တကယ် ခေါ်ချင်ရင် လာဆက်သွယ်ကြဖို့ ထုတ်ပြောလိုက်တဲ့ ချယ်ဆီးတိုက်စစ်သမား

ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ပက္ဒရို က သူ႕ကို ေခၚယူဖို႔ စိတ္၀င္စားေနတဲ႔ အသင္းေတြနဲ႔ ပက္သက္ျပီး ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။

ပက္ဒရို နဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္းျပည္႔မွာျဖစ္ျပီး စာခ်ဳပ္သစ္ ထပ္မံခ်ဳပ္ဆိုျခင္းလည္း မရွိပါဘူး။ ဒါေၾကာင္႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူႏုိင္မယ္႔ ပက္ဒရို ကို အဂၤလန္ စပိန္ စီးရီးေအ နဲ႔ ကာတာ ကလပ္အသင္းေတြက စိတ္၀င္စားေနၾကပါတယ္။

ဒီထဲမွာ ရီးရဲလ္ဘတ္တစ္ အသင္းကလည္း ပါ၀င္ျပီး ပက္ဒရို ကို ေခၚယူဖို႔ကမ္းလွမ္းေနတယ္လို႔ သတင္းေတြထြက္ေပၚေနတာပါ။ စပိန္ တိုက္စစ္သမားက ဒီသတင္းေတြ အေပၚ အခုလို မွတ္ခ်က္ျပဳ တုန္႔ျပန္လာခဲ့ပါတယ္။

” ကြ်န္ေတာ္ က အခု သတင္းေတြမွာ ေဖာ္ေျပေရးသားၾကတဲ႔ အရာေတြနဲ႔ ပက္သက္လို႔ အမ်ားၾကီး စဥ္းစားတာမ်ိဳး မရွိပါဘူး။ ရီးရဲလ္ဘတ္တစ္ အေနနဲ႔ ကြ်န္ေတာ္႔ကို ေခၚယူခ်င္ေနသလားဆိုတာ လည္း မသိရေသးပါဘူး၊ သူတို႔အေနနဲ႔ ေခၚခ်င္တယ္ဆိုရင္ ကြ်န္ေတာ္႔ကို ဆက္သြယ္ရမွာပါ။ ” လို႔ ေျပာၾကားလုိက္ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဒီရာသီကုန္မွာ စာခ်ဳပ္ကုန္ဆံုးမယ့္ ကစားသမားေတြ စီနီယာအသင္းၾကီးမွာ ရွိေနျပီး ပက္ဒရို အျပင္ ဂီေရာ႔ခ်္ နဲ႔ ၀ီလီယံ တို႔ကို ပါ လက္လႊတ္ရဖို႔ ရွိေနပါတယ္။

Uni – ချယ်ဆီး တောင်ပံတိုက်စစ်သမား ပက်ဒရို က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေနဲ့ ပက်သက်ပြီး ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

ပက်ဒရို နဲ့ ချယ်ဆီးအသင်းတို့ဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး စာချုပ်သစ် ထပ်မံချုပ်ဆိုခြင်းလည်း မရှိပါဘူး။ ဒါကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မယ့် ပက်ဒရို ကို အင်္ဂလန် စပိန် စီးရီးအေ နဲ့ ကာတာ ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

ဒီထဲမှာ ရီးရဲလ်ဘတ်တစ် အသင်းကလည်း ပါဝင်ပြီး ပက်ဒရို ကို ခေါ်ယူဖို့ကမ်းလှမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ စပိန် တိုက်စစ်သမားက ဒီသတင်းတွေ အပေါ် အခုလို မှတ်ချက်ပြု တုန့်ပြန်လာခဲ့ပါတယ်။

” ကျွန်တော် က အခု သတင်းတွေမှာ ဖော်ပြေရေးသားကြတဲ့ အရာတွေနဲ့ ပက်သက်လို့ အများကြီး စဉ်းစားတာမျိုး မရှိပါဘူး။ ရီးရဲလ်ဘတ်တစ် အနေနဲ့ ကျွန်တော့်ကို ခေါ်ယူချင်နေသလားဆိုတာ လည်း မသိရသေးပါဘူး၊ သူတို့အနေနဲ့ ခေါ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ရမှာပါ။ ” လို့ ပြောကြားလိုက်ပါတယ်။

ချယ်ဆီး အသင်းဟာ ဒီရာသီကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားတွေ စီနီယာအသင်းကြီးမှာ ရှိနေပြီး ပက်ဒရို အပြင် ဂီရော့ချ် နဲ့ ဝီလီယံ တို့ကို ပါ လက်လွှတ်ရဖို့ ရှိနေပါတယ်။