ကာရာဘောင်း ကွာတားပွဲနဲ့ ပက်သက်ပြီး အရေးပါတဲ့ သတင်းတွေကို နေးခရစ်ချ်လေ ထုတ်ပြန်

ကာရာေဘာင္းကြာတားဖိုင္နယ္အျဖစ္ အက္စတြန္ဗီလာကြင္းမွာ လီဗာပူး သြားေရာက္ ကစားရမွာျဖစ္ျပီး အဆိုပါပြဲကို လီဗာပူူး ယူ-၂၃ အသင္းက ပါဝင္ယွဥ္ျပိဳင္မွာျဖစ္ျပီး မန္ေနဂ်ာအျဖစ္ လူငယ္အသင္းနည္းျပ ေနးခရစ္ခ်္ေလ တာဝန္ယူပါမယ္။

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ မဲခြဲေနတုန္းမွာပဲ ေနးခရစ္ခ်္ေလက ကာရာေဘာင္းပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈ လုပ္ခဲ့ျပီး သူက ကိုယ္ကစားခဲ့တဲ့ အသင္းအတြက္ ပြဲတစ္ပြဲကို တာဝန္ယူ ကိုင္တြယ္ရမွာအတြက္ အရမ္ကို စိတ္လႈပ္ရွား ဂုဏ္ယူေနတယ္လို႔ ေျပာပါတယ္။

ေနးခရစ္ခ်္ေလက ” က်ေနာ္တို႔ အားလံုးအတြက္ အေရးပါတဲ့ အခြင့္အေရးျဖစ္ျပီး အရမ္းလည္း ဂုဏ္ယူပါတယ္။ က်ေနာ္နဲ႔အတူ အလုပ္လုပ္ခဲ့တဲ့ လူငယ္ေတြအားလံုးနဲ႔အတူ ဒီျပိဳင္ပြဲကို ဝင္ရမွာအတြက္ ဂုဏ္ယူတယ္။ က်ေနာ္ရဲ႕ ကစားသမားေတြကို ကြင္းထဲ ေခၚဝင္ရမယ့္အခ်ိန္က အရမ္းကို ဂုဏ္ယူရပါမယ္။ ကိုယ္ကစားခဲ့တဲ့ ကလပ္အသင္းအတြက္ တာဝန္ရွိသူအျဖစ္ ကြင္းထဲကို ဝင္ေရာက္ကိုယ္စားျပဳရမွာထက္ ပိုေကာင္းတဲ့ ဖီလင္ မရွိေတာ့ပါဘူး။

က်ေနာ္ တကယ္ကို စိတ္လႈပ္ရွားေနျပီး ဒီပြဲကို လံုးဝ မရံွဴးလိုပါဘူး။ အသင္းက အားလံုးနဲ႔ အစြမ္းကုန္ ေပးဆပ္သြားပါမယ္။ ကစားသမားေတြအတြက္ ခက္ခဲတဲ့ စိန္ေခၚမႈျဖစ္ျပီး ေနာက္ထပ္ ေျခလွမ္းသစ္ေတြအတြက္ အခက္ခဲဆံုး ယွဥ္ျပိဳင္ရမႈပါပဲ။ သူတို႔ေလးေတြ အေကာင္းဆံုး ကိုင္တြယ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

က်ေန္ာတို႔ရဲ႕ မန္ေနဂ်ာက လူငယ္ေတြကို ယံုပါတယ္။ အာဆင္နယ္နဲ႔ပြဲကိုၾကည့္ပါ သူက အရမ္းကို ရဲရင့္တဲ့ လူစာရင္းကို ထုတ္သံုးခဲ့တယ္။ ယာဂင္ကေလာ့ပ္ရဲ႕ စိတ္ဓါတ္က အကယ္ဒမီအသင္းအေပၚ လႊမ္းမိုးမႈရွိပါတယ္။ လူငယ္ေတြက အတူတကြနဲ႔ အတူကတြဲကို ယွဥ္ျပိဳင္ရမွာပါ။ လီဗာပူးအသင္းတစ္သင္းအျဖစ္ ကစားျပႏုိင္ဖို႔ အေရးၾကီးပါတယ္။ လီဗာပူးအသင္းၾကီးလို ကစားျပႏုိင္ဖို႔ က်ေန္ာတုိ႔မွာ ဖိအားေတြ ရွိပါတယ္။

ဒီပြဲကို ယာဂင္ကေလာ့ပ္နဲ႔ အသင္းသားေတြအားလံုး ၾကည့္ေနမွာပါ။ ယာဂင္ကေလ့ပ္က လူငယ္ေတြကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနမွာပါ။ သူဟာ က်ေန္ာတုိ႔ လူငယ္ေတြအေၾကာင္း အျပည့္အဝကို သတိျပဳမိသူျဖစ္ျပီး အရမ္းလည္း စိတ္ဝင္စားေနပါလိမ့္မယ္ ” လို႔ ေျပာဆိုတယ္။

အက္စတြန္ဗီလာ ပြဲအျပီးမွာေတာ့ ကစားသမား ႏွစ္ဦးေလာက္ဟာ ကာတာကို လုိက္သြားျပီး လီဗာပူးအသင္းနဲ႔ ပူးေပါင္းခြင့္ရပါမယ္။ စီနီယာအသင္းသားေတြထဲက ဒဏ္ရာရသူေတြေနရာ အစားဝင္ဖို႔နဲ႔ လာမယ့္ပြဲေတြမွာ အရန္အျဖစ္ ပါဝင္ၾကဖို႔ျဖစ္ျပီး ဘယ္သူေတြ ပါဝင္ရမယ္ဆိုတာေတာ့ အက္စတြန္ဗီလာပြဲ ေျခစြမ္းက အဓိကက်မယ္လုိ႔ သိရတယ္။

ေနးခရစ္ခ်္ေလကပဲ ” နည္းစနစ္လိုင္းမွာ ရွိေနရမယ့္ သူအျဖစ္ က်ေနာ္ ရပ္ေနခြင့္ရမွာက အရမ္းကို ဂုဏ္ယူရမႈ ျဖစ္ေစပါမယ္။ ေလယာဥ္ကလည္း အဆင္သင့္ ေစာင္ေနမွာပါ။ ဒီပြဲကို က်ေနာ္တုိ႔ ဘယ္လို ကစားတယ္ဆိုတာေပၚ မူတည္ျပီး ၾကည့္ရပါမယ္။ ကစားသမား တစ္ဦး၊ ႏွစ္ဦးေလာက္ကေတာ့ ကာတာကို သြားခြင့္ကို ၾကိဳးစားနုိင္ပါလိမ့္မယ္။ ဘယ္သူဆိုတာေတာ့ မသိရေသးပါဘူး။ ဘာမဆို ျဖစ္ႏုိင္ပါတယ္။ ပြဲအျပီးမွာ ဖုန္းအေခၚကို ေစာင့္ၾကတာေပါ့။ ” လို႔ ဆိုခဲ့ပါတယ္။

UNICODE

ကာရာဘောင်းကွာတားဖိုင်နယ်အဖြစ် အက်စတွန်ဗီလာကွင်းမှာ လီဗာပူး သွားရောက် ကစားရမှာဖြစ်ပြီး အဆိုပါပွဲကို လီဗာပူူး ယူ-၂၃ အသင်းက ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မန်နေဂျာအဖြစ် လူငယ်အသင်းနည်းပြ နေးခရစ်ချ်လေ တာဝန်ယူပါမယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲနေတုန်းမှာပဲ နေးခရစ်ချ်လေက ကာရာဘောင်းပွဲကြို မီဒီယာတွေ့ဆုံမှု လုပ်ခဲ့ပြီး သူက ကိုယ်ကစားခဲ့တဲ့ အသင်းအတွက် ပွဲတစ်ပွဲကို တာဝန်ယူ ကိုင်တွယ်ရမှာအတွက် အရမ်ကို စိတ်လှုပ်ရှား ဂုဏ်ယူနေတယ်လို့ ပြောပါတယ်။

နေးခရစ်ချ်လေက ” ကျနော်တို့ အားလုံးအတွက် အရေးပါတဲ့ အခွင့်အရေးဖြစ်ပြီး အရမ်းလည်း ဂုဏ်ယူပါတယ်။ ကျနော်နဲ့အတူ အလုပ်လုပ်ခဲ့တဲ့ လူငယ်တွေအားလုံးနဲ့အတူ ဒီပြိုင်ပွဲကို ဝင်ရမှာအတွက် ဂုဏ်ယူတယ်။ ကျနော်ရဲ့ ကစားသမားတွေကို ကွင်းထဲ ခေါ်ဝင်ရမယ့်အချိန်က အရမ်းကို ဂုဏ်ယူရပါမယ်။ ကိုယ်ကစားခဲ့တဲ့ ကလပ်အသင်းအတွက် တာဝန်ရှိသူအဖြစ် ကွင်းထဲကို ဝင်ရောက်ကိုယ်စားပြုရမှာထက် ပိုကောင်းတဲ့ ဖီလင် မရှိတော့ပါဘူး။

ကျနော် တကယ်ကို စိတ်လှုပ်ရှားနေပြီး ဒီပွဲကို လုံးဝ မရံှူးလိုပါဘူး။ အသင်းက အားလုံးနဲ့ အစွမ်းကုန် ပေးဆပ်သွားပါမယ်။ ကစားသမားတွေအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်ပြီး နောက်ထပ် ခြေလှမ်းသစ်တွေအတွက် အခက်ခဲဆုံး ယှဉ်ပြိုင်ရမှုပါပဲ။ သူတို့လေးတွေ အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။

ကျနေ်ာတို့ရဲ့ မန်နေဂျာက လူငယ်တွေကို ယုံပါတယ်။ အာဆင်နယ်နဲ့ပွဲကိုကြည့်ပါ သူက အရမ်းကို ရဲရင့်တဲ့ လူစာရင်းကို ထုတ်သုံးခဲ့တယ်။ ယာဂင်ကလော့ပ်ရဲ့ စိတ်ဓါတ်က အကယ်ဒမီအသင်းအပေါ် လွှမ်းမိုးမှုရှိပါတယ်။ လူငယ်တွေက အတူတကွနဲ့ အတူကတွဲကို ယှဉ်ပြိုင်ရမှာပါ။ လီဗာပူးအသင်းတစ်သင်းအဖြစ် ကစားပြနိုင်ဖို့ အရေးကြီးပါတယ်။ လီဗာပူးအသင်းကြီးလို ကစားပြနိုင်ဖို့ ကျနေ်ာတို့မှာ ဖိအားတွေ ရှိပါတယ်။

ဒီပွဲကို ယာဂင်ကလော့ပ်နဲ့ အသင်းသားတွေအားလုံး ကြည့်နေမှာပါ။ ယာဂင်ကလေ့ပ်က လူငယ်တွေကို စိတ်ဝင်တစား စောင့်ကြည့်နေမှာပါ။ သူဟာ ကျနေ်ာတို့ လူငယ်တွေအကြောင်း အပြည့်အဝကို သတိပြုမိသူဖြစ်ပြီး အရမ်းလည်း စိတ်ဝင်စားနေပါလိမ့်မယ် ” လို့ ပြောဆိုတယ်။

အက်စတွန်ဗီလာ ပွဲအပြီးမှာတော့ ကစားသမား နှစ်ဦးလောက်ဟာ ကာတာကို လိုက်သွားပြီး လီဗာပူးအသင်းနဲ့ ပူးပေါင်းခွင့်ရပါမယ်။ စီနီယာအသင်းသားတွေထဲက ဒဏ်ရာရသူတွေနေရာ အစားဝင်ဖို့နဲ့ လာမယ့်ပွဲတွေမှာ အရန်အဖြစ် ပါဝင်ကြဖို့ဖြစ်ပြီး ဘယ်သူတွေ ပါဝင်ရမယ်ဆိုတာတော့ အက်စတွန်ဗီလာပွဲ ခြေစွမ်းက အဓိကကျမယ်လို့ သိရတယ်။

နေးခရစ်ချ်လေကပဲ ” နည်းစနစ်လိုင်းမှာ ရှိနေရမယ့် သူအဖြစ် ကျနော် ရပ်နေခွင့်ရမှာက အရမ်းကို ဂုဏ်ယူရမှု ဖြစ်စေပါမယ်။ လေယာဉ်ကလည်း အဆင်သင့် စောင်နေမှာပါ။ ဒီပွဲကို ကျနော်တို့ ဘယ်လို ကစားတယ်ဆိုတာပေါ် မူတည်ပြီး ကြည့်ရပါမယ်။ ကစားသမား တစ်ဦး၊ နှစ်ဦးလောက်ကတော့ ကာတာကို သွားခွင့်ကို ကြိုးစားနိုင်ပါလိမ့်မယ်။ ဘယ်သူဆိုတာတော့ မသိရသေးပါဘူး။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ပွဲအပြီးမှာ ဖုန်းအခေါ်ကို စောင့်ကြတာပေါ့။ ” လို့ ဆိုခဲ့ပါတယ်။