ချယ်ဆီးအသင်းသားက မက်ဆီ ဘေလ်းတို့ထက် ရင်ဆိုင်ရ ပိုခက်ကြောင်း လုရှော ရွေးချယ်

အင်္ဂလန်နဲ့ ယူနိုက်တက် ဘယ်အစွန်လူ လုရှော့က သူ့ရဲ့ ကစားသမားဘဝ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်အဖြစ် ချယ်ဆီးအသင်းသား မိုးဆက်ကို ရွေးချယ်သွားပါတယ်။

လုရှော့က ဆောက်သမ်တန် ကစားသမားဘဝမှာ ချယ်ဆီးအသင်းသား မိုဆက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နိုင်ဂျီးရီးယားသားရဲ့ လျှင်မြန်ပြီး မာကျောတဲ့ ကစားပုံက သူ့ကို ခြောက်ခြားစေခဲ့တာလို့ ပြောပါတယ်။

လုရှောက ” လူတွေက ကျနော် စနောက်နေတာလို့ ထင်ကြမှာဖြစ်ပေမယ့် ကျနော် ရင်ဆိုင်ကစားဖူးတဲ့ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်က ဆောက်သမ်တန်နဲ့ ၁၇ နှစ်သားအရွယ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ဗစ်တာ မော့ဆက် ဖြစ်ပါတယ်။

ကျနော် အရမ်း ငယ်သေးလို့လည်း ဖြစ်နိုင်ပါတယ်။ သူက အရမ်းမြန်တယ်၊ သန်မာတယ်၊ တိုက်ရိုက် ပြေးလွှား ကစားနိုင်ပြီး ဒါက ကျနော်အတွက် အရမ်း ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။

ကျနော်က ဘေးလ်၊ မက်ဆီ၊ ဟာဇက်လို ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ သူတို့ကလည်း အရမ်းကောင်းတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ဗစ်တာမော့ဆက်ကတော့ ရင်ဆိုင်ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်ပဲ ဖြစ်ပါတယ် ” လို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဝီဂန်ကနေ ချယ်ဆီးကို ပြောင်းလာခဲ့တဲ့ မော့ဆက်ဟာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ မန်နေဂျာကွန်တီရဲ့ တောင်ပံ-အစွန်လူအဖြစ် အထူး တောက်ပခဲ့သူပါ။ သူဟာ ချယ်ဆီးရဲ့ အဓိက ကစားသမားတောင် ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ချယ်ဆီးကနေ အငှားချခြင်း ခံခဲ့ရတယ်။ သူနဲ့ ချယ်ဆီးကြား စာချုပ်က ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္နဲ႔ ယူႏုိက္တက္ ဘယ္အစြန္လူ လုေရွာ့က သူ႔ရဲ႕ ကစားသမားဘဝ ရင္ဆိုင္ရ အခက္ခဲဆံုး ျပိဳင္ဘက္အျဖစ္ ခ်ယ္ဆီးအသင္းသား မိုးဆက္ကို ေရြးခ်ယ္သြားပါတယ္။

လုေရွာ့က ေဆာက္သမ္တန္ ကစားသမားဘဝမွာ ခ်ယ္ဆီးအသင္းသား မိုဆက္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ျပီး ႏုိင္ဂ်ီးရီးယားသားရဲ႕ လွ်င္ျမန္ျပီး မာေက်ာတဲ့ ကစားပံုက သူ႔ကို ေျခာက္ျခားေစခဲ့တာလို႔ ေျပာပါတယ္။

လုေရွာက ” လူေတြက က်ေနာ္ စေနာက္ေနတာလို႔ ထင္ၾကမွာျဖစ္ေပမယ့္ က်ေနာ္ ရင္ဆိုင္ကစားဖူးတဲ့ ျပိဳင္ဘက္ေတြထဲမွာ အခက္ခဲဆံုး ျပိဳင္ဘက္က ေဆာက္သမ္တန္နဲ႔ ၁၇ ႏွစ္သားအရြယ္မွာ ရင္ဆိုင္ခဲ့ရတဲ့ ဗစ္တာ ေမာ့ဆက္ ျဖစ္ပါတယ္။

က်ေနာ္ အရမ္း ငယ္ေသးလို႔လည္း ျဖစ္ႏုိင္ပါတယ္။ သူက အရမ္းျမန္တယ္၊ သန္မာတယ္၊ တိုက္ရိုက္ ေျပးလႊား ကစားႏုိင္ျပီး ဒါက က်ေနာ္အတြက္ အရမ္း ခက္ခဲတဲ့ စိန္ေခၚမႈ ျဖစ္ခဲ့ပါတယ္။

က်ေနာ္က ေဘးလ္၊ မက္ဆီ၊ ဟာဇက္လို ကစားသမားေတြနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။ သူတို႔ကလည္း အရမ္းေကာင္းတဲ့ ကစားသမားေတြပါ။ ဒါေပမယ့္ ဗစ္တာေမာ့ဆက္ကေတာ့ ရင္ဆိုင္ဖူးသမွ် ျပိဳင္ဘက္ေတြထဲမွာ အခက္ခဲဆံုး ျပိဳင္ဘက္ပဲ ျဖစ္ပါတယ္ ” လုိ႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္မွာ ဝီဂန္ကေန ခ်ယ္ဆီးကို ေျပာင္းလာခဲ့တဲ့ ေမာ့ဆက္ဟာ ၂၀၁၆-၂၀၁၇ ေဘာလံုးရာသီမွာ မန္ေနဂ်ာကြန္တီရဲ႔ ေတာင္ပံ-အစြန္လူအျဖစ္ အထူး ေတာက္ပခဲ့သူပါ။ သူဟာ ခ်ယ္ဆီးရဲ႕ အဓိက ကစားသမားေတာင္ ျဖစ္ခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ ခ်ယ္ဆီးကေန အငွားခ်ျခင္း ခံခဲ့ရတယ္။ သူနဲ႔ ခ်ယ္ဆီးၾကား စာခ်ဳပ္က ၂၀၂၁ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ပါတယ္။