အချက် ၅ ချက်ပါ သဘောတူညီချက်ဖြင့် ပရီးမီးယားလိဂ် ပြန်စဖို့ ဗြိတိန်အစိုးရ ခွင့်ပြုမည်

ပရီးမီးယားလိဂ်ကို ပြန်ကစားနိုင်ခွင့်အတွက် ဗြိတိန်အာဏာပိုင်တွေက အချက် ၅ ချက်ပါ သဘောတူညီမှုကို အဆင့်အလိုက် ပြုလုပ်ဖို့ ခွင့်ပြုပေးလာပြီလို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

ဒီရက်ပိုင်းမှာ အာဆင်နယ် အပါအဝင် ပရီးမီးယားလိဂ်ကလပ် အနည်းဆုံး သုံးသင်းဟာ တစ်ဦးချင်းတွေနဲ့ လေ့ကျင့်ရေး ပြန်စမှုတွေ လုပ်ဆောင်နေပါပြီ။ မေလ ပထမအပတ်မှာတော့ နောက်ထပ် ကလပ်တွေလည်း လေ့ကျင့်ရေးတွေ ပြန်လုပ်ဆောင်တော့မှာပါ။

ဇွန်လထဲမှာတော့ ဘောလုံးပွဲတွေကို ကွင်းပိတ် အစီအစဉ်အဖြစ် စတင်လာကြမှာဖြစ်ပြီး အဲ့လို လုပ်ဆောင်နိုင်ဖို့လည်း အောက်ပါအတိုင်း အဆင့်လိုက် လုပ်ငန်းစဉ်တွေဖြင့် စတင်ရမှာဖြစ်ပါတယ်။

– မေလ အစမှာ တစ်ဦးချင်း အနေအထားနဲ့ လေ့ကျင့်ရေး ပြန်လည် စတင်ခွင့်ပြုရန်
– မေလ နောက်ဆုံး အပတ်မှာ အသင်းလိုက် အနေအထားနဲ့ လေ့ကျင့်ရေး အစီအစဉ် ပြန်လည် စတင်ခွင့်ပြုရန်
– ဇွန်လ ဒုတိယပတ်မှာ ဘောလုံးပွဲတွေ ပြန်လည် စတင်ရန်
– ပရီးမီးယားလိဂ်ဘက်က တာဝန်ယူရမယ့် ကိုဗစ် စစ်ဆေးမှုတွေ ပြုလုပ်ရန်
– ပွဲစဉ်တွေ အတွက် ကွင်းထဲမှာ ဆေးဘက်ဆိုင်ရာ အကူအညီ၊ လုံခြုံရေးပိုင်းတွေကို အစိုးရဘက်က ပူးပေါင်း ဆောင်ရွက်ပေးရန် တို့ဖြစ်ပါတယ်။

ဥရောပနိုင်ငံ အချို့က ဘောလုံးပွဲတွေကို ရပ်နားလိုက်ကြပေမယ့် အင်္ဂလန်၊ စပိန်၊ အီတလီနဲ့ ဂျာမနီတို့ကတော့ လက်ကျန် ဘောလုံးရာသီကို ဆက်ကစားဖို့ ဆုံးဖြတ်ထားကြပြီး လိဂ်အားလုံးကို ကွင်းပိတ်စနစ်ဖြင့် ပြန်လည် စတင်သွားမှာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို ျပန္ကစားႏုိင္ခြင့္အတြက္ ျဗိတိန္အာဏာပိုင္ေတြက အခ်က္ ၅ ခ်က္ပါ သေဘာတူညီမႈကို အဆင့္အလိုက္ ျပဳလုပ္ဖို႔ ခြင့္ျပဳေပးလာျပီလို႔ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပသြားပါတယ္။

ဒီရက္ပိုင္းမွာ အာဆင္နယ္ အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ အနည္းဆံုး သံုးသင္းဟာ တစ္ဦးခ်င္းေတြနဲ႔ ေလ့က်င့္ေရး ျပန္စမႈေတြ လုပ္ေဆာင္ေနပါျပီ။ ေမလ ပထမအပတ္မွာေတာ့ ေနာက္ထပ္ ကလပ္ေတြလည္း ေလ့က်င့္ေရးေတြ ျပန္လုပ္ေဆာင္ေတာ့မွာပါ။

ဇြန္လထဲမွာေတာ့ ေဘာလံုးပြဲေတြကို ကြင္းပိတ္ အစီအစဥ္အျဖစ္ စတင္လာၾကမွာျဖစ္ျပီး အဲ့လို လုပ္ေဆာင္ႏုိင္ဖို႔လည္း ေအာက္ပါအတိုင္း အဆင့္လိုက္ လုပ္ငန္းစဥ္ေတြျဖင့္ စတင္ရမွာျဖစ္ပါတယ္။

– ေမလ အစမွာ တစ္ဦးခ်င္း အေနအထားနဲ႔ ေလ့က်င့္ေရး ျပန္လည္ စတင္ခြင့္ျပဳရန္
– ေမလ ေနာက္ဆုံး အပတ္မွာ အသင္းလိုက္ အေနအထားနဲ႔ ေလ့က်င့္ေရး အစီအစဥ္ ျပန္လည္ စတင္ခြင့္ျပဳရန္
– ဇြန္လ ဒုတိယပတ္မွာ ေဘာလံုးပြဲေတြ ျပန္လည္ စတင္ရန္
– ပရီးမီးယားလိဂ္ဘက္က တာဝန္ယူရမယ့္ ကိုဗစ္ စစ္ေဆးမႈေတြ ျပဳလုပ္ရန္
– ပြဲစဥ္ေတြ အတြက္ ကြင္းထဲမွာ ေဆးဘက္ဆိုင္ရာ အကူအညီ၊ လံုျခံဳေရးပိုင္းေတြကို အစိုးရဘက္က ပူးေပါင္း ေဆာင္႐ြက္ေပးရန္ တို႔ျဖစ္ပါတယ္။

ဥေရာပႏုိင္ငံ အခ်ိဳ႕က ေဘာလံုးပြဲေတြကို ရပ္နားလိုက္ၾကေပမယ့္ အဂၤလန္၊ စပိန္၊ အီတလီနဲ႔ ဂ်ာမနီတို႔ကေတာ့ လက္က်န္ ေဘာလံုးရာသီကို ဆက္ကစားဖို႔ ဆံုးျဖတ္ထားၾကျပီး လိဂ္အားလံုးကို ကြင္းပိတ္စနစ္ျဖင့္ ျပန္လည္ စတင္သြားမွာ ျဖစ္ပါတယ္။