စိန္႔မွာ မေအာင္ျမင္ခဲ့တဲ့ ဂိုးသမားကိုမွ အျပိဳင္ ပစ္မွတ္ထားေနတဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္

ပရီမီးယားလိဂ္မွ လန္ဒန္ အသင္းၾကီးေတြ ျဖစ္တဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ဆဲလ္တစ္မွာ အငွား သြားေရာက္ ကစားေနတဲ့ ေဆာက္သမ္တန္ ဂိုးသမား ဖေရာဆာ ေဖာ္စတာကို ေခၚယူဖို႔ အျပိဳင္ ခ်ိန္ရြယ္လာၾကပါတယ္။

အဂၤလန္သား ဂိုးသမားဟာ ဆဲလ္တစ္အသင္းမွာ လက္စြမ္းျပသႏိုင္ခဲ့လို႔ နာမည္ၾကီးလာခဲ့ျပီး ေဆာက္သမ္တန္ အသင္းထံ ေျပာင္းေရႊ႕ လာခဲ့တာပါ။ ဒါေပမယ့္ စိန္႔ေမရီမွာေတာ့ ထင္သေလာက္ မေပါက္ခဲ့ဘဲ အသင္းေဟာင္း ဆဲလ္တစ္ထံပါ ျပန္ အငွားပို႔ခံလိုက္ရသူ ျဖစ္ပါတယ္။

အသက္ ၃၂ နွစ္ အရြယ္ အဂၤလန္သား ဂိုးသမား ဖေရဆာဟာ အသင္းေဟာင္း ဆဲလ္တစ္ထံ အငွား ျပန္သြား ကစားခ်ိန္မွာေတာ့ ျပန္ျပီး လက္စြမ္းျပေနျပန္တာေၾကာင့္ ခ်ယ္ဆီး၊ အာဆင္နယ္တို႔က မ်က္စိက်လာခဲ့တာ ျဖစ္ပါတယ္။ ေဖာ္စတာဟာ ေဆာက္သမ္တန္မွာေတာ့ လုံးဝကို အလုပ္မျဖစ္ခဲ့တာေၾကာင့္ စိန္႔အသင္းက ၄င္း ကို အသင္းကေန ေရာင္းထုတ္သြားခ်င္ေနျပီး ေျပာင္းေ႐ႊ႕့ေၾကး ေပါင္ ၁၀ သန္း ဝန္းက်င္နဲ႔ ေရာင္းခ်ဖြယ္ရွိပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ လက္ရွိ ဂိုးသမား ကီပါကို စိတ္တိုင္းမက် ျဖစ္ေနတာေၾကာင့္ တိုက္ရိုက္ အစားထိုးနုိင္မယ့္ ဂိုးသမား မဟုတ္ေတာင္ လက္ရွိ အရန္ ကာဘယ္လာရိုထက္ ကီပါကို တြန္းအားေပးနုိင္မယ့္ ဂိုးသမားမ်ိဳး ရွာေဖြေနတာ ျဖစ္လုိ႔ ဖေရဆာနဲ႕ အံ၀င္နိုင္မွာ ျဖစ္ပါတယ္။

စေကာ့တလန္ကေန ထြက္ေပၚေနတဲ့သတင္းေတြအရေတာ့ ေဖာ္စတာကို ေခၚေဆာင္ေနခ်င္တဲ့ အသင္းေတြထဲမွာ ခ်ယ္ဆီးအျပင္ အာဆင္နယ္နဲ႔ အျခား ပရီးမီးယားလိဂ္ အသင္းမ်ားစြာ ပါဝင္ေနတယ္လို႔ သိရပါတယ္။ အာဆင္နယ္ အသင္းက လာမယ့္ေႏြေစ်းကြက္အတြင္းမွာ အသင္းရဲ႕ အရန္ ဂိုးသမားျဖစ္တဲ့ မာတီနက္ဇ္ကို လက္လြတ္ရဖြယ္ရွိေနတာေၾကာင့္ အသင္းမွာ အရန္ ဂိုးသမားတစ္ေယာက္ထားဖို႔အတြက္ ဖေရဆာကို စိတ္ဝင္စားေနခဲ့တာျဖစ္ပါတယ္။

အရပ္ ၆ ေပ ၆ လက္မ အထိ ရွိတဲ့ ဂိုးသမားေဖာ္စတာဟာ နယူးကာဆယ္ ယူႏိုက္တက္ လူငယ္အသင္းကေန ထြက္ေပၚလာခဲ့သူျဖစ္ပါတယ္။ သူရဲ႕ေဘာလုံးသမားဘဝ အခ်ိန္အမ်ားစုကို အငွားကစားသမားဘဝနဲ႔ က်င္လည္ခဲ့ရတာျဖစ္ၿပီး ဆဲလ္တစ္အသင္းနဲ႔ စေကာ့တလန္ အမွတ္ေပး ခ်န္ပီယံဆုကို (၄)ႀကိမ္တိုင္တိုင္ ရယူႏိုင္ခဲ့သလို အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ကိုလည္း (၆)ပြဲအထိ ကစားေပးထားႏိုင္ခဲ့ပါတယ္။

Uni – ပရီမီးယားလိဂ်မှ လန်ဒန် အသင်းကြီးတွေ ဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဆဲလ်တစ်မှာ အငှား သွားရောက် ကစားနေတဲ့ ဆောက်သမ်တန် ဂိုးသမား ဖရောဆာ ဖော်စတာကို ခေါ်ယူဖို့ အပြိုင် ချိန်ရွယ်လာကြပါတယ်။

အင်္ဂလန်သား ဂိုးသမားဟာ ဆဲလ်တစ်အသင်းမှာ လက်စွမ်းပြသနိုင်ခဲ့လို့ နာမည်ကြီးလာခဲ့ပြီး ဆောက်သမ်တန် အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။ ဒါပေမယ့် စိန့်မေရီမှာတော့ ထင်သလောက် မပေါက်ခဲ့ဘဲ အသင်းဟောင်း ဆဲလ်တစ်ထံပါ ပြန် အငှားပို့ခံလိုက်ရသူ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် အင်္ဂလန်သား ဂိုးသမား ဖရေဆာဟာ အသင်းဟောင်း ဆဲလ်တစ်ထံ အငှား ပြန်သွား ကစားချိန်မှာတော့ ပြန်ပြီး လက်စွမ်းပြနေပြန်တာကြောင့် ချယ်ဆီး၊ အာဆင်နယ်တို့က မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။ ဖော်စတာဟာ ဆောက်သမ်တန်မှာတော့ လုံးဝကို အလုပ်မဖြစ်ခဲ့တာကြောင့် စိန့်အသင်းက ၎င်း ကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ဝန်းကျင်နဲ့ ရောင်းချဖွယ်ရှိပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ လက်ရှိ ဂိုးသမား ကီပါကို စိတ်တိုင်းမကျ ဖြစ်နေတာကြောင့် တိုက်ရိုက် အစားထိုးနိုင်မယ့် ဂိုးသမား မဟုတ်တောင် လက်ရှိ အရန် ကာဘယ်လာရိုထက် ကီပါကို တွန်းအားပေးနိုင်မယ့် ဂိုးသမားမျိုး ရှာဖွေနေတာ ဖြစ်လို့ ဖရေဆာနဲ့ အံဝင်နိုင်မှာ ဖြစ်ပါတယ်။

စကော့တလန်ကနေ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဖော်စတာကို ခေါ်ဆောင်နေချင်တဲ့ အသင်းတွေထဲမှာ ချယ်ဆီးအပြင် အာဆင်နယ်နဲ့ အခြား ပရီးမီးယားလိဂ် အသင်းများစွာ ပါဝင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းက လာမယ့်နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အရန် ဂိုးသမားဖြစ်တဲ့ မာတီနက်ဇ်ကို လက်လွတ်ရဖွယ်ရှိနေတာကြောင့် အသင်းမှာ အရန် ဂိုးသမားတစ်ယောက်ထားဖို့အတွက် ဖရေဆာကို စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

အရပ် ၆ ပေ ၆ လက်မ အထိ ရှိတဲ့ ဂိုးသမားဖော်စတာဟာ နယူးကာဆယ် ယူနိုက်တက် လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပါတယ်။ သူရဲ့ဘောလုံးသမားဘဝ အချိန်အများစုကို အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရတာဖြစ်ပြီး ဆဲလ်တစ်အသင်းနဲ့ စကော့တလန် အမှတ်ပေး ချန်ပီယံဆုကို (၄)ကြိမ်တိုင်တိုင် ရယူနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကိုလည်း (၆)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။