အိုဒွိုင်းနဲ့ သူ့ ဘောလုံးဂျာစီတွေ အကြောင်း လိုတိုရှင်း အမေးအဖြေ

ချယ်ဆီး တောင်ပံကစားသမား အိုဒွိုင်းက အသင်းဝက်ဆိုဒ်ကနေ ဘောလုံးဂျာစီတွေနဲ့ ပတ်သတ်ပြီး အမေးအဖြေတချို့ ပြုလုပ်သွားခဲ့ပါတယ်။ သူ အမှတ်အရဆုံး ဂျာစီ၊ ပထမဆုံး ဂျာစီ အစရှိသဖြင့် အိုဒွိုင်းအတွက် ထူးခြားတဲ့ ဘောလုံး အကျီၤတွေ အကြောင်း ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် အင်္ဂလန်သားဟာ ဒဏ်ရာတွေ ရှိနေသည့်တိုင် ဒီရာသီ ပြိုင်ပွဲစုံ ၂၇ ပွဲ ပါဝင် ကစားခဲ့တဲ့ထဲ ၄ ဂိုး သွင်း ၆ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ အိုဒွိုင်း အကြိုက် ဂျာစီတွေ အကြောင်း အမေးအဖြေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပထမဆုံး ဘောလုံးဂျာစီ

ကျနော် မှတ်မိသလောက်တော့ ငယ်တုန်းက ကျနော် အသက် ၅ နှစ်လောက်တုန်းက အိမ်မှာ မွေးနေ့ပါတီ အသေးလေး တစ်ခု လုပ်တယ်။ အသိမိတ်ဆွေတွေ အားလုံးနီးပါး လာပြီး မျက်နှာဆေးချယ်ကြ ဆော့ကြတယ်။ ကျနော့် အမေက အဲဒီမှာ ရီးရဲလ်မက်ဒရစ် ဂျာစီလေး ဝယ်လာပေးတယ်။ ဒါက ကျနော့် အကြိုက် အသင်းတွေထဲက တစ်သင်းရဲ့ ဂျာစီပါ။

ကိုယ့်ကလပ်အသင်း မဟုတ်ဘဲ နောက်ဆုံးဝတ်ဖြစ်ခဲ့တဲ့ အခြားအသင်း ဂျာစီ

ဒါကတော့ သိပ်မကြာသေးပါဘူး။ အာဆင်နယ်နဲ့ ကစားတဲ့ ပွဲအပြီး ဂျာစီလဲကြတော့ မစ်လန်းနေးစ်ရဲ့ ဂျာစီရတာ ဝတ်ခဲ့ဖြစ်တယ်။

အမြဲတမ်း မှတ်မိနေတဲ့ သိမ်းထားဖြစ်မယ့် အကောင်းဆုံး ဂျာစီ

ကျနော့်ဘ၀ အတွက် ထူးခြားတဲ့ အမှတ်တရတွေနဲ့ ရှပ်အားလုံးကို အမြဲ သိမ်းထားတယ်။ ချယ်ဆီးအတွက် ပွဲစ ကစားဖြစ်တုန်းက၊ အင်္ဂလန်နဲ့ ပထမဆုံးပွဲ၊ ချယ်ဆီးအတွက် ပထမဆုံး ဂိုးသွင်းတာ အစရှိသဖြင့်ပေါ့။ အားလုံးက ကျနော့်အတွက် ထူးရှယ်တွေပါပဲ။

Zawgyi – ခ်ယ္ဆီး ေတာင္ပံကစားသမား အိုဒြိဳင္းက အသင္း၀က္ဆိုဒ္ကေန ေဘာလံုးဂ်ာစီေတြနဲ႕ ပတ္သတ္ျပီး အေမးအေျဖတခ်ိဳ႕ ျပဳလုပ္သြားခဲ့ပါတယ္။ သူ အမွတ္အရဆံုး ဂ်ာစီ၊ ပထမဆံုး ဂ်ာစီ အစရွိသျဖင့္ အိုဒြိဳင္းအတြက္ ထူးျခားတဲ့ ေဘာလံုး အက်ီၤေတြ အေၾကာင္း ျဖစ္ပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ အဂၤလန္သားဟာ ဒဏ္ရာေတြ ရွိေနသည့္တိုင္ ဒီရာသီ ျပိဳင္ပြဲစံု ၂၇ ပြဲ ပါ၀င္ ကစားခဲ့တဲ့ထဲ ၄ ဂိုး သြင္း ၆ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ အိုဒြိဳင္း အၾကိဳက္ ဂ်ာစီေတြ အေၾကာင္း အေမးအေျဖက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ပထမဆုံုး ေဘာလံုးဂ်ာစီ

က်ေနာ္ မွတ္မိသေလာက္ေတာ့ ငယ္တုန္းက က်ေနာ္ အသက္ ၅ နွစ္ေလာက္တုန္းက အိမ္မွာ ေမြးေန႔ပါတီ အေသးေလး တစ္ခု လုပ္တယ္။ အသိမိတ္ေဆြေတြ အားလံုးနီးပါး လာျပီး မ်က္နွာေဆးခ်ယ္ၾက ေဆာ့ၾကတယ္။ က်ေနာ့္ အေမက အဲဒီမွာ ရီးရဲလ္မက္ဒရစ္ ဂ်ာစီေလး ၀ယ္လာေပးတယ္။ ဒါက က်ေနာ့္ အၾကိဳက္ အသင္းေတြထဲက တစ္သင္းရဲ႕ ဂ်ာစီပါ။

ကုိယ့္ကလပ္အသင္း မဟုတ္ဘဲ ေနာက္ဆံုး၀တ္ျဖစ္ခဲ့တဲ့ အျခားအသင္း ဂ်ာစီ

ဒါကေတာ့ သိပ္မၾကာေသးပါဘူး။ အာဆင္နယ္နဲ႕ ကစားတဲ့ ပြဲအျပီး ဂ်ာစီလဲၾကေတာ့ မစ္လန္းေနးစ္ရဲ႕ ဂ်ာစီရတာ ၀တ္ခဲ့ျဖစ္တယ္။

အျမဲတမ္း မွတ္မိေနတဲ့ သိမ္း္ထားျဖစ္မယ့္ အေကာင္းဆံုး ဂ်ာစီ

က်ေနာ့္ဘ၀ အတြက္ ထူးျခားတဲ့ အမွတ္တရေတြနဲ႕ ရွပ္အားလံုးကုိ အျမဲ သိမ္းထားတယ္။ ခ်ယ္ဆီးအတြက္ ပြဲစ ကစားျဖစ္တုန္းက၊ အဂၤလန္နဲ႕ ပထမဆံုးပြဲ၊ ခ်ယ္ဆီးအတြက္ ပထမဆံုး ဂိုးသြင္းတာ အစရွိသျဖင့္ေပါ့။ အားလံုးက က်ေနာ့္အတြက္ ထူးရွယ္ေတြပါပဲ။