ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (12/06/20)

အာဆင္နယ္ အသင္း ဇန္န၀ါရီက အငွားေခၚထားတဲ့ အစြန္ခံစစ္မွဴး စီဒရစ္ ေဆာရက္စ္ဟာ ဇြန္ ၃၀ ဆို အငွားကုန္ဆံုးျပီ ျဖစ္ေပမယ့္ အာဆင္နယ္က သက္တမ္းတိုး ကာလတို အတြက္ေတာင္ ကမ္းလွမ္းထားျခင္း မရွိပါဘူး။ ေဆာရက္စ္ဟာ ဂန္းနားေတြ ေခၚခဲ့ေပမယ့္ တစ္ပြဲမွ မကစားရေသးဘဲ ထြက္ခြာရဖြယ္ ရွိေနပါတယ္။

ဂန္းနားတို႔ဟာ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ နီးကပ္ေနၿပီျဖစ္တဲ့ လူငယ္တိုက္စစ္ကစားသမားေလး ဘူကာ႐ို ဆာကာကို သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။

စီးရီးေအကလပ္ အင္တာမီလန္ အသင္းဟာ အာဆင္နယ္ရဲ႕ အူဘာမီးယန္း၊ လာကာဇက္တီတို႔ တိုက္စစ္ နွစ္ဦး အျပင္ ခံစစ္မွဴး ဘယ္လာရင္ကို ပါ ေခၚယူဖို႔ ခ်ိန္ရြယ္ေနပါတယ္။

နည္းျပ အာတီတာဟာ အာဆင္နယ္အသင္းကို အေကာင္းဆုံးကိုင္တြယ္ေနၿပီး အနာဂတ္မွာ ထိပ္တန္းနည္းျပတစ္ဦးျဖစ္လာလိမ့္မယ္လို႔ ဂႏၴဝင္ကစားသမားႀကီး အလန္စမစ္က သုံးသပ္ခဲ့ပါတယ္။

အာဆင္နယ္ အသင္းဟာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ဘရန္႔ဖို႔ဒ္အသင္းမွာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ လူငယ္ တိုက္စစ္ကစားသမားေလး ဘင္ရာမာကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနပါတယ္။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး လူကာယိုဗစ္ကိုလည္း အာဆင္နယ္က လာမဲ့ေႏြေဈးကြက္မွာ ေခၚယူသြားဖို႔ စီစဥ္ေနပါတယ္။

အာဆင္နယ္ ဂႏၴဝင္ကစားသမားႀကီး ေရးပါလာက ဘုန္းေမာက္ေတာင္ပံကစားသမား ႐ိုင္ယန္ဖေရဆာအေနနဲ႔ အာဆင္နယ္ သို႔ စပါးအသင္းကို ေျပာင္းေ႐ႊ႕ခ်င္ေနတာကို နားလည္ေပမဲ့ ရာသီကုန္အထိ ဘုန္းေမာက္မွာ ဆက္မကစားခဲ့ရင္ စိတ္ပ်က္စရာ ျဖစ္လာလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။

အာဆင်နယ် အသင်း ဇန်နဝါရီက အငှားခေါ်ထားတဲ့ အစွန်ခံစစ်မှူး စီဒရစ် ဆောရက်စ်ဟာ ဇွန် ၃၀ ဆို အငှားကုန်ဆုံးပြီ ဖြစ်ပေမယ့် အာဆင်နယ်က သက်တမ်းတိုး ကာလတို အတွက်တောင် ကမ်းလှမ်းထားခြင်း မရှိပါဘူး။ ဆောရက်စ်ဟာ ဂန်းနားတွေ ခေါ်ခဲ့ပေမယ့် တစ်ပွဲမှ မကစားရသေးဘဲ ထွက်ခွာရဖွယ် ရှိနေပါတယ်။

ဂန်းနားတို့ဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်နေပြီဖြစ်တဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဘူကာရို ဆာကာကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

စီးရီးအေကလပ် အင်တာမီလန် အသင်းဟာ အာဆင်နယ်ရဲ့ အူဘာမီးယန်း၊ လာကာဇက်တီတို့ တိုက်စစ် နှစ်ဦး အပြင် ခံစစ်မှူး ဘယ်လာရင်ကို ပါ ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

နည်းပြ အာတီတာဟာ အာဆင်နယ်အသင်းကို အကောင်းဆုံးကိုင်တွယ်နေပြီး အနာဂတ်မှာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာလိမ့်မယ်လို့ ဂန္ထဝင်ကစားသမားကြီး အလန်စမစ်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ လိဂ်ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ် တိုက်စစ်ကစားသမားလေး ဘင်ရာမာကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး လူကာယိုဗစ်ကိုလည်း အာဆင်နယ်က လာမဲ့နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။

အာဆင်နယ် ဂန္ထဝင်ကစားသမားကြီး ရေးပါလာက ဘုန်းမောက်တောင်ပံကစားသမား ရိုင်ယန်ဖရေဆာအနေနဲ့ အာဆင်နယ် သို့ စပါးအသင်းကို ပြောင်းရွှေ့ချင်နေတာကို နားလည်ပေမဲ့ ရာသီကုန်အထိ ဘုန်းမောက်မှာ ဆက်မကစားခဲ့ရင် စိတ်ပျက်စရာ ဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။