ချယ်ဆီး အမေ့ခံ ကစားသမားကို ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ ပစ်မှတ်ထားနေ

ပြင်သစ်ဘက်က လာတဲ့ သတင်းတွေ အရ လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီ အသင်းဟာ ချယ်ဆီးမှာ အမေ့ခံ ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား ဘာကာယိုကို ကို ဒီနွေမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ပြင်သစ်သားဟာ မိုနာကို ကနေ ချယ်ဆီးထံ ၂၀၁၇ မှာ ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ထင်သလောက် အစွမ်း မပြနိုင်ခဲ့ဘဲ အငှား စေလွှတ်ခြင်း ခံရကာ လှည့်လာ ကစားနေခဲ့ရပါတယ်။

၂၀၁၈-၁၉ ဘောလုံးရာသီမှာတော့ အေစီမီလန်မှာ အငှား သွားရောက် ကစားရင်း ခြေစွမ်းကောင်း တချို့ ပြန်လည် ပြသလာခဲ့တဲ့ ဘာကာယိုကို ကို အသင်းဟောင်း မိုနာကိုကပဲ ပြီးခဲ့တဲ့ နွေက အငှားနဲ့ ခေါ်ယူခဲ့ပြန်ပါတယ်။ ပြင်သစ်မှာ ခြေစွမ်းကောင်းတွေ ပြန်ရနေ တာကြောင့် ပီအက်စ်ဂျီက ၎င်းကို မျက်စိကျလာခဲ့တာပါ။

ပြင်သစ်ချန်ပီယံအသင်းဟာ သူတို့ရဲ့ အင်အားကို ဆက်လက် ချဲ့ထွင်ပြီး ဥရောပမှာပါ လွှမ်းမိုးဖို့ ပစ်မှတ်ထားနေတာကြောင့် ကစားသမား ခေါ်ယူအားဖြည့်မှုများ စဉ်ဆက်မပြတ်လိုကို လုပ်ဆောင်နေခဲ့တာပါ။ ကွင်းလယ်မှာ ကာယအားပြု ကစားနိုင်ပြီး ကြံ့ခိုင်တဲ့ ကစားသမား အားဖြည့်လို နေတဲ့ ပီအက်စ်ဂျီက ဘာကာယိုကို ဟာ သူတို့ လိုအပ်ချက်နဲ့ ကွက်တိ ကိုက်ညီတယ်လို့ ယူဆထားပါတယ်။

သတင်းတွေ အရ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒို ကိုယ်တိုင်က ချယ်ဆီး ကွင်းလယ် ခံစစ်သမား ဘာကာယိုကို ကို နှစ်သက်တဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီး ကစားသမား အေးဂျင့်ကလည်း ပီအက်စ်ဂျီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပါတယ်။

Zawgyi – ျပင္သစ္ဘက္က လာတဲ့ သတင္းေတြ အရ လီဂူး၀မ္း အင္အားၾကီးကလပ္ ပီအက္စ္ဂ်ီအသင္းဟာ ခ်ယ္ဆီးမွာ အေမ့ခံ ျဖစ္ေနတဲ့ ကြင္းလယ္ ကစားသမား ဘာကာယိုကို ကို ဒီေႏြမွာ ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

အသက္ ၂၅ နွစ္ အရြယ္ ျပင္သစ္သားဟာ မိုနာကို ကေန ခ်ယ္ဆီးထံ ၂၀၁၇ မွာ ေပါင္ သန္း ၄၀ နဲ႕ ေျပာင္းေရႊ႕လာခဲ့ေပမယ့္ ထင္သေလာက္ အစြမ္း မျပနုိင္ခဲ့ဘဲ အငွား ေစလႊတ္ျခင္း ခံရကာ လွည့္လာ ကစားေနခဲ့ရပါတယ္။

၂၀၁၈-၁၉ ေဘာလံုးရာသီမွာေတာ့ ေအစီမီလန္မွာ အငွား သြားေရာက္ ကစားရင္း ေျခစြမ္းေကာင္း တခ်ိဳ႕ ျပန္လည္ ျပသလာခဲ့တဲ့ ဘာကာယိုကို ကို အသင္းေဟာင္း မိုနာကိုကပဲ ျပီးခဲ့တဲ့ ေႏြက အငွားနဲ႕ ေခၚယူခဲ့ျပန္ပါတယ္။ ျပင္သစ္မွာ ေျခစြမ္းေကာင္းေတြ ျပန္ရေန တာေၾကာင့္ ပီအက္စ္ဂ်ီက ၄င္းကို မ်က္စိက်လာခဲ့တာပါ။

ျပင္သစ္ခ်န္ပီယံအသင္းဟာ သူတို႔ရဲ႕ အင္အားကို ဆက္လက္ ခ်ဲ႕ထြင္ျပီး ဥေရာပမွာပါ လႊမး္မိုးဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ ကစားသမား ေခၚယူအားျဖည့္မႈမ်ား စဥ္ဆက္မျပတ္လိုကို လုပ္ေဆာင္ေနခဲ့တာပါ။ ကြင္းလယ္မွာ ကာယအားျပဳ ကစားနုိင္ျပီး ၾကံ႕ခိုင္တဲ့ ကစားသမား အားျဖည့္လို ေနတဲ့ ပီအက္စ္ဂ်ီက ဘာကာယိုကို ဟာ သူတို႔ လိုအပ္ခ်က္နဲ႕ ကြက္တိ ကိုက္ညီတယ္လို႔ ယူဆထားပါတယ္။

သတင္းေတြ အရ ပီအက္စ္ဂ်ီ အားကစားဒါရိုက္တာ လီယိုနာဒို ကုိယ္တိုင္က ခ်ယ္ဆီး ကြင္းလယ္ ခံစစ္သမား ဘာကာယိုကို ကို နွစ္သက္တဲ့ ပရိသတ္ တစ္ဦး ျဖစ္ျပီး ကစားသမား ေအးဂ်င့္ကလည္း ပီအက္စ္ဂ်ီနဲ႕ ရင္းနွီးတဲ့ ဆက္ဆံေရး ရွိထားပါတယ္။