ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (06/06/20)

အာဆင္နယ္အသင္းဟာ ျပီးခဲ့တဲ့ ေႏြကမွ ေခၚယူထားတဲ့ အစြန္ ခံစစ္မွဴး တီရာေနးကိုေတာ့ ေရာင္းထုတ္သြားမယ္ ဆိုတာ မျဖစ္နုိင္ေၾကာင္း ဂန္းနားေဟာင္းၾကီး ေရးပါလာက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ဂိုးသမား လီႏိုကေတာ့ နည္းျပ မီေကးလ္အာတီတာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရစဥ္က သူအပါအဝင္ အသင္းေဖာ္ေတြဟာ အရမ္း ထူးျခားတဲ့ အေျခအေနတစ္ခုၾကား ေရာက္ရွိေနတယ္လို႔ ခံစားခဲ့ရေၾကာင္းနဲ႕ ကာလရွည္ ကြာရင္တင္းဝင္ခဲ့ရတာ ေနသားမက်ခဲ့ေၾကာင္း ဖြင့္ဟ ေျပာဆိုလာပါတယ္။

စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ တစ္ႏွစ္သာက်န္ရွိေတာ့တဲ့ တိုက္စစ္မႉး အူဘာမီယန္းကို ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ျပန္လည္ စတင္ခ်ိန္မွသာ အာဆင္နယ္အသင္း စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးသြားမွာျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။

အာဆင္နယ္ အသင္းဟာ ကာလရွည္ပစ္မွတ္ထားခဲ့တဲ့ ဖီယင္နု ကြင္းလယ္ၾကယ္ပြင့္ေလး ေအာ္ကန္ကြတ္ခ်ဴးကို ေပါင္ သန္း ၂၀ ၀န္းက်င္နဲ႕ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

ဇြန္လ ၁၇ရက္ေန႔မွာ ျပန္လည္ကစားမဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈအေနနဲ႔ အာဆင္နယ္ အသင္းဟာ လိဂ္ခ်န္ပီယံရွစ္ကလပ္ ခ်ာတန္အသင္းနဲ႔ ဒီေန႔မွာ ေျခစမ္းကစားသြားမွာျဖစ္ေၾကာင္း ခ်ာတန္တိုက္စစ္မႉး လိုင္လ္ေတလာက အတည္ျပဳသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းနဲ႔ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္‌ေပၚခဲ့ဖူးသူ ခရစ္စတယ္ပဲေလ့စ္ တိုက္စစ္ကစားသမား ဇာဟာကေတာ့ ဆုဖလားေတြ ရယူဖို႔အတြက္ ပဲေလ့စ္ကေန ထြက္ခြာခ်င္ေနဆဲ ျဖစ္ေၾကာင္း ဖြင့္ဟေျပာၾကားလာပါတယ္။

ကြင္းလယ္ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ အတြက္ အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ၾကယ္ပြင့္ ဂ်ိမ္းစ္ ႐ိုဒရီဂြတ္ဇ္ကို လာမဲ့ရာသီမွာ အငွားေခၚယူသြားဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္။

Uni – အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ နွေကမှ ခေါ်ယူထားတဲ့ အစွန် ခံစစ်မှူး တီရာနေးကိုတော့ ရောင်းထုတ်သွားမယ် ဆိုတာ မဖြစ်နိုင်ကြောင်း ဂန်းနားဟောင်းကြီး ရေးပါလာက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ဂိုးသမား လီနိုကတော့ နည်းပြ မီကေးလ်အာတီတာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရစဉ်က သူအပါအဝင် အသင်းဖော်တွေဟာ အရမ်း ထူးခြားတဲ့ အခြေအနေတစ်ခုကြား ရောက်ရှိနေတယ်လို့ ခံစားခဲ့ရကြောင်းနဲ့ ကာလရှည် ကွာရင်တင်းဝင်ခဲ့ရတာ နေသားမကျခဲ့ကြောင်း ဖွင့်ဟ ပြောဆိုလာပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးဖို့ တစ်နှစ်သာကျန်ရှိတော့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည် စတင်ချိန်မှသာ အာဆင်နယ်အသင်း စာချုပ်သစ်အတွက် ဆွေးနွေးသွားမှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဆင်နယ် အသင်းဟာ ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ ဖီယင်နု ကွင်းလယ်ကြယ်ပွင့်လေး အော်ကန်ကွတ်ချူးကို ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဇွန်လ ၁၇ရက်နေ့မှာ ပြန်လည်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ အာဆင်နယ် အသင်းဟာ လိဂ်ချန်ပီယံရှစ်ကလပ် ချာတန်အသင်းနဲ့ ဒီနေ့မှာ ခြေစမ်းကစားသွားမှာဖြစ်ကြောင်း ချာတန်တိုက်စစ်မှူး လိုင်လ်တေလာက အတည်ပြုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်‌ပေါ်ခဲ့ဖူးသူ ခရစ်စတယ်ပဲလေ့စ် တိုက်စစ်ကစားသမား ဇာဟာကတော့ ဆုဖလားတွေ ရယူဖို့အတွက် ပဲလေ့စ်ကနေ ထွက်ခွာချင်နေဆဲ ဖြစ်ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ကွင်းလယ် တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ အတွက် အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကြယ်ပွင့် ဂျိမ်းစ် ရိုဒရီဂွတ်ဇ်ကို လာမဲ့ရာသီမှာ အငှားခေါ်ယူသွားဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။