ကြားကွင်းအဖြစ် အသုံးပြုမယ့် စာရင်းမှာ ချယ်ဆီးရဲ့ စတမ်းဖိုဒ့်ဘရစ် ပါဝင်ဖွယ် မရှိ

ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးက ဘောလုံးပွဲတွေကို အပြီးသတ်ဖို့ သဘောတူညီထားကြပေမယ့် ကိုယ်ပိုင် အိမ်ကွင်းတွေမှာ မဟုတ်ပဲ ကြားကွင်းတွေမှာပဲ ကွင်းပိတ် ကစားမှုနဲ့အတူ ပြန်ကစားကြဖို့ ညိနှိုင်းနေတာဖြစ်တယ်။

ပရီးမီးယားလိဂ်ပွဲတွေကို ယခင်ပုံစံ အိမ်ကွင်း အဝေးကွင်း ကစားခွင့်ရမှာ မဟုတ်ပဲ ကြားကွင်း ၈ ကွင်း (သို့) ၁၀ ကွင်းကြားမှာ ကစားရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ လက်ကျန်ပွဲ ၉၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး မည်သည့် ကလပ်ကမှ ကိုယ်ပိုင် အိမ်ကွင်းတွေနဲ့ ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ကြားကွင်းတွေကို ဘယ်ကွင်းတွေအသုံးပြုမလဲ ဆိုတာကိုတော့ လူနေအိမ်တွေနဲ့ ဝေးကွာခြင်းအပြင် ရဲ့အဖွဲ့နဲ့ ကွင်းလုံခြုံရေးမှာ အာမခံချက်ရှိခြင်း ဆိုတဲ့ အချက်တွေကို အဓိကထား တွက်ချက်မှာဖြစ်တယ်။ ဗြိတိန်အာဏာပိုင်တွေရဲ့ တွက်ချက်မှုမှာ အံ့ဝင်တဲ့ အသင်းတွေရဲ့ ကွင်းတွေကိုပဲ ကြားကွင်းတွေအဖြစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။

ကြားကွင်းတွေကို ၈ ကွင်းအသုံးပြုမယ်ဆိုရင် အောက်ဖော်ပြပါထဲက A နဲ့ B အသင်းတွေရဲ့ အိမ်ကွင်းတွေကို အဓိက ရွေးချယ်မှာဖြစ်တယ်။ ၁၀ ကွင်းထိ အသုံးပြုမယ်ဆိုရင်တော့ C အသင်းတွေရဲ့ အိမ်ကွင်းပါ ပါဝင်လာမှာဖြစ်ပြီး D အသင်းတွေရဲ့ အိမ်ကွင်းကတော့ လုံးဝ အသုံးပြုမှာ မဟုတ်ပါဘူး။ ထပ်ပြီးလည်း ဝက်ဟမ်းကွင်းမှာ ချယ်ဆီးကို အိမ်ကွင်း ကစားစေမှုလို ဒါဘီအသင်းကြား ကွင်းအသုံးပြုခြင်းမျိုးကိုလည်း လုပ်ဆောင်မှာ မဟုတ်ပါဘူး။

လက်ကျန်ပွဲတွေကို ကြားကွင်းအဖြစ် အသုံးပြုဖို့ ကလပ်အသင်း ၂၀ ရဲ့ အိမ်ကွင်းတွေကို အဆင့်ခွဲခြားထားမှုက အောက်ပါတိုင်း ဖြစ်ပါတယ်။

A – West Ham, Manchester City, Manchester United, Brighton, Southampton

B – Arsenal, Leicester City and Villa

C – Wolverhampton Wanderers, Bournemouth, Tottenham Hotspur, Chelsea and Norwich

D – Liverpool, Everton, Watford, Burnley, Sheffield United, Crystal Palace and Newcastle United

ZAWGYI

ပရီးမီးယားလိဂ္ကလပ္ေတြ အားလံုးက ေဘာလံုးပြဲေတြကို အျပီးသတ္ဖို႔ သေဘာတူညီထားၾကေပမယ့္ ကိုယ္ပိုင္ အိမ္ကြင္းေတြမွာ မဟုတ္ပဲ ၾကားကြင္းေတြမွာပဲ ကြင္းပိတ္ ကစားမႈနဲ႔အတူ ျပန္ကစားၾကဖို႔ ညိႏိႈင္းေနတာျဖစ္တယ္။

ပရီးမီးယားလိဂ္ပြဲေတြကို ယခင္ပံုစံ အိမ္ကြင္း အေဝးကြင္း ကစားခြင့္ရမွာ မဟုတ္ပဲ ၾကားကြင္း ၈ ကြင္း (သို႔) ၁၀ ကြင္းၾကားမွာ ကစားရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဟာ လက္က်န္ပြဲ ၉၂ ပြဲ ကစားဖို႔ က်န္ရွိေနေသးျပီး မည္သည့္ ကလပ္ကမွ ကိုယ္ပိုင္ အိမ္ကြင္းေတြနဲ႔ ကစားခြင့္ရမွာ မဟုတ္ပါဘူး။

ၾကားကြင္းေတြကို ဘယ္ကြင္းေတြအသံုးျပဳမလဲ ဆုိတာကိုေတာ့ လူေနအိမ္ေတြနဲ႔ ေဝးကြာျခင္းအျပင္ ရဲ႕အဖြဲ႔နဲ႔ ကြင္းလံုျခံဳေရးမွာ အာမခံခ်က္ရွိျခင္း ဆိုတဲ့ အခ်က္ေတြကို အဓိကထား တြက္ခ်က္မွာျဖစ္တယ္။ ျဗိတိန္အာဏာပိုင္ေတြရဲ႔ တြက္ခ်က္မႈမွာ အံ့ဝင္တဲ့ အသင္းေတြရဲ႔ ကြင္းေတြကိုပဲ ၾကားကြင္းေတြအျဖစ္ ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

ၾကားကြင္းေတြကို ၈ ကြင္းအသံုးျပဳမယ္ဆိုရင္ ေအာက္ေဖာ္ျပပါထဲက A နဲ႔ B အသင္းေတြရဲ႕ အိမ္ကြင္းေတြကို အဓိက ေရြးခ်ယ္မွာျဖစ္တယ္။ ၁၀ ကြင္းထိ အသံုးျပဳမယ္ဆိုရင္ေတာ့ C အသင္းေတြရဲ႕ အိမ္ကြင္းပါ ပါဝင္လာမွာျဖစ္ျပီး D အသင္းေတြရဲ႕ အိမ္ကြင္းကေတာ့ လံုးဝ အသံုးျပဳမွာ မဟုတ္ပါဘူး။ ထပ္ျပီးလည္း ဝက္ဟမ္းကြင္းမွာ ခ်ယ္ဆီးကို အိမ္ကြင္း ကစားေစမႈလို ဒါဘီအသင္းၾကား ကြင္းအသံုးျပဳျခင္းမ်ိဳးကိုလည္း လုပ္ေဆာင္မွာ မဟုတ္ပါဘူး။

လက္က်န္ပြဲေတြကို ၾကားကြင္းအျဖစ္ အသံုးျပဳဖို႔ ကလပ္အသင္း ၂၀ ရဲ႕ အိမ္ကြင္းေတြကို အဆင့္ခြဲျခားထားမႈက ေအာက္ပါတိုင္း ျဖစ္ပါတယ္။

A – West Ham, Manchester City, Manchester United, Brighton, Southampton

B – Arsenal, Leicester City and Villa

C – Wolverhampton Wanderers, Bournemouth, Tottenham Hotspur, Chelsea and Norwich

D – Liverpool, Everton, Watford, Burnley, Sheffield United, Crystal Palace and Newcastle United