ယူနိုက္တက္ကို မေရြးဘဲ ခ်ယ္ဆီးကို သြားလို႔ ဖခင္နဲ႕ ျပႆနာျဖစ္ခဲ့တဲ့ ဂၽြန္တယ္ရီ

ခ်ယ္ဆီး အသင္းရဲ႕ ခံစစ္မွဴးေဟာင္းႀကီး ဂြၽန္တယ္ရီ က ငယ္စဥ္တုန္းက ယူႏိုက္တက္ကို မသြားေရာက္ခဲ့ပဲ ခ်ယ္ဆီး အသင္းကို ေ႐ြးခ်ယ္ျဖစ္ခဲ့တဲ့ အေၾကာင္းနဲ႔ ပတ္သက္ၿပီး ျပန္ေျပာင္းေျပာၾကားခဲ့ရာ ထိုစဥ္က ဖခင္ရဲ႔အမ်က္ေဒါကိုပါ ခံခဲ့ရေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

ဂြၽန္တယ္ရီ ဟာ အသက္ (၁၄) ႏွစ္သားအ႐ြယ္မွာပဲ ခ်ယ္ဆီး နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ လူငယ္အသင္းမွာ ကစားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ အခ်ိန္မွာ တုန္းက မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာလည္း တယ္ရီ ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ၿပီး ဖခင္ျဖစ္သူကလည္း ယူႏိုက္တက္ဆီ သြားေရာက္ဖို႔ အတြက္ သေဘာတူခဲ့တာပါ။

ဒါေပမဲ့ တယ္ရီ ကေတာ့ ဖခင္ျဖစ္သူကို အတိုက္အခံျပဳလုပ္ခဲ့ၿပီး ယူႏိုက္တက္ကို ျငင္းပယ္ခဲ့ကာ ခ်ယ္ဆီး ကိုပဲ ေ႐ြးခ်ယ္သြားခဲ့ပါတယ္။ ထိုစဥ္က အျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး တယ္ရီ က အခုလို ဖြင့္ဟခဲ့တာပါ။

” ကြၽန္ေတာ့္ အေဖက ခ်ယ္ဆီး ကို သြားဖို႔လုံးဝသေဘာမတူခဲ့ပါဘူး။ ကြၽန္ေတာ္ အဲ့တုန္းက ေက်ာင္းဝတ္စုံေလးနဲ႔ ခ်ယ္ဆီး ကို စာခ်ဳပ္ခ်ဳပ္ဖို႔ သြားတဲ့အခါ အေဖက အတူတူ လိုက္ေပးဖို႔ကိုျငင္းဆန္ခဲ့တာပါ။ ကြၽန္ေတာ္ ဥမင္လႈိဏ္ေခါင္းထဲမွာ သူ႔ကို ေစာင့္ေနတာ ျဖစ္ပါတယ္။ ဂလင္းဟိုဒယ္လ္ ရဲ႕ေနာက္ကေန အေဖထြက္လာခဲ့ၿပီး မင္း ဒီကလပ္နဲ႔စာခ်ဳပ္မခ်ဳပ္ရဘူး။ ငါတို႔ ယူႏိုက္တက္နဲ႔ လက္မွတ္ထိုးရမယ္ လို႔ ေျပာခဲ့ပါတယ္။

ကြၽန္ေတာ္ကလည္း ကြၽန္ေတာ္ျဖစ္ခ်င္တာကို ဆက္လုပ္သြားမွာျဖစ္ၿပီး ခ်ယ္ဆီး နဲ႔စာ ခ်ဳပ္ခ်ဳပ္ဖို႔အတြက္ ရာႏူန္းျပည့္ေသခ်ာေနၿပီလို႔ ေျပာခဲ့ပါတယ္။ အေဖ မပါလည္း ကြၽန္ေတာ္တစ္ေယာက္တည္း စာခ်ဳပ္ခ်ဳပ္မယ္လို႔ ျပန္ေျပာခဲ့ပါတယ္။ ဒါေပမဲ့ စာခ်ဳပ္အတြက္က မိဘအုပ္ထိန္းသူ တစ္ဦးပါမွ ျဖစ္မွာမို႔လို႔ ကြၽန္ေတာ့္အေမက လိုက္ခဲ့ေပးမယ္လို႔ ဆိုပါတယ္။

အေဖက ေဒါသတႀကီးနဲ႔မင္းမလိုက္ေပးရဘူးလို႔ အေမ့ကို ေျပာေပမယ့္ ကြၽန္ေတာ္ရယ္ အေမရယ္ ဂေရဟမ္ရစ္ ရယ္ ဒီစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ ခဲ့ပါတယ္။ အေဖကေတာ့ အဲ့ဒီညမွာ သူ႔ကို ျငင္းပယ္ခဲ့တဲ့အတြက္ ကြၽန္ေတာ့္ကို ေဒါသထြက္ေနခဲ့ပါတယ္။ ” လို႔ တယ္ရီက ျပန္လည္ေျပာျပ သြားခဲ့ပါတယ္။

တယ္ရီ ဟာ ၁၉၉၈ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ စတန္းဖို႔ဘရစ္ခ်္ မွာ (၁၉) ႏွစ္နီးပါး ကစားေပးသြားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ခ်ယ္ဆီး မွာ အေအာင္ျမင္ဆုံး ကစားသမားတစ္ဦးလည္းျဖစ္ခဲ့ၿပီး သူ႔ရဲ႕ေ႐ြးခ်ယ္မႈ ကမွန္ကန္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

Uni – ချယ်ဆီး အသင်းရဲ့ ခံစစ်မှူးဟောင်းကြီး ဂျွန်တယ်ရီ က ငယ်စဉ်တုန်းက ယူနိုက်တက်ကို မသွားရောက်ခဲ့ပဲ ချယ်ဆီး အသင်းကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောကြားခဲ့ရာ ထိုစဉ်က ဖခင်ရဲ့အမျက်ဒေါကိုပါ ခံခဲ့ရကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ဂျွန်တယ်ရီ ဟာ အသက် (၁၄) နှစ်သားအရွယ်မှာပဲ ချယ်ဆီး နဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ လူငယ်အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ တုန်းက မန်ချက်စတာ ယူနိုက်တက်အသင်းဟာလည်း တယ်ရီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ဖခင်ဖြစ်သူကလည်း ယူနိုက်တက်ဆီ သွားရောက်ဖို့ အတွက် သဘောတူခဲ့တာပါ။

ဒါပေမဲ့ တယ်ရီ ကတော့ ဖခင်ဖြစ်သူကို အတိုက်အခံပြုလုပ်ခဲ့ပြီး ယူနိုက်တက်ကို ငြင်းပယ်ခဲ့ကာ ချယ်ဆီး ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ ထိုစဉ်က အဖြစ်အပျက်နဲ့ပတ်သက်ပြီး တယ်ရီ က အခုလို ဖွင့်ဟခဲ့တာပါ။

” ကျွန်တော့် အဖေက ချယ်ဆီး ကို သွားဖို့လုံးဝသဘောမတူခဲ့ပါဘူး။ ကျွန်တော် အဲ့တုန်းက ကျောင်းဝတ်စုံလေးနဲ့ ချယ်ဆီး ကို စာချုပ်ချုပ်ဖို့ သွားတဲ့အခါ အဖေက အတူတူ လိုက်ပေးဖို့ကိုငြင်းဆန်ခဲ့တာပါ။ ကျွန်တော် ဥမင်လှိုဏ်ခေါင်းထဲမှာ သူ့ကို စောင့်နေတာ ဖြစ်ပါတယ်။ ဂလင်းဟိုဒယ်လ် ရဲ့နောက်ကနေ အဖေထွက်လာခဲ့ပြီး မင်း ဒီကလပ်နဲ့စာချုပ်မချုပ်ရဘူး။ ငါတို့ ယူနိုက်တက်နဲ့ လက်မှတ်ထိုးရမယ် လို့ ပြောခဲ့ပါတယ်။

ကျွန်တော်ကလည်း ကျွန်တော်ဖြစ်ချင်တာကို ဆက်လုပ်သွားမှာဖြစ်ပြီး ချယ်ဆီး နဲ့စာ ချုပ်ချုပ်ဖို့အတွက် ရာနူန်းပြည့်သေချာနေပြီလို့ ပြောခဲ့ပါတယ်။ အဖေ မပါလည်း ကျွန်တော်တစ်ယောက်တည်း စာချုပ်ချုပ်မယ်လို့ ပြန်ပြောခဲ့ပါတယ်။ ဒါပေမဲ့ စာချုပ်အတွက်က မိဘအုပ်ထိန်းသူ တစ်ဦးပါမှ ဖြစ်မှာမို့လို့ ကျွန်တော့်အမေက လိုက်ခဲ့ပေးမယ်လို့ ဆိုပါတယ်။

အဖေက ဒေါသတကြီးနဲ့မင်းမလိုက်ပေးရဘူးလို့ အမေ့ကို ပြောပေမယ့် ကျွန်တော်ရယ် အမေရယ် ဂရေဟမ်ရစ် ရယ် ဒီစာချုပ်ကို ချုပ်ဆိုနိုင် ခဲ့ပါတယ်။ အဖေကတော့ အဲ့ဒီညမှာ သူ့ကို ငြင်းပယ်ခဲ့တဲ့အတွက် ကျွန်တော့်ကို ဒေါသထွက်နေခဲ့ပါတယ်။ ” လို့ တယ်ရီက ပြန်လည်ပြောပြ သွားခဲ့ပါတယ်။

တယ်ရီ ဟာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ စတန်းဖို့ဘရစ်ချ် မှာ (၁၉) နှစ်နီးပါး ကစားပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချယ်ဆီး မှာ အအောင်မြင်ဆုံး ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပြီး သူ့ရဲ့ရွေးချယ်မှု ကမှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။