ယေန႔ ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (19/06/20)

ဒီလကုန္မွာပဲ ဘုန္းေမာက္အသင္းကေန ထြက္ခြာဖြယ္ရွိေနတဲ့ ေတာင္ပံကစားသမား ႐ိုင္ယန္ဖေရဆာကို အာဆင္နယ္အသင္း မေခၚယူဖို႔သာ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ စေကာ့တလန္သားဟာ အဲဗာတန္အသင္းကို တစ္ပတ္လုပ္ခ ေပါင္ ၁ သိန္း ဝန္းက်င္နဲ႔ ေျပာင္းေ႐ႊ႕ဖြယ္ ရွိေနပါတယ္။

နည္းစနစ္ပိုင္းဆိုင္ရာ အေၾကာင္းျပခ်က္ေၾကာင့္ စီးတီးနဲ႕ ပြဲမွာ ခ်န္လွပ္ထားခဲ့တဲ့ ကြင္းလယ္ၾကယ္ပြင့္ အိုေဇးလ္ကေတာ့ လူစာရင္းမွာ ပါဝင္ခြင့္မရလည္း ဘာပဲျဖစ္ျဖစ္ ေရွ႕ဆက္သြားမယ္ဆိုတဲ့အေၾကာင္း တြစ္တာကေနတဆင့္ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးအသင္းနဲ႔ပြဲစဥ္က ေျခစြမ္းအရ ဗဟိုေနာက္ခံလူ ေဒးဗစ္လူးဝစ္ရဲ႕အနာဂတ္ဟာ အာဆင္နယ္အသင္းမွာ မရွိႏိုင္ေတာ့ဘူးလို႔ ကာေရဂါက ေဝဖန္ သုံးသပ္သြားခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ သတင္း ထြက္ေပၚေနတဲ့ ပီအက္စ္ဂ်ီ ဝါရင့္ေနာက္ခံလူ သီယာဂိုေဆးဗားလ္ကေတာ့ ပရီးမီးယားလိဂ္ကိုသာ ေျပာင္းေ႐ႊ႕ခြင့္ ရခဲ့မယ္ဆိုရင္ လစာေလွ်ာ့ယူသြားဖို႔ အသင့္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

မန္ယူႏိုက္တက္ဂႏၴဝင္ကစားသမားႀကီး ဂယ္ရီနဗီးလ္ကေတာ့ ကြင္းလယ္ကစားသမားေလး ဂြမ္ဒူဇီဟာ စ႐ိုက္ လကၡဏာေကာင္းေကာင္း ရွိေနသူျဖစ္ၿပီး အာဆင္နယ္အသင္းအတြက္ ေခါင္းေဆာင္တစ္ဦး ျဖစ္လာႏိုင္ေၾကာင္း မွတ္ခ်က္ျပဳ ခ်ီးက်ဴးသြားခဲ့ပါတယ္။

နည္းျပ အာတီတာကေတာ့ ကြင္းလယ္ကစားသမား ဇာခါနဲ႔ ဗဟိုေနာက္ခံလူ ပါဘလိုမာရီတို႔ရဲ႕ဒဏ္ရာအေျခအေနကို ေစာင့္ၾကည့္ရဦးမွာ ျဖစ္ေၾကာင္း၊ စပိန္သားရဲ႕ ဒဏ္ရာအေျခအေနဟာ နည္းနည္းျပင္းထန္ဖြယ္ရွိေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းကို အေကာင္းဆုံးပုံစံျပန္ရခ်င္ရင္ ေဒးဗစ္လူးဝစ္၊ မူစတာဖီ၊ ခ်ာကာနဲ႔ အိုေဇးလ္တို႔လို ကစားသမားအေတြကို လာမဲ့ေႏြေဈးကြက္မွာ ေရာင္းထုတ္သြားသင့္ၿပီျဖစ္ေၾကာင္း ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္ကစားသမားႀကီး ခရိတ္ဘာေလက အႀကံျပဳတိုက္တြန္းခဲ့ပါတယ္။

ဒီလကုန်မှာပဲ ဘုန်းမောက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ တောင်ပံကစားသမား ရိုင်ယန်ဖရေဆာကို အာဆင်နယ်အသင်း မခေါ်ယူဖို့သာ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ စကော့တလန်သားဟာ အဲဗာတန်အသင်းကို တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းပြချက်ကြောင့် စီးတီးနဲ့ ပွဲမှာ ချန်လှပ်ထားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကတော့ လူစာရင်းမှာ ပါဝင်ခွင့်မရလည်း ဘာပဲဖြစ်ဖြစ် ရှေ့ဆက်သွားမယ်ဆိုတဲ့အကြောင်း တွစ်တာကနေတဆင့် အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့ပွဲစဉ်က ခြေစွမ်းအရ ဗဟိုနောက်ခံလူ ဒေးဗစ်လူးဝစ်ရဲ့အနာဂတ်ဟာ အာဆင်နယ်အသင်းမှာ မရှိနိုင်တော့ဘူးလို့ ကာရေဂါက ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ သတင်း ထွက်ပေါ်နေတဲ့ ပီအက်စ်ဂျီ ဝါရင့်နောက်ခံလူ သီယာဂိုဆေးဗားလ်ကတော့ ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ခွင့် ရခဲ့မယ်ဆိုရင် လစာလျှော့ယူသွားဖို့ အသင့်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်ကတော့ ကွင်းလယ်ကစားသမားလေး ဂွမ်ဒူဇီဟာ စရိုက် လက္ခဏာကောင်းကောင်း ရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြု ချီးကျူးသွားခဲ့ပါတယ်။

နည်းပြ အာတီတာကတော့ ကွင်းလယ်ကစားသမား ဇာခါနဲ့ ဗဟိုနောက်ခံလူ ပါဘလိုမာရီတို့ရဲ့ဒဏ်ရာအခြေအနေကို စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း၊ စပိန်သားရဲ့ ဒဏ်ရာအခြေအနေဟာ နည်းနည်းပြင်းထန်ဖွယ်ရှိကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကို အကောင်းဆုံးပုံစံပြန်ရချင်ရင် ဒေးဗစ်လူးဝစ်၊ မူစတာဖီ၊ ချာကာနဲ့ အိုဇေးလ်တို့လို ကစားသမားအတွေကို လာမဲ့နွေဈေးကွက်မှာ ရောင်းထုတ်သွားသင့်ပြီဖြစ်ကြောင်း ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ခရိတ်ဘာလေက အကြံပြုတိုက်တွန်းခဲ့ပါတယ်။