လီဗာပူး VS တီကို | ချန်ပီယံလိဂ် ရံှူးထွက်ပွဲစဉ် ရက်စွဲတွေနဲ့ ထူးခြား အကြောင်းအရာများ

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲစဥ္အျဖစ္ လီဗာပူးဟာ စပိန္ လာလီဂါကလပ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ပထမအေက်ာ့ကိုေတာ့ တီကိုတို႔ရဲ႕ Wanda Metropolitano ကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

Wanda Metropolitano ကြင္းဟာ လီဗာပူးပရိသတ္ေတြအတြက္ မစိမ္းလွပါဘူး။ ၂၀၁၉ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို က်င္းပခဲ့တဲ့ မက္ဒရစ္က ကြင္းဟာ လီဗာပူးကို ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမာက္ခြင့္ရေစတဲ့ ကြင္းပဲျဖစ္တယ္။ လက္ရွိ ခ်န္ပီယံ လီဗာပူးဟာ သမိုင္းဝင္ကြင္းမွာ ယွဥ္ျပိဳင္ျပီး ဒီရာသီ အင္စတမ္ဘူလ္း ဗိုလ္လုပြဲထံကို သြားမယ့္ ခရီးကို တစ္ဖန္ျပန္စတင္ရမွာျဖစ္တယ္။

ဒီရာသီဟာ မန္ေနဂ်ာယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအတြက္ သံုးရာသီဆက္ ၁၆ သင္းအဆင့္ကို တက္ေရာက္ႏုိင္မႈျဖစ္တယ္။ ကေလာ့ပ္ ကိုင္တြယ္မႈမွာ လီဗာပူးဟာ ရံွဴးထြက္အဆင့္တိုင္းကို ေက်ာ္လႊားႏုိင္တဲ့ မွတ္တမ္းရွိျပီး ဒီမွတ္တမ္းကို ဆက္လက္ ရွည္ၾကာေအာင္ ၾကိဳးစားသြားမွာျဖစ္ပါတယ္။

ယွဥ္ျပိဳင္မယ့္ အခ်ိန္နဲ႔ အေဝးဂိုးစည္းမ်ဥ္း

ႏွစ္ေက်ာ့ကိုေတာ့ ေဖေဖာ္ဝါရီလ 18 ရက္နဲ႔ မတ္လ 11 ရက္ေတြမွာ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အတည္ျပဳ ရက္စြဲေတြ မထြက္ေသးပါဘူး။ ပထမအေက်ာ့ကို အက္သလက္တီုကိုကြင္းနဲ႔ ဒုတိယအေက်ာ့ကို အန္ဖီးကြင္းေတြမွာ ယွဥ္ျပိဳင္ရပါမယ္။ ေလာေလာဆယ္ထိ ဥေရာပျပိဳင္ပြဲေတြမွာ အေဝးဂိုးစည္းမ်ဥ္း မပယ္ဖ်က္ေသးတာေၾကာင့္ လီဗာပူးအတြက္ အေရးသာတဲ့ မဲခြဲမႈျဖစ္ပါတယ္။

ပထမအေက်ာ့ ယွဥ္ျပိဳင္မွာက ေဖေဖာ္ဝါရီလ ၈ ရက္ျဖစ္ျပီး ၁၀ ရက္ထိ အနားရျပီးမွ တီကိုနဲ႔ အေဝးကြင္းယွဥ္ျပိဳင္ရမွာျဖစ္ကာ ဆက္လက္ျပိး ေဖာ္ေဖာ္ဝါရီ ၂၂ ရက္မွာ ဝက္ဟမ္းနဲ႔ေတြ႔မွာျဖစ္တယ္။

ဒုတိယအေက်ာ့အျဖစ္ မတ္လ ၇ ရက္မွာ ဘုန္းေမာက္၊ မတ္လ ၁၄ ရက္ အဲဗာတန္တို႔နဲ႔ အမွတ္ေပးပြဲေတြရဲ႕ ၾကားအျဖစ္ အက္သလက္တီကိုအား အိမ္ကြင္းမွာ ဧည့္ခံရပါမယ္။

ရံွဴးေၾကြးျပန္ဆပ္မယ္

လီဗာပူးနဲ႔ အက္သလက္တီကိုတို႔ဟာ ၂၀၁၀ တုန္းက မန္ေနဂ်ာရာဖာဘင္နီတက္စ္လက္ထက္ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္မွာ ေတြ႔ဆံုခဲ့ျပီး ႏွစ္ေက်ာ့ေပါင္း ၂-၂ ျဖစ္ေပမယ့္ အေဝးဂိုးစည္းမ်ဥ္းအရ လီဗာပူးက အရံွဴးေပးခဲ့ရပါတယ္။

ဒီရာသီ မက္ဒရစ္ေျမက ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ပြဲမွာေတာ့ လီဗာပူးက ရံွဴးေၾကြး ျပန္ဆပ္ႏုိင္ဖို႔ ၾကိဳးစားမွာပဲ ျဖစ္ပါတယ္။

UNICODE

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲစဉ်အဖြစ် လီဗာပူးဟာ စပိန် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမအကျော့ကိုတော့ တီကိုတို့ရဲ့ Wanda Metropolitano ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Wanda Metropolitano ကွင်းဟာ လီဗာပူးပရိသတ်တွေအတွက် မစိမ်းလှပါဘူး။ ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကျင်းပခဲ့တဲ့ မက်ဒရစ်က ကွင်းဟာ လီဗာပူးကို ချန်ပီယံလိဂ်ဖလား ကိုင်မြောက်ခွင့်ရစေတဲ့ ကွင်းပဲဖြစ်တယ်။ လက်ရှိ ချန်ပီယံ လီဗာပူးဟာ သမိုင်းဝင်ကွင်းမှာ ယှဉ်ပြိုင်ပြီး ဒီရာသီ အင်စတမ်ဘူလ်း ဗိုလ်လုပွဲထံကို သွားမယ့် ခရီးကို တစ်ဖန်ပြန်စတင်ရမှာဖြစ်တယ်။

ဒီရာသီဟာ မန်နေဂျာယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအတွက် သုံးရာသီဆက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်မှုဖြစ်တယ်။ ကလော့ပ် ကိုင်တွယ်မှုမှာ လီဗာပူးဟာ ရံှူးထွက်အဆင့်တိုင်းကို ကျော်လွှားနိုင်တဲ့ မှတ်တမ်းရှိပြီး ဒီမှတ်တမ်းကို ဆက်လက် ရှည်ကြာအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

ယှဉ်ပြိုင်မယ့် အချိန်နဲ့ အဝေးဂိုးစည်းမျဉ်း

နှစ်ကျော့ကိုတော့ ဖေဖော်ဝါရီလ 18 ရက်နဲ့ မတ်လ 11 ရက်တွေမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အတည်ပြု ရက်စွဲတွေ မထွက်သေးပါဘူး။ ပထမအကျော့ကို အက်သလက်တီုကိုကွင်းနဲ့ ဒုတိယအကျော့ကို အန်ဖီးကွင်းတွေမှာ ယှဉ်ပြိုင်ရပါမယ်။ လောလောဆယ်ထိ ဥရောပပြိုင်ပွဲတွေမှာ အဝေးဂိုးစည်းမျဉ်း မပယ်ဖျက်သေးတာကြောင့် လီဗာပူးအတွက် အရေးသာတဲ့ မဲခွဲမှုဖြစ်ပါတယ်။

ပထမအကျော့ ယှဉ်ပြိုင်မှာက ဖေဖော်ဝါရီလ ၈ ရက်ဖြစ်ပြီး ၁၀ ရက်ထိ အနားရပြီးမှ တီကိုနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ကာ ဆက်လက်ပြိး ဖော်ဖော်ဝါရီ ၂၂ ရက်မှာ ဝက်ဟမ်းနဲ့တွေ့မှာဖြစ်တယ်။

ဒုတိယအကျော့အဖြစ် မတ်လ ၇ ရက်မှာ ဘုန်းမောက်၊ မတ်လ ၁၄ ရက် အဲဗာတန်တို့နဲ့ အမှတ်ပေးပွဲတွေရဲ့ ကြားအဖြစ် အက်သလက်တီကိုအား အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။

ရံှူးကြွေးပြန်ဆပ်မယ်

လီဗာပူးနဲ့ အက်သလက်တီကိုတို့ဟာ ၂၀၁၀ တုန်းက မန်နေဂျာရာဖာဘင်နီတက်စ်လက်ထက် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့ပြီး နှစ်ကျော့ပေါင်း ၂-၂ ဖြစ်ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ လီဗာပူးက အရံှူးပေးခဲ့ရပါတယ်။

ဒီရာသီ မက်ဒရစ်မြေက ပြန်လည် ယှဉ်ပြိုင်ရမယ့်ပွဲမှာတော့ လီဗာပူးက ရံှူးကြွေး ပြန်ဆပ်နိုင်ဖို့ ကြိုးစားမှာပဲ ဖြစ်ပါတယ်။