တပည့်ဟောင်း အင်္ဂလန်ကွင်းလယ်သမားကို ခေါ်ယူဖို့ အလွန် နီးစပ်နေတဲ့ လမ်းပတ်

ချယ်ဆီးအသင်းဟာ ဒါဘီအသင်း ကွင်းလယ်ကစားသမား မက်စ် ဘတ်ကို နွေမှာ ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေပြီ ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းမှာ ဖော်ပြလာပါတယ်။

ဘတ် ဟာ ပြီးခဲ့တဲ့ရာသီ လမ်းပတ် ဒါဘီနည်းပြ ဖြစ်စဉ်တည်းက လက်တွဲခဲ့ဖူးတဲ့ ဆရာ တပည့် ဖြစ်ပြီး ၁၉ နှစ် အရွယ် ကွင်းလယ်ကစားသမား အတွက် ဒါဘီက ပေါင် ၅ သန်း ဈေး သတ်မှတ်ထားပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီး အသင်းကတော့ ပေါင် ၄.၈ သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ပြီး ဒါဘီအသင်း အလိုရှိတာနဲ့ ပေါင် ၂ သိန်းမျှ ကွာဟနေပါတယ်။ ဒါကို ကလပ်အသင်း နှစ်သင်းကြား ပြေလည်မှု ရအောင် ညှိနှိုင်းနိုင်မယ်လို့ ယူဆရပါတယ်။

” လူငယ်အသင်းတွေမှာ ဖြစ်ဖြစ် စီနီယာအသင်းကြီးမှာ ဖြစ် ဖြစ် ဝင်ကစားရတိုင် ဘတ်က စွယ်စုံရ ကစားသမားပါ။ သူက တကယ့် လူကောင်းလေး ဆိုတာလည်း ကျနော် သိထားပြီးသားပါ။ ကျနော်တို့ ဆက်ဆံရေးကလည်း တကယ် ကောင်းမွန်ပါတယ်။ ” လို့ လမ်းပတ်က ဘတ်ကို ထုတ်ဖော် ချီးကျူးဖူးပါတယ်။

လမ်းပတ်က ဘတ်ရဲ့ ချန်ပီယံရှစ် လိဂ်မှာ ပထမဆုံး ပွဲထွက်ခွင့်ကို ဒီဇင်ဘာ ၂၀၁၈ မှာ ပေးခဲ့တာ ဖြစ်ပြီး ဒါဘီ အကယ်ဒမီထွက် လူငယ် ကစားသမားဟာ ပထမအသင်း အတွ့် ၂၇ ပွဲ ပါဝင် ကစားထားပြီ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ကွင်းလယ်လူငယ်လေးဟာ ဒါဘီ လူငယ်အသင်းများမှာ ပုံမှန် ဂိုးသွင်းပေးနေသူ ဖြစ်ပြီး လက်ရှိ ဒါဘီ အသင်းကြီးနည်းပြ ဖိလစ်ကော့ကူးကတော့ ၎င်းကို ခံစစ်နေရာမှာ တာဝန်ယူ ကစားစေပြီး ကွင်းလယ်မှာ ရွန်းနီနဲက တွဲဖက်ကစားစေပါတယ်။

ဘတ်ဟာ လက်ရှိ ချယ်ဆီးနည်းပြ လမ်းပတ်ရော လက်ထောက်နည်းပြ ဂျိုဒီ မောရစ်ကိုပါ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အထင်ကြီး လောက်အောင် အစွမ်းပြထားသူ ဖြစ်တာကြောင့် လန်ဒန်ကလပ်ထံ ရောက်ရှိဖို့ အလားအလာ များနေပါတယ်။ ၎င်းရဲ့ လက်ရှိ စာချုပ်က ဒါဘီအသင်းနဲ့ ၂၀၂၂ ဇွန်လအထိ ကျန်ရှိပါသေးတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒါဘီအသင္း ကြင္းလယ္ကစားသမား မက္စ္ ဘတ္ကို ေႏြမွာ ေခၚယူနုိင္ဖို႔ အလြန္ကို နီးစပ္ေနျပီ ျဖစ္ေၾကာင္း ေဒးလီးေမးလ္ သတင္းမွာ ေဖာ္ျပလာပါတယ္။

ဘတ္ ဟာ ျပီးခဲ့တဲ့ရာသီ လမ္းပတ္ ဒါဘီနည္းျပ ျဖစ္စဥ္တည္းက လက္တြဲခဲ့ဖူးတဲ့ ဆရာ တပည့္ ျဖစ္ျပီး ၁၉ နွစ္ အရြယ္ ကြင္းလယ္ကစားသမား အတြက္ ဒါဘီက ေပါင္ ၅ သန္း ေစ်း သတ္မွတ္ထားပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီး အသင္းကေတာ့ ေပါင္ ၄.၈ သန္းနဲ႕ ကမ္းလွမ္းမွာ ျဖစ္ျပီး ဒါဘီအသင္း အလိုရွိတာနဲ႕ ေပါင္ ၂ သိန္းမွ် ကြာဟေနပါတယ္။ ဒါကို ကလပ္အသင္း နွစ္သင္းၾကား ေျပလည္မႈ ရေအာင္ ညွိနိႈင္းနုိင္မယ္လို႔ ယူဆရပါတယ္။

” လူငယ္အသင္းေတြမွာ ျဖစ္ျဖစ္ စီနီယာအသင္းၾကီးမွာ ျဖစ္ ျဖစ္ ၀င္ကစားရတိုင္ ဘတ္က စြယ္စံုရ ကစားသမားပါ။ သူက တကယ့္ လူေကာင္းေလး ဆိုတာလည္း က်ေနာ္ သိထားျပီးသားပါ။ က်ေနာ္တို႔ ဆက္ဆံေရးကလည္း တကယ္ ေကာင္းမြန္ပါတယ္။ ” လို႔ လမ္းပတ္က ဘတ္ကို ထုတ္ေဖာ္ ခ်ီးက်ဴးဖူးပါတယ္။

လမ္းပတ္က ဘတ္ရဲ႕ ခ်န္ပီယံရွစ္ လိဂ္မွာ ပထမဆံုး ပြဲထြက္ခြင့္ကို ဒီဇင္ဘာ ၂၀၁၈ မွာ ေပးခဲ့တာ ျဖစ္ျပီး ဒါဘီ အကယ္ဒမီထြက္ လူငယ္ ကစားသမားဟာ ပထမအသင္း အတြ႕္ ၂၇ ပြဲ ပါ၀င္ ကစားထားျပီ ျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ ကြင္းလယ္လူငယ္ေလးဟာ ဒါဘီ လူငယ္အသင္းမ်ားမွာ ပံုမွန္ ဂိုးသြင္းေပးေနသူ ျဖစ္ျပီး လက္ရွိ ဒါဘီ အသင္းၾကီးနည္းျပ ဖိလစ္ေကာ့ကူးကေတာ့ ၄င္းကို ခံစစ္ေနရာမွာ တာ၀န္ယူ ကစားေစျပီး ကြင္းလယ္မွာ ရြန္းနီနဲက တြဲဖက္ကစားေစပါတယ္။

ဘတ္ဟာ လက္ရွိ ခ်ယ္ဆီးနည္းျပ လမ္းပတ္ေရာ လက္ေထာက္နည္းျပ ဂ်ိဳဒီ ေမာရစ္ကိုပါ ၂၀၁၈-၁၉ ေဘာလံုးရာသီမွာ အထင္ၾကီး ေလာက္ေအာင္ အစြမ္းျပထားသူ ျဖစ္တာေၾကာင့္ လန္ဒန္ကလပ္ထံ ေရာက္ရွိဖို႔ အလားအလာ မ်ားေနပါတယ္။ ၄ငး္ရဲ႕ လက္ရွိ စာခ်ဳပ္က ဒါဘီအသင္းနဲ႕ ၂၀၂၂ ဇြန္လအထိ က်န္ရွိပါေသးတယ္။