ချယ်ဆီးနဲ့ ဘိုင်ယန်ရဲ့ ချန်ပီယံလိဂ်ပွဲ ပွဲနေ့ အတည်ပြုမှုတွေနဲ့ စည်းမျဉ်းသက်ရောက်မှုများ
UNICODE
ချန်ပီယံလိဂ် ၁၆ သင်းရံှူးထွက်အဆင့်အတွက် မဲခွဲမှုတွေ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးက ဂျာမနီကလပ် ဘွန်ဒက်လီဂါနဲ့ အတွဲကျခဲ့ပြီဖြစ်ပါတယ်။ အခြားသော အတွဲအဖြစ်ကတော့ စပါးက လိုက်ဇစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။
ချန်ပီယံလိဂ်စည်းမျဉ်းအရ တူညီတဲ့ မြို့တစ်မြို့တည်းမှာ ကလပ်နှစ်သင်းဟာ ၃၁ မိုင်အတွင်း ရှိနေခဲ့ပါက တစ်ရက်တည်းမှာ ပွဲကန်ခွင့်မရှိဘူးဆိုတဲ့ စည်မျဉ်း ရှိထားပါတယ်။ အဆိုပါ စည်းမျဉ်းအရ ချယ်ဆီးနဲ့ စပါးတို့ရဲ့ ပွဲစဉ်တွေက တူညီတဲ့ တစ်ရက်တည်း ကန်ခွင့်ရမှာ မဟုတ်ခြင်းကြောင့် နှစ်သင်းလုံး အိမ်ကွင်းအရင်ကန်ဖို့ မဲကျရာမှာ ပွဲရက်တွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
ချယ်ဆီးဟာ ပထမအကျော့အဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ စတမ်းဖိုဒ့်ရစ်မှာ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံရမှာဖြစ်ပြီး ဒုတိယအကျော့အဖြစ် မတ်လ ၁၈ ရက်နေ့မှာ အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေရဲ့ အဝေးဂိုးစည်းမျဉ်းကို ဖျက်သိမ်းဖို့ ဆွေးနွေးနေပေမယ့် ဆုံးဖြတ်ချက် မချရသေးတာကြောင့် အဝေးဂိုး စည်းမျဉ်း ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။
ချန်ပီယံလိဂ် ရံှူးထွက်ကို ဒုတိယအပတ်မှ အိမ်ရှင်းအဖြစ် ကစားရမှာက ချယ်ဆီးအတွက်တော့ သိပ်မကောင်းပါဘူး။ ပထမအကျော့ကို စပါးနဲ့ လန်ဒန်ဒါဘီပွဲ အိမ်ကွင်းမှာ ကစားပြီး ၃ ရက်အကြာမှာ ဘိုင်ယန်ကို ဧည့်ခံရမှာဖြစ်တယ်။ ဒုတိယအကျော့မှာလည်း ဘိုင်ယန်နဲ့ အဝေးကွင်း သွားကန်ပြီး ၃ ရက်အကြာမှာ မန်စီးတီးကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အောင်နိုင်ခဲ့ ချယ်ဆီးဟာ သမိုင်းဝင် ပြိုင်ဘက်နဲ့ ဒီရာသီမှာ ထိပ်တိုက်တွေ့တာဖြစ်ပြီး ပွဲကြပ်ကာလတွေမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲတွေကို လမ်းပတ် ကစားသမားဘဝတုန်းကလိုပဲ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်မယ်လို့ ယုံကြည်မိပါတယ်။