ပရီးမီးယားလိဂ်မှ လူငယ်ကြယ်ပွင့်များ ပါဝင်တဲ့ Golden Boy ဆု ဆန်ကာတင်စာရင်း

အီတလီ သတင်းစာ တစ်စောင်ဖြစ်တဲ့ TuttoSport က စီစဉ်ပြီး ပေးအပ်ချီးမြှင့်နေတဲ့ Golden Boy ဆုအတွက် လူငယ် ကစားသမား အယောက် ၁၀၀ ရဲ့ ဆန်ခါတင်စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးတော့ ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ နာမည်ကျော် လူငယ်ကြယ်ပွင့် အားလုံးနီးပါး ပါဝင်လာခဲ့တာပါ။ ထို အယောက် ၁၀၀ စာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၂၁ဦးအထိ ပါဝင်နေခဲ့ပြီး ဥရောပ လိဂ်တွေထဲ အများဆုံး အရေအတွက်လည်း ဖြစ်နေခဲ့ပါတယ်။

လူငယ် ကစားသမားတွေအတွက်တော့ မက်မောဖွယ်ရာ ဆုတစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားမှုရှိတယ်လို့ ယူဆရတဲ့ Golden Boy ဆုကို ၂၀၀၃ ခုနှစ်ကတည်းက စတင် ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ထုတ်ပြန်ခဲ့တဲ့ အယောက် ၁၀၀ စာရင်းမှာတော့ မက်စ်အာရွန်၊ အမ်ပါဒူ (ချယ်ဆီး) ၊ အိန်ဂျယ်ဂိုမက်စ် (ယူနိုက်တက်)၊ ကာမာဗင်ဂါ၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်၊ အက်စ်ပိုစီတို၊ အန်ဆူဖာတီ၊ ဖီးလ်ဖိုဒန်၊ ဂျိမ်းစ်ဂါနာ၊ ဘီလီဂေးမား (ချယ်ဆီး)၊ ဂရင်းဝုဒ် (ယူနိုက်တက်)၊ ဟာလန်း၊ အိုဒွိုင်း (ချယ်ဆီး)၊ ကာတစ်ဂျုံးစ် (လီဗာပူး)၊ ကူဘို၊ မာတင်နယ်လီ (အာဆင်နယ်)၊ အိုဘာဖီမီ၊ နက်တို၊ ရိုဒရိုင်ဂို၊ ဆာကာ (အာဆင်နယ်)၊ ဆာလီဘာ (အာဆင်နယ်)၊ ဆန်ချို၊ ဆက်ဆက်နွန်၊ တိုနာလီ၊ ဗင်နီရှပ်စ် အစရှိတဲ့ လူငယ် ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

ဒီဆုကို စတင်ချီးမြှင့်ခဲ့စဉ်မှာ ပထမဆုံးအနေနဲ့ နာမည်ကျော်ဟော်လန်ကစားသမားဟောင်း ဗန်ဒါဗတ်က ဆွတ်ခူးနိုင်ခဲ့ပြီးတော့ နောက်ဆုံးအကြိမ် အဖြစ် ဂျူဗင်တပ်စ်နောက်ခံလူ ဒီလစ်က ရရှိထားခဲ့ပါတယ်။

နာမည်ကျော် ကစားသမားကြီးတွေ ဖြစ်တဲ့ ဝိန်းရွန်နီ၊ မက်ဆီ၊ ဖာဘရီဂတ်စ်၊ အဂူရို၊ ပေါ့ဂ်ဘာ၊ တာလင်၊ မာရှယ်၊ ဘာပေတို့လို ကစားသမားတွေလည်း ဒီဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။

Zawgyi – အီတလီ သတင္းစာ တစ္ေစာင္ျဖစ္တဲ့ TuttoSport က စီစဥ္ၿပီး ေပးအပ္ခ်ီးျမႇင့္ေနတဲ့ Golden Boy ဆုအတြက္ လူငယ္ ကစားသမား အေယာက္ ၁၀၀ ရဲ႕ ဆန္ခါတင္စာရင္း ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

တနလၤာေန႔က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္ၿပီးေတာ့ ပရိသတ္ေတြနဲ႔ ရင္းႏွီးတဲ့ နာမည္ေက်ာ္ လူငယ္ၾကယ္ပြင့္ အားလုံးနီးပါး ပါဝင္လာခဲ့တာပါ။ ထို အေယာက္ ၁၀၀ စာရင္းမွာ ပရီးမီးယားလိဂ္ကစားသမား ၂၁ဦးအထိ ပါဝင္ေနခဲ့ၿပီး ဥေရာပ လိဂ္ေတြထဲ အမ်ားဆုံး အေရအတြက္လည္း ျဖစ္ေနခဲ့ပါတယ္။

လူငယ္ ကစားသမားေတြအတြက္ေတာ့ မက္ေမာဖြယ္ရာ ဆုတစ္ခုျဖစ္ၿပီး ဂုဏ္သိကၡာႀကီးမားမႈရွိတယ္လို႔ ယူဆရတဲ့ Golden Boy ဆုကို ၂၀၀၃ ခုႏွစ္ကတည္းက စတင္ ေပးအပ္ခဲ့တာလည္း ျဖစ္ပါတယ္။

အခု ထုတ္ျပန္ခဲ့တဲ့ အေယာက္ ၁၀၀ စာရင္းမွာေတာ့ မက္စ္အာ႐ြန္၊ အမ္ပါဒူ (ခ်ယ္ဆီး) ၊ အိန္ဂ်ယ္ဂိုမက္စ္ (ယူနိုက္တက္)၊ ကာမာဗင္ဂါ၊ အယ္လ္ဖြန္ဆို ေဒးဗီးစ္၊ အက္စ္ပိုစီတို၊ အန္ဆူဖာတီ၊ ဖီးလ္ဖိုဒန္၊ ဂ်ိမ္းစ္ဂါနာ၊ ဘီလီေဂးမား (ခ်ယ္ဆီး)၊ ဂရင္းဝုဒ္ (ယူနိုက္တက္)၊ ဟာလန္း၊ အိုဒြိဳင္း (ခ်ယ္ဆီး)၊ ကာတစ္ဂ်ဳံးစ္ (လီဗာပူး)၊ ကူဘို၊ မာတင္နယ္လီ (အာဆင္နယ္)၊ အိုဘာဖီမီ၊ နက္တို၊ ႐ိုဒ႐ိုင္ဂို၊ ဆာကာ (အာဆင္နယ္)၊ ဆာလီဘာ (အာဆင္နယ္)၊ ဆန္ခ်ိဳ၊ ဆက္ဆက္ႏြန္၊ တိုနာလီ၊ ဗင္နီရွပ္စ္ အစရွိတဲ့ လူငယ္ ကစားသမားေတြ ပါဝင္လာခဲ့ပါတယ္။

ဒီဆုကို စတင္ခ်ီးျမႇင့္ခဲ့စဥ္မွာ ပထမဆုံးအေနနဲ႔ နာမည္ေက်ာ္ေဟာ္လန္ကစားသမားေဟာင္း ဗန္ဒါဗတ္က ဆြတ္ခူးႏိုင္ခဲ့ၿပီးေတာ့ ေနာက္ဆုံးအႀကိမ္ အျဖစ္ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ ဒီလစ္က ရရွိထားခဲ့ပါတယ္။

နာမည္ေက်ာ္ ကစားသမားၾကီးေတြ ျဖစ္တဲ့ ၀ိန္း႐ြန္နီ၊ မက္ဆီ၊ ဖာဘရီဂတ္စ္၊ အဂူ႐ို၊ ေပါ့ဂ္ဘာ၊ တာလင္၊ မာရွယ္၊ ဘာေပတို႔လို ကစားသမားေတြလည္း ဒီဆုကို ဆြတ္ခူးခဲ့ဖူးပါတယ္။