ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (14/06/20)

႐ိုးမားအသင္းဆီ အာဆင္နယ္ အငွားခ်ထားတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား မစ္ခီတာရီယန္နဲ႔ ႐ိုးမား တိုက္စစ္ကစားသမားေလး ယက္စတင္ ကလြိဳက္ဗက္တို႔ အလဲအထပ္ ျပဳလုပ္ဖို႔အတြက္ ကလပ္နွစ္သင္းၾကား ေဆြးေႏြးေနၾကတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

ဒီရာသီမွ ေရာက္လာခဲ့တာ ျဖစ္ေပမယ့္ အာဆင္နယ္မွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ တိုက္စစ္ကစားသမားေလး မာတင္နယ္လီဟာ အနာဂတ္မွာ ထိပ္တန္းအဆင့္ျဖစ္လာမဲ့ အလားအလာေကာင္းေတြ ရွိေနသူ လို႔ ဂႏၴဝင္ကစားသမားႀကီး ဂီလ္ဘာတိုေဆးဗားလ္က မွတ္ခ်က္ျပဳခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဂ်ာမန္ထိပ္တန္းကလပ္ ရက္ဘူးလ္လိုက္ပ္ဇစ္အသင္းရဲ႕ အသက္ ၂၁ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူ အူပါမီကာႏိုကို လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားႏိုင္ဖို႔ အေျခအေနေကာင္းေနတယ္လို႔ သတင္းေကာင္း ၾကားရပါတယ္။

အာဆင္နယ္ အသင္းဟာ ဆြီဒင္ကလပ္ ဟယ္ဆင္ဘြိဳက္အသင္းရဲ႕ အသက္ ၁၈ႏွစ္ အ႐ြယ္ ကြင္းလယ္ကစားသမားေလး အာမင္ယီကိုဗစ္ ကို ပစ္မွတ္ထားေနၿပီး ပရိသတ္ေတြကေတာ့ ခ်ာကာနဲ႔ ဂြမ္ဒူဇီတို႔ထက္ ပိုေကာင္းတဲ့ၾကယ္ပြင့္တစ္ဦးျဖစ္တယ္လို႔ မွတ္ခ်က္ျပဳေနၾကပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ လာမဲ့ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ရရွိသြားႏိုင္ေပမဲ့ အာဆင္နယ္အသင္းကေတာ့ ထိပ္ဆုံး ေလးသင္း စာရင္း ဝင္ေရာက္ႏိုင္မွာ မဟုတ္ဘူးလို႔ လီဗာပူးလ္ကစားသမားေဟာင္းႀကီး ဒန္နီမာဖီက သုံးသပ္သြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဂိုးသမား လီႏိုရဲ႕ေနာက္ အရန္သင့္ကစားသမားတစ္ဦး ထားရွိဖို႔အတြက္ ဆဲလ္တစ္အသင္းကို အငွားထြက္ကစားေနတဲ့ ေဆာက္သမ္တန္ဂိုးသမား ဖေရဆာေဖာ္စတာကို ပစ္မွတ္ထားႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

အသင္းေခါင္းေဆာင္တိုက္စစ္မႉး အူဘာမီယန္းကေတာ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေဆြးေႏြးရာမွာ သူ႔အေနနဲ႔ သူလိုခ်င္တဲ့အခ်က္ေတြကို အသိေပးထားၿပီး ျဖစ္ၿပီး သေဘာတူညီမႈရဖို႔ရာေတာ့ အာဆင္နယ္အသင္းအေပၚပဲ မူတည္ေတာ့တယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။

Uni – ရိုးမားအသင်းဆီ အာဆင်နယ် အငှားချထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မစ်ခီတာရီယန်နဲ့ ရိုးမား တိုက်စစ်ကစားသမားလေး ယက်စတင် ကလွိုက်ဗက်တို့ အလဲအထပ် ပြုလုပ်ဖို့အတွက် ကလပ်နှစ်သင်းကြား ဆွေးနွေးနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီရာသီမှ ရောက်လာခဲ့တာ ဖြစ်ပေမယ့် အာဆင်နယ်မှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ အနာဂတ်မှာ ထိပ်တန်းအဆင့်ဖြစ်လာမဲ့ အလားအလာကောင်းတွေ ရှိနေသူ လို့ ဂန္ထဝင်ကစားသမားကြီး ဂီလ်ဘာတိုဆေးဗားလ်က မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဂျာမန်ထိပ်တန်းကလပ် ရက်ဘူးလ်လိုက်ပ်ဇစ်အသင်းရဲ့ အသက် ၂၁နှစ်အရွယ် ဗဟိုနောက်ခံလူ အူပါမီကာနိုကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ သတင်းကောင်း ကြားရပါတယ်။

အာဆင်နယ် အသင်းဟာ ဆွီဒင်ကလပ် ဟယ်ဆင်ဘွိုက်အသင်းရဲ့ အသက် ၁၈နှစ် အရွယ် ကွင်းလယ်ကစားသမားလေး အာမင်ယီကိုဗစ် ကို ပစ်မှတ်ထားနေပြီး ပရိသတ်တွေကတော့ ချာကာနဲ့ ဂွမ်ဒူဇီတို့ထက် ပိုကောင်းတဲ့ကြယ်ပွင့်တစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပြုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားနိုင်ပေမဲ့ အာဆင်နယ်အသင်းကတော့ ထိပ်ဆုံး လေးသင်း စာရင်း ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ လီဗာပူးလ်ကစားသမားဟောင်းကြီး ဒန်နီမာဖီက သုံးသပ်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဂိုးသမား လီနိုရဲ့နောက် အရန်သင့်ကစားသမားတစ်ဦး ထားရှိဖို့အတွက် ဆဲလ်တစ်အသင်းကို အငှားထွက်ကစားနေတဲ့ ဆောက်သမ်တန်ဂိုးသမား ဖရေဆာဖော်စတာကို ပစ်မှတ်ထားကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်းကတော့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးရာမှာ သူ့အနေနဲ့ သူလိုချင်တဲ့အချက်တွေကို အသိပေးထားပြီး ဖြစ်ပြီး သဘောတူညီမှုရဖို့ရာတော့ အာဆင်နယ်အသင်းအပေါ်ပဲ မူတည်တော့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။