ချယ်ဆီးနဲ့ ယူနိုက်တက်ကြား ပိုလိုလားတဲ့ အသင်းကို ရွေးလိုက်ပြီဖြစ်တဲ့ ဒမ်ဘီလီ

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် ပစ်မှတ်ထားနေတဲ့ လိုင်ယွန် တိုက်စစ် ကြယ်ပွင့် မိုဆာ ဒမ်ဘီလီက ဒီနွေမှာ အိုးထရက်ဖို့ဒ်သို့ သွားဖို့ ပို လိုလားကြောင်း တုန့်ပြန်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒါက တိုက်စစ် ရှာဖွေနေတဲ့ လမ်းပတ်ရဲ့ ချယ်ဆီးအသင်း အတွက် ထိုးနှက်ချက်ပါ။

ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ပရီးမီးယားလိဂ် ကလပ်တွေရဲ့ တောက်လျောက် ချိတ်ဆက်မှုကို ခံယူနေရတာ ဖြစ်ပါတယ်။ ပြင်သစ် မှာတော့ အမှတ်ပေးလိဂ်ကို လုံး၀ ရပ်နားလိုက်ပြီ ဖြစ်တာကြောင့် ဒမ်ဘီလီ အနေနဲ့ အပြောင်းအရွှေ့ ကိစ္စများကို အာရုံစိုက်နိုင်လာပါပြီ။

ချယ်ဆီးအသင်းဟာ လမ်းပတ်ရောက်လာပြီးတည်းက ကစားသမား ဝယ်ယူမှှု သိပ် မပြုလုပ်ရသေးတာကြောင့် ဒမ်ဘီလီကို ဝယ်ယူဖို့ သေချာ အားစိုက် ငွေသုံးလာနိုင်တာကြောင့် ပြင်သစ်သားကို ရဖို့ ပို အလေးသာတယ် ယူဆခဲ့ကြတာပါ။ ယူနိုက်တက်ကလည်း လူကာကူ နေရာ အစားထိုးဖို့ ဒမ်ဘီလီကို ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့် အင်္ဂလန်က နောက်ဆုံးသတင်းတွေ အရ ဒမ်ဘီလီက မန်ချက်စတာယူနိုက်တက်ကို ရွေးချယ်ဖို့ ပိုမို လိုလားနေပြီး ဒါက ယူနိုက်တက် အတွက် ပေါင် သန်း ၆၀ တန် ကစားသမားကို ပိုမို ကြိုးစားဖို့ မီးစိမ်းပြလိုက်တာလို့လည်း ယူဆရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း ဆက်တိုက်လိုလို ဒမ်ဘီလီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ပါတယ်။ သတင်းပြန်ကြားချက်များမှာ ၎င်းရဲ့ ရွေ့လျားမှုတွေ ဘောလုံး နဲ့ အတူ ဂိုးရှေ့မှာ ခြိမ်းခြောက်မှုကြီးတွေ လုပ်နိုင်တာ အတွက် အားရမှု ရှိတာကြောင့် နွေမှာ ခေါ်ဖို့ ဆက်လက် ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

လိုင်ယွန်က ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ သတ်မှတ်ထားပြီး ထို ပမာဏက ကိုရိုနာကြောင့် အကြပ်တွေ့နေကြတဲ့ ကာလအတွင်း အပြည့်အ၀ ရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

Zawgyi – ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ ပစ္မွတ္ထားေနတဲ့ လိုင္ယြန္ တိုက္စစ္ ၾကယ္ပြင့္ မိုဆာ ဒမ္ဘီလီက ဒီေႏြမွာ အိုးထရက္ဖို႔ဒ္သို႔ သြားဖို႔ ပို လိုလားေၾကာင္း တုန္႔ျပန္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဒါက တိုက္စစ္ ရွာေဖြေနတဲ့ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္း အတြက္ ထိုးနွက္ခ်က္ပါ။

ျပင္သစ္သားဟာ ျပီးခဲ့တဲ့ ၁၂ လအတြင္း ပရီးမီးယားလိဂ္ ကလပ္ေတြရဲ႕ ေတာက္ေလ်ာက္ ခိ်တ္ဆက္မႈကို ခံယူေနရတာ ျဖစ္ပါတယ္။ ျပင္သစ္ မွာေတာ့ အမွတ္ေပးလိဂ္ကို လံုး၀ ရပ္နားလိုက္ျပီ ျဖစ္တာေၾကာင့္ ဒမ္ဘီလီ အေနနဲ႕ အေျပာင္းအေရႊ႕ ကိစၥမ်ားကို အာရံုစိုက္နုိင္လာပါျပီ။

ခ်ယ္ဆီးအသင္းဟာ လမ္းပတ္ေရာက္လာျပီးတည္းက ကစားသမား ၀ယ္ယူမွႈ သိပ္ မျပဳလုပ္ရေသးတာေၾကာင့္ ဒမ္ဘီလီကို ၀ယ္ယူဖို႔ ေသခ်ာ အားစိုက္ ေငြသံုးလာနုိင္တာေၾကာင့္ ျပင္သစ္သားကို ရဖို႔ ပို အေလးသာတယ္ ယူဆခဲ့ၾကတာပါ။ ယူနိုက္တက္ကလည္း လူကာကူ ေနရာ အစားထိုးဖို႔ ဒမ္ဘီလီကို ပစ္မွတ္ထားေနပါတယ္။

ဒါေပမယ့္ အဂၤလန္က ေနာက္ဆံုးသတင္းေတြ အရ ဒမ္ဘီလီက မန္ခ်က္စတာယူနိုက္တက္ကို ေရြးခ်ယ္ဖို႔ ပိုမို လိုလားေနျပီး ဒါက ယူနုိက္တက္ အတြက္ ေပါင္ သန္း ၆၀ တန္ ကစားသမားကို ပိုမို ၾကိဳးစားဖို႔ မီးစိမ္းျပလိုက္တာလို႔လည္း ယူဆရပါတယ္။

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ၆ လ အတြင္း ဆက္တိုက္လိုလို ဒမ္ဘီလီကို ေစာင့္ၾကည့္ဖို႔ ကင္းေထာက္ေတြ ေစလႊတ္ခဲ့ပါတယ္။ သတင္းျပန္ၾကားခ်က္မ်ားမွာ ၄င္းရဲ႕ ေရြ႕လ်ားမႈေတြ ေဘာလံုး နဲ႕ အတူ ဂိုးေရွ႕မွာ ျခိမ္းေျခာက္္မႈၾကီးေတြ လုပ္နုိင္တာ အတြက္ အားရမႈ ရွိတာေၾကာင့္ ေႏြမွာ ေခၚဖို႔ ဆက္လက္ ခ်ိတ္ဆက္ေနတာ ျဖစ္ပါတယ္။

လိုင္ယြန္က ဒမ္ဘီလီ အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၆၀ သတ္မွတ္ထားျပီး ထို ပမာဏက ကိုရိုနာေၾကာင့္ အၾကပ္ေတြ႔ေနၾကတဲ့ ကာလအတြင္း အျပည့္အ၀ ရနုိင္ဖို႔ ခက္ခဲပါလိမ့္မယ္။