ချန်ပီယံလိဂ် ရံှူးထွက်အဆင့်မှာ ချယ်ဆီးနဲ့ အတွဲကျမှုအပေါ် ဘိုင်ယန်နဲ့ နူအာတို့ တုန့်ပြန်ခဲ့
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှူံးထွက်ပွဲအတွက် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်ခဲ့ပြပီဖြစ်ပြီး ချယ်ဆီးဟာ ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် တွစ်တာအကောင့်ကနေလည်း ၄င်းတို့ရဲ့ အိပ်မက်ဆိုးဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အရေးနိမ့်မှုကို စိတ်နာလွန်းတာကြောင့် ၂၀၁၂ နဲ့ ဒရော့ဘာဆိုတဲ့ နာမည်ကို နိုတီ လုံးဝ ပိတ်ထားပါကြောင်း ထုတ်ပြသွားခဲ့ပါတယ်။
UNICODE
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲအတွက် မဲခွဲမှုရလဒ်တွေ ထွက်ပေါ်ခဲ့ပြပီဖြစ်ပြီး ချယ်ဆီးဟာ ဂျာမနီ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ပထမအကျော့ကို ချယ်ဆီးအိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီမှာ အဝေးဂိုးစည်းမျဉ်း မရှိတော့တာကြောင့် ပိုမိုခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါတော့မယ်။
၂၀၁၂ ခုနှစ်မှ ချယ်ဆီးဟာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ပြီး အနိုင်ရခဲ့ကာ ကလပ်အသင်း သမိုင်းမှာ ပထမဆုံးချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့တယ်။ ချယ်ဆီးအသင်းဟာ လန်ဒန်ကလပ်တွေထဲမှာ တစ်သင်းတည်းသော ချန်ပီယံလိဂ်ဖလား အောင်မြင်သူအဖြစ်လည်း ဂုဏ်ယူနိုင်ခွင့်ရခဲ့တာဖြစ်တယ်။
မဲခွဲပွဲအပြီး ဘိုင်ယန်ဂိုးသမား နူအာက ” လန်ဒန်ကိုသွားရဖို့ ကျနေ်ာတို့ စိတ်လှုပ်ရှားနေပါတယ်။ အဲ့မှာ အမှတ်တရကောင်းတွေလည်း ရှိပါတယ်။ ချယ်ဆီးက အန္တရာယ်ကြီးတဲ့ အသင်းတစ်သင်းပါ။ အာရုံစိုက်မှု အပြည့်နဲ့ အလေးအနက်ထား ယှဉ်ပြိုင်ဖို့ လိုပါတယ်။ ဟုတ်ပါတယ် ကျနေ်ာတို့ နောက်တစ်ဆင့်ကို တက်လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် တွစ်တာအကောင့်ကနေလည်း ၎င်းတို့ရဲ့ အိပ်မက်ဆိုးဖြစ်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အရေးနိမ့်မှုကို စိတ်နာလွန်းတာကြောင့် ၂၀၁၂ နဲ့ ဒရော့ဘာဆိုတဲ့ နာမည်ကို နိုတီ လုံးဝ ပိတ်ထားပါကြောင်း ထုတ်ပြသွားခဲ့ပါတယ်။