အာဆင်နယ်နဲ့ အာတီတာကြား အမြဲတမ်းမန်နေဂျာ ဆွေးနွေးမှု နောက်ဆုံးရ အခြေအနေ

အာဆင္နယ္ဟာ ကလပ္အသင္း ရလဒ္ေတြ ဆက္တုိက္က်ဆင္းေနမႈကို ျပန္ဆယ္ႏုိင္ဖို႔ ဒီလမကုန္ခင္ အျမဲတမ္းမန္ေနဂ်ာကို ခန္႔အပ္ႏုိင္ဖို႔ ၾကိဳးစားေနျပီျဖစ္ျပီး ကလပ္အသင္းကို ဦးေဆာင္မယ္လုိ႔ သတင္းၾကီးထားတဲ့ မန္ေနဂ်ာေတြထဲမွာ အာတီတာကို ေရြးခ်ယ္တာဝန္ေပးဖို႔ သတင္းၾကီးေနပါျပီ။

ဇန္နဝါရီလ ၁ ရက္ေန႔ အေျပာင္းအေရႊ႔ မစတင္ခင္ အျမဲတမ္းမန္ေနဂ်ာကို တာဝန္ေပးႏုိင္ဖို႔ အာဆင္နယ္ဘက္က စတင္လာခဲ့တာျဖစ္ျပီး လက္ရွိ မန္စီးတီးအသင္းမန္ေနဂ်ာဂြာဒီယိုလာရဲ႕ လက္ေထာက္နည္းျပနဲ႔ အာဆင္နယ္အသင္းသားေဟာင္း အာတီတာကိုပဲ အသင္းတာဝန္ရွိသူေတြက အဓိက စကားေျပာဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။

မေန႔က အမ္းမရိတ္မွာ မန္စီးတီးကို ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ေနာက္ ရာသီကုန္ အဆင့္ေလးဝင္ခြင့္အတြက္ အာဆင္နယ္ဘက္က ဆံုးျဖတ္ခ်က္ကို ျပဳလုပ္ခဲ့တာျဖစ္တယ္။ ကလပ္အသင္း တာဝန္ရွိသူေတြက အျခားေသာ လိဂ္ေတြကထက္စာရင္ ပရီးမီးယားလိဂ္အေၾကာင္းကို ေကာင္းေကာင္းသိျပီး ကလပ္အသင္းနဲ႔လည္း မစိမ္းတဲ့ ပုဂၢိဳလ္တစ္ဦးကိုပဲ မန္ေနဂ်ာအျဖစ္ ခန္႔လိုေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္မွာ ငါးႏွစ္ၾကာ ကစားခဲ့ဖူးတဲ့ အာတီတာဟာ ၂၀၁၈ ကမၻာဖလားအျပီး ကလပ္အသင္းကို တာဝန္ယူဖို႔ နီးစပ္ခဲ့ေသးေပမယ့္ အမ္မရီကို တာဝန္ေပးခဲ့တာျဖစ္တယ္။ ဒီတစ္ၾကိမ္မွာေတာ့ အမ္းမရိတ္ပြဲအျပီးမွာ အာဆင္နယ္ တာဝန္ရွိသူေတြက အာတီတာကို စတင္ကာ ခ်ဥ္းကပ္ခဲ့ၾကတာျဖစ္ပါတယ္။ လတ္တေလာမွာ အာဆင္နယ္ဘက္က အာတီတာ အပါအဝင္ မန္ေနဂ်ာ ၁၀ ဦးကို လ်ထားျပီး ပက္ထရစ္ ဗီအဲရာလည္း ပါဝင္ေနပါတယ္။

အာဆင္နယ္ မန္ေနဂ်င္းဒါရိုက္တာ Vinai Venkatesham နဲ႔ စာခ်ဳပ္ညိႏိႈင္းေရးဆုိင္ရာ အၾကီးအကဲ Huss Fahmy တို႔ဟာ အာတီတာရဲက မန္ခ်က္စတာက အိမ္မွာပဲ အျမဲတမ္းမန္ေနဂ်ာရာထူးအတြက္ ႏွစ္ႏွစ္ရီခြဲၾကာ ေဆြးေႏြးမႈကို ျပဳလုပ္ခဲ့ၾကကာ ေဆြးေႏြးမႈ အဆင္ေျပခဲ့တယ္လို႔ ယူဆရတယ္။ အတည္ျပဳကိစၥေတြကို ဒီလမကုန္ခင္ လုပ္ေဆာင္ျပီး ဇန္နဝါရီေစ်းကြက္ထဲပါ ဝင္ေရာက္ဖြယ္ ရွိပါတယ္။

Unicode

အာဆင်နယ်ဟာ ကလပ်အသင်း ရလဒ်တွေ ဆက်တိုက်ကျဆင်းနေမှုကို ပြန်ဆယ်နိုင်ဖို့ ဒီလမကုန်ခင် အမြဲတမ်းမန်နေဂျာကို ခန့်အပ်နိုင်ဖို့ ကြိုးစားနေပြီဖြစ်ပြီး ကလပ်အသင်းကို ဦးဆောင်မယ်လို့ သတင်းကြီးထားတဲ့ မန်နေဂျာတွေထဲမှာ အာတီတာကို ရွေးချယ်တာဝန်ပေးဖို့ သတင်းကြီးနေပါပြီ။

ဇန်နဝါရီလ ၁ ရက်နေ့ အပြောင်းအရွှေ့ မစတင်ခင် အမြဲတမ်းမန်နေဂျာကို တာဝန်ပေးနိုင်ဖို့ အာဆင်နယ်ဘက်က စတင်လာခဲ့တာဖြစ်ပြီး လက်ရှိ မန်စီးတီးအသင်းမန်နေဂျာဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြနဲ့ အာဆင်နယ်အသင်းသားဟောင်း အာတီတာကိုပဲ အသင်းတာဝန်ရှိသူတွေက အဓိက စကားပြောဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်။

မနေ့က အမ်းမရိတ်မှာ မန်စီးတီးကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့နောက် ရာသီကုန် အဆင့်လေးဝင်ခွင့်အတွက် အာဆင်နယ်ဘက်က ဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့တာဖြစ်တယ်။ ကလပ်အသင်း တာဝန်ရှိသူတွေက အခြားသော လိဂ်တွေကထက်စာရင် ပရီးမီးယားလိဂ်အကြောင်းကို ကောင်းကောင်းသိပြီး ကလပ်အသင်းနဲ့လည်း မစိမ်းတဲ့ ပုဂ္ဂိုလ်တစ်ဦးကိုပဲ မန်နေဂျာအဖြစ် ခန့်လိုနေတယ်လို့ သိရပါတယ်။

အာဆင်နယ်မှာ ငါးနှစ်ကြာ ကစားခဲ့ဖူးတဲ့ အာတီတာဟာ ၂၀၁၈ ကမ္ဘာဖလားအပြီး ကလပ်အသင်းကို တာဝန်ယူဖို့ နီးစပ်ခဲ့သေးပေမယ့် အမ်မရီကို တာဝန်ပေးခဲ့တာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ အမ်းမရိတ်ပွဲအပြီးမှာ အာဆင်နယ် တာဝန်ရှိသူတွေက အာတီတာကို စတင်ကာ ချဉ်းကပ်ခဲ့ကြတာဖြစ်ပါတယ်။ လတ်တလောမှာ အာဆင်နယ်ဘက်က အာတီတာ အပါအဝင် မန်နေဂျာ ၁၀ ဦးကို လျထားပြီး ပက်ထရစ် ဗီအဲရာလည်း ပါဝင်နေပါတယ်။

အာဆင်နယ် မန်နေဂျင်းဒါရိုက်တာ Vinai Venkatesham နဲ့ စာချုပ်ညိနှိုင်းရေးဆိုင်ရာ အကြီးအကဲ Huss Fahmy တို့ဟာ အာတီတာရဲက မန်ချက်စတာက အိမ်မှာပဲ အမြဲတမ်းမန်နေဂျာရာထူးအတွက် နှစ်နှစ်ရီခွဲကြာ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ကြကာ ဆွေးနွေးမှု အဆင်ပြေခဲ့တယ်လို့ ယူဆရတယ်။ အတည်ပြုကိစ္စတွေကို ဒီလမကုန်ခင် လုပ်ဆောင်ပြီး ဇန်နဝါရီဈေးကွက်ထဲပါ ဝင်ရောက်ဖွယ် ရှိပါတယ်။