ချယ်ဆီးနည်းပြ ဖြစ်စက ပေးခဲ့တဲ့ ကတိကို အကောင်အထည် ဖော်ပြပြီးဖြစ်တဲ့ လမ်းပတ်

ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်က ချယ်ဆီးနည်းပြ သစ် အဖြစ် မိတ်ဆက်ပေးခြင်း ခံရတဲ့ အချိန်တုန်းက ပရိသတ်တွေကို ပေးခဲ့တဲ့ ကတိ တစ်ခု ရှိခဲ့ပါတယ်။ ဒီ ပထမ တစ်ရာသီ အတွင်းမှာပဲ လမ်းပတ်က သူ ပြောသလို လုပ်ပြ အကောင်အထည်ဖော်ပြပြီး ဖြစ်တာကို တွေ့ရပါတယ်။

လမ်းပတ် ပြောခဲ့တာကတော့ – ” လူငယ် ကစားသမားတွေ တိုးတက်လာအောင် ပျိုးထောင်ပေးဖို့က တကယ် အရေးပါတဲ့ အလုပ် တစ်ခုပါ။ ဒါက ကျနော် ပထမဆုံး ကိုင်တွယ်ရမယ့် အလုပ်တွေထဲ ပါဝင်တယ်။ ကျနော် သေချာ အားစိုက် လုပ်မယ့် ကိစ္စတွေလဲ ဒါလည်း ပါဝင်တယ်။ ” လို့ လမ်းပတ်က ပြောဆိုခဲ့တာပါ။

ဘောလုံးသမားတွေနဲ့ ကလပ်အသင်းတွေရဲ့ အချက်အလက်ကို စုစည်းတွက်ချက်ပေးတဲ့ CIES က အချက်အလက်တွေ အရတော့ လမ်းပတ်က သူ ပြောတဲ့အတိုင်း လုပ်ပြထားပြီ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပထမရာသီဝက် မှာ အသက် ၂၁ အောက် ကစားသမားတွေကို ချယ်ဆီးထက် ပွဲကစားခွင့် ပိုပေးထားတာက နောဝစ်ချ်အသင်းသာ ရှိထားပါတယ်။ ဒုတိယနေရာမှာ ချယ်ဆီး ရှိပြီး တတိယကတော့ အာဆင်နယ်အသင်း ဖြစ်ပါတယ်။

နယူးရီးယားနေ့ထိ ဖရန့်လမ်းပတ် အသင်းဟာ အသက် ၂၁ နှစ် အောက် ကစားသမားတွေကို ပွဲကစားချိန် 23.3 % မိနစ်ထိ ပေးထားပြီး နောဝစ်ချ်ကတော့ 24.2% နဲ့ အများဆုံး ပေးထားတဲ့ အသင်း ဖြစ်ပါတယ်။ ချယ်ဆီးနောက် တတိယနေရာက အာဆင်နယ် အသင်းကတော့ 17.8% ပေးထားပါတယ်။

ဒါက ချယ်ဆီးအသင်း ဒီနှစ်တွေ အတွင်း သိသာစွာ ပြောင်းလဲလာမှုပဲ ဖြစ်ပါတယ်။ များသောအားဖြင့် လန်ဒန်ကလပ်ဟာ အတွေ့အကြံရှိပြီး ကစားသမားတွေကို မှီခို အားထားတဲ့ အသင်း ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အကယ်ဒမီကစားသမား ၉ ဦးထိ ပါဝင်ပွဲထုတ်ခဲ့ပါတယ်။ တမ်မီ အေဗရာဟမ်၊ တိုမိုရီ၊ ပူလီဆစ်၊ မေဆန်မောင့်၊ ရီစီ ဂျိမ်းစ်တို့ဟာ မတ်လအထိ လိဂ်မှာပွဲကစားချိန် မိနစ် ၁၀၀၀ ကျော်အောင် ပါဝင်ကစားခဲ့ရပြီး လမ်းပတ် အားထားရတဲ့ ကစားသမားတွေ ဖြစ်ခဲ့ပါတယ်။

အိုဒွိုင်းကတော့ သူ့ရဲက ဖနောင့် ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်း ၇၇၀ မိနစ် ပွဲ ကစားထားပါတယ်။ အေဗရာဟမ်နဲ့ တိုမိုရီက အသက် ၂၂ နှစ် အရွယ် ကစားသမားတွေ ဖြစ်ပြီး စီနီယာအသင်းကြီးမှာ အထိုင်ကျလာသလို ဇန်နဝါရီကနေ စလို့ ဂေးလ်မား၊ လမ့်တေး၊ ဘရိုရျာ၊ အန်ဂျိုရင် တို့ကို ပွဲထုတ်ရာမှာလည်း အစွမ်းကိုယ်စီ ပြသနိုင်ခဲ့ကြပါတယ်။

Zawgyi – ဖရန္႔လမ္းပတ္ဟာ ျပီးခဲ့တဲ့ ဇူလိုင္က ခ်ယ္ဆီးနည္းျပ သစ္ အျဖစ္ မိတ္ဆက္ေပးျခင္း ခံရတဲ့ အခ်ိန္တုန္းက ပရိသတ္ေတြကို ေပးခဲ့တဲ့ ကတိ တစ္ခု ရွိခဲ့ပါတယ္။ ဒီ ပထမ တစ္ရာသီ အတြင္းမွာပဲ လမ္းပတ္က သူ ေျပာသလို လုပ္ျပ အေကာင္အထည္ေဖာ္ျပျပီး ျဖစ္တာကို ေတြ႔ရပါတယ္။

လမ္းပတ္ ေျပာခဲ့တာကေတာ့ – ” လူငယ္ ကစားသမားေတြ တိုးတက္လာေအာင္ ပ်ိဳးေထာင္ေပးဖို႕က တကယ္ အေရးပါတဲ့ အလုပ္ တစ္ခုပါ။ ဒါက က်ေနာ္ ပထမဆံုး ကိုင္တြယ္ရမယ့္ အလုပ္ေတြထဲ ပါ၀င္တယ္။ က်ေနာ္ ေသခ်ာ အားစိုက္ လုပ္မယ့္ ကိစၥေတြလဲ ဒါလည္း ပါ၀င္တယ္။ ” လို႔ လမ္းပတ္က ေျပာဆိုိခဲ့တာပါ။

ေဘာလံုးသမားေတြနဲ႕ ကလပ္အသင္းေတြရဲ႕ အခ်က္အလက္ကို စုစည္းတြက္ခ်က္ေပးတဲ့ CIES က အခ်က္အလက္ေတြ အရေတာ့ လမ္းပတ္က သူ ေျပာတဲ့အတိုင္း လုပ္ျပထားျပီ ျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ပထမရာသီ၀က္ မွာ အသက္ ၂၁ ေအာက္ ကစားသမားေတြကို ခ်ယ္ဆီးထက္ ပြဲကစားခြင့္ ပိုေပးထားတာက ေနာ၀စ္ခ်္အသင္းသာ ရွိထားပါတယ္။ ဒုတိယေနရာမွာ ခ်ယ္ဆီး ရွိျပီး တတိယကေတာ့ အာဆင္နယ္အသင္း ျဖစ္ပါတယ္။

နယူးရီးယားေန႔ထိ ဖရန္႔လမ္းပတ္ အသင္းဟာ အသက္ ၂၁ နွစ္ ေအာက္ ကစားသမားေတြကို ပြဲကစားခ်ိန္ 23.3 % မိနစ္ထိ ေပးထားျပီး ေနာ၀စ္ခ်္ကေတာ့ 24.2% နဲ႕ အမ်ားဆံုး ေပးထားတဲ့ အသင္း ျဖစ္ပါတယ္။ ခ်ယ္ဆီးေနာက္ တတိယေနရာက အာဆင္နယ္ အသင္းကေတာ့ 17.8% ေပးထားပါတယ္။

ဒါက ခ်ယ္ဆီးအသင္း ဒီနွစ္ေတြ အတြင္း သိသာစြာ ေျပာင္းလဲလာမႈပဲ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ လန္ဒန္ကလပ္ဟာ အေတြ႔အၾကံရွိျပီး ကစားသမားေတြကို မွီခို အားထားတဲ့ အသင္း ျဖစ္ပါတယ္။

ဖရန္႔လမ္းပတ္ဟာ ဒီရာသီ ျပိဳင္ပြဲစံုမွာ အကယ္ဒမီကစားသမား ၉ ဦးထိ ပါ၀င္ပြဲထုတ္ခဲ့ပါတယ္။ တမ္မီ ေအဗရာဟမ္၊ တိုမိုရီ၊ ပူလီဆစ္၊ ေမဆန္ေမာင့္၊ ရီစီ ဂ်ိမ္းစ္တို႔ဟာ မတ္လအထိ လိဂ္မွာပြဲကစားခ်ိန္ မိနစ္ ၁၀၀၀ ေက်ာ္ေအာင္ ပါ၀င္ကစားခဲ့ရျပီး လမ္းပတ္ အားထားရတဲ့ ကစားသမားေတြ ျဖစ္ခဲ့ပါတယ္။

အုိဒြိဳင္းကေတာ့ သူ႔ရဲက ဖေနာင့္ ဒဏ္ရာက ျပန္လာျပီးေနာက္ပိုင္း ၇၇၀ မိနစ္ ပြဲ ကစားထားပါတယ္။ ေအဗရာဟမ္နဲ႕ တိုမိုရီက အသက္ ၂၂ နွစ္ အရြယ္ ကစားသမားေတြ ျဖစ္ျပီး စီနီယာအသင္းၾကီးမွာ အထိုင္က်လာသလို ဇန္န၀ါရီကေန စလို႔ ေဂးလ္မား၊ လမ့္ေတး၊ ဘရိုရ်ာ၊ အန္ဂ်ိဳရင္ တို႔ကို ပြဲထုတ္ရာမွာလည္း အစြမ္းကိုယ္စီ ျပသနုိင္ခဲ့ၾကပါတယ္။