တိုက်စစ်မှူး ဘတ်ရှူဝါယီကို လန်ဒန်ပြိုင်ဘက်အသင်းထံ ရောင်းမယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ အငှားစေလွှတ်ပြီးသား ကစားစေဖြစ်နေတဲ့ တိုက်စစ်မှူး ဘတ်ရှူဝါယီကို လန်ဒန်မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းက ခေါ်ယူလိုနေတာကြောင်း ရောင်းချရန် ပြင်ဆင်လာပါတယ်။

ဘတ်ရှူဝါယီက လမ်းပတ်ရဲ့ ချယ်ဆီးအသင်းမှာတော့ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲသာ ကစားထားရပြီး ပုံမှန် ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်နေရတာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းကို တိုက်စစ် အင်အားမြှင့်ဖို့ ပြင်ဆင်နေတဲ့ နည်းပြ ဒေးဗစ် မိုယက်စ်က ချယ်ဆီးရဲ့ ဘတ်ရှူဝါယီကို ခေါ်ဖို့ မျက်စိကျလာခဲ့ပါတယ်။

ဘယ်လ်ဂျီယံသား တိုက်စစ်သမားနဲ့ ချယ်ဆီးအသင်းတို့ စာချုပ်ကလည်း ၂၀၂၁ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး သက်တမ်းတိုး စာချုပ် ကမ်းလှမ်းဖို့လည်း မရှိတာကြောင့် ဒီနွေမှာ ချယ်ဆီးက အပြီး ရောင်းထုတ်သွားဖွယ် ရှိပါတယ်။

ဘတ်ရှူဝါယီက ချယ်ဆီးအသင်းထံ ၂၀၁၆ မှာ မာဆေးလ်အသင်းကနေ ပြေငာ်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၄ နှစ် အတွင်း ချယ်ဆီးအသင်း အတွက် ၇၇ ပွဲ ကစား ၂၅ ဂိုး သွင်းယူထားပါတယ်။

ချယ်ဆီး ကစားသမားဘဝမှာလည်း စတန်းဖို့ဘရစ်ချ်မှာ နေရာ ရဖို့ထက် အငှားထွက်ကစားရင်း အချိန်ကုန်ခဲ့ပါတယ်။ ဘတ်ရှူဝါယီ အငှား ထွက် ကစားခဲ့တာက ဒေါ့မွန်၊ ဗလင်စီယာနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ အငွားေစလႊတ္ျပီးသား ကစားေစျဖစ္ေနတဲ့ တိုက္စစ္မွဴး ဘတ္ရွဴ၀ါယီကို လန္ဒန္ျမိဳ႕ခံ ျပိဳင္ဘက္ တစ္သင္း ျဖစ္တဲ့ ၀က္စ္ဟမ္း အသင္းက ေခၚယူလိုေနတာေၾကာင္း ေရာင္းခ်ရန္ ျပင္ဆင္လာပါတယ္။

ဘတ္ရွဴ၀ါယီက လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းမွာေတာ့ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲသာ ကစားထားရျပီး ပံုမွန္ ပြဲကစားခြင့္ ရရွိဖို႔ ရုန္းကန္ေနရတာပါ။ ဒါေပမယ့္ ၀က္စ္ဟမ္းအသင္းကို တိုက္စစ္ အင္အားျမွင့္ဖို႔ ျပင္ဆင္ေနတဲ့ နည္းျပ ေဒးဗစ္ မိုယက္စ္က ခ်ယ္ဆီးရဲ႕ ဘတ္ရွဴ၀ါယီကို ေခၚဖို႔ မ်က္စိက်လာခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံသား တိုက္စစ္သမားနဲ႕ ခ်ယ္ဆီးအသင္းတို႔ စာခ်ဳပ္ကလည္း ၂၀၂၁ မွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး သက္တမ္းတိုး စာခ်ဳပ္ ကမ္းလွမ္းဖို႕လည္း မရွိတာေၾကာင့္ ဒီေႏြမွာ ခ်ယ္ဆီးက အျပီး ေရာင္းထုတ္သြားဖြယ္ ရွိပါတယ္။

ဘတ္ရွဴ၀ါယီက ခ်ယ္ဆီးအသင္းထံ ၂၀၁၆ မွာ မာေဆးလ္အသင္းကေန ေျပငာ္းေရႊ႕လာခဲ့တာ ျဖစ္ျပီး ၄ နွစ္ အတြင္း ခ်ယ္ဆီးအသင္း အတြက္ ၇၇ ပြဲ ကစား ၂၅ ဂုိး သြင္းယူထားပါတယ္။

ခ်ယ္ဆီး ကစားသမားဘ၀မွာလည္း စတန္းဖို႔ဘရစ္ခ်္မွာ ေနရာ ရဖို႔ထက္ အငွားထြက္ကစားရင္း အခ်ိန္ကုန္ခဲ့ပါတယ္။ ဘတ္ရွဴ၀ါယီ အငွား ထြက္ ကစားခဲ့တာက ေဒါ့မြန္၊ ဗလင္စီယာနဲ႕ ခရစၥတယ္ပဲေလ့စ္ အသင္းတို႕ ျဖစ္ပါတယ္။