သက္လို႔ ေထာက္ခံလိုက္ၿပီး အသင္းအတြက္ အေကာင္းဆုံး လူအင္အားျဖည့္တင္းမႈ ျဖစ္လာလိမ့္မယ္ လို႔ ေမွ်ာ္လင့္ထား ပါတယ္။

Uni – လက်စတာအသင်း နည်းပြ ဘရန်ဒန်ရော်ဂျာ ကတော့ ချယ်ဆီး ပစ်မှတ်ထားခြင်း ခံနေရတဲ့ ဘယ်နောက်ခံကစားသမား ဘန်ချေဝဲလ် အနေနဲ့ အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲ တစ်ဦးအဖြစ် သက်သေပြနိုင်ဖို့အတွက် သူ့အသင်းကနေ ထွက်စရာမလိုဘူးလို့ တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးအသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖီလစ်ကူတင်ညိုကိုသာ ခေါ်ယူနိုင်ခဲ့ရင် ဝီလီယံ ထွက်ခွာမှုမျိုးကို အကောင်းဆုံး ဖြည့်တင်းနိုင်မှာဖြစ်တာကြောင့် စွန့်စားခေါ်ယူသင့်ကြောင်း လန်းဂျွန်ဆင်က အကြံပြုခဲ့ပါတယ်။

အက်စ်တွန်ဗီလာအသင်းနဲ့ ကစားမဲ့ပွဲစဉ်ကို ကြွက်သားဒဏ်ရာရှိနေတဲ့ တိုမိုရီနဲ့ အသေးစားဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အိုဒွိုင်းကို လွဲချော်မှာ ဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ လော့ဖ်တက်စ်ချိခ်ကိုတော့ သတိထားသုံးစွဲသွားဦးမယ်လို့ နည်းပြ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ရင် ကွင်းလယ် တိုက်စစ်ကစားသမားလေး ကိုင်းဟားဗက်ဇ်အတွက် သတ်မှတ်တန်‌ကြေးကို ပေါင်သန်း ၇၀ အထိ လျှော့ချပေးရဖွယ် ရှိနေတဲ့အတွက် ချယ်ဆီးအသင်းရဲ့စိတ်ကြိုက် ဖြစ်လာပါတယ်။

တီမိုဝါနာရောက်ရှိလာမှုကြောင့် ပွဲထွက်အခွင့်အရေးအတွက် ပိုမိုရုန်းကန်ရလာနိုင်ပေမဲ့ ဂျာမန်သားဟာ ချယ်ဆီးအတွက် တကယ်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်ပြီး အသင်းဖော်တွေအတွက်လည်း စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဂျီရူးက ပြောကြားခဲ့ပါတယ်။

လိုက်ပ်ဇစ်ကနေ ချယ်ဆီး ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး တီမိုဝါနာက လန်ဒန်ကလပ်မှာလည်း ယခင်အသင်းမှာ သူ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ကိုပဲ ဆက်လက် ရွေးချယ်ဖွယ် ရှိနေပါတယ်။

ချယ်ဆီး အသင်းခေါင်းဆောင် ဆဲလ်ဆာ အက်ပီလီကွေတာကတော့ ရက်ဘူးလိုက်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ချယ်ဆီးအသင်း ခေါ်ယူခဲ့တာနဲ့ ပတ်သက်လို့ ထောက်ခံလိုက်ပြီး အသင်းအတွက် အကောင်းဆုံး လူအင်အားဖြည့်တင်းမှု ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်ထား ပါတယ်။